Print

နှလုံးကျန်းမာရေးကောင်းမွန်စေသော အစားအစာများ

  30-Jun-2020
Preview Image

          နှလုံးက ကိုယ်ခန္ဓာအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေ စိတ်ဖိစီးမှုတွေက နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ အဆီများတဲ့ အစားအစာတွေကြောင့် သွေးတွင်းကိုယ်လက်စထရော ပမာဏ မြင့်တက်လာပြီး နှလုံးရဲ့ ပုံမှန် အလုပ်လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။ဒါ့ကြောင့် နှလုံး ရုတ်တရက် ထိခိုက်ခြင်း(Heart Attack) မဖြစ်ရအောင် ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။


၁)အဆီပါသောငါးများ

          ဆယ်လ်မွန်(Salmon) နဲ့ မက်ကရယ်(Mackerel) လို အဆီပါတဲ့ ငါးတွေက နှလုံးခုန် မမှန်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။


၂) မြင်းစားဂျုံ(oatmeal)

          အမျှင်ဓာတ် ကြွယ်ဝပါတယ်။ မကောင်းတဲ့ အဆီဓာတ်တွေကို လျှော့ချပေးနိုင်ပြီး အစာကြေလွယ်စေပါတယ်။


၃)ဘယ်ရီသီးများ

          ဘလူးဘယ်ရီသီးနဲ့ စတော်ဘယ်ရီးသီးတို့ဟာ သွေးဖိအားကို ကျစေပြီး သွေးကြောတွေကို ကျယ်စေနိုင်ပါတယ်။


၄)ချောကလက်အနက်(ကိုကာ ၆၀% မှ ၇၀% ထိပါဝင်သော)

          ပုံမှန်သွေးပေါင်ချိန်ကိုထိန်းပေးပြီး ရောင်ယမ်းခြင်းနဲ့ သွေးခဲခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။


၅) အခွံမာ စေ့များ

          နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသားဓာတ် အမျှင်ဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်E လည်းပါဝင်တဲ့ အတွက် မကောင်းတဲ့ ကိုယ်လက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။


၆)သံလွင်ဆီ(Extra Virgin Olive Oli)

          တစ်နေ့ နှစ်ဇွန်း သုံးဇွန်း စားပေးရုံနဲက မကောင်းတဲ့ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်တွေကို ကျစေပါတယ်။


၇)ဝိုင်နီ

          သွေးကြောထဲက အဆီတွေကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။ သင့်တော်တဲ့ ပမာဏသာသောက်သုံးသင့်ပြီး အလွန်အကျွံသောက်လျှင် ဆိုးကျိုးပေးနိုင်ပါတယ်။


၈)လက်ဖက်စိမ်း

          တစ်နေ့ကို တစ်ခွက်လောက်သောက်ပေးရုံနဲ့ သွေးကြောထဲမှာ အဆီစုပုံမှုကို တားဆီးပေးနိုင်ပါတယ်။ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို အားကောင်းစေတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းစေရန်လည်း အထောက်အကူပေးပါတယ်။


၉) ပန်းဂေါ်ဖီစိမ်း(Broccoli) နဲ့ ဟင်းနုနွယ်ရွက်(Spinach)

          ဗီတာမင်၊ သတ္ထုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွား ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေပြီး သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်တွေလည်း ကြွယ်ဝပါတယ်။


၁၀) ထောပတ်သီး

          မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး သွေးကြောကျဉ်းမြောင်းမှုကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။


၁၁)သလဲသီး (Pomegranate)

          ဓာတ်တိုးဆန့်ကျင် ပစ ္စည်းများပါဝင်ပြီး သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ သွေးလည်ပတ်မှုကို မှန်ကန်စေပြီး သွေးအားကောင်းစေပါတယ်။


၁၂) သစ်ကြံပိုးခေါက်(Cinnamon)

          နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပြီး ကိုယ်တွင်း ဇီဝဖြစ်စဉ်တွေကို လျှင်မြန်စေတဲ့ အတွက် ကိုယ်အလေးချိန် လျှော့ချပေးနိုင်ပါတယ်။


၁၃)ဖရဲသိး

          သွေးကြောကျဉ်းရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကိုယ်လက်စထရော ပမာဏကို ထိန်းညှိပေးပါတယ်။


၁၄)ကြက်သွန်ဖြူ

          သွေးပေါင်ချိန်ကို ကျဆင်းစေပြီး သွေးကြောကျဉ်းရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။


၁၅)ပန်းသီးနဲ့သစ်တော်သီး

          နှလုံကျန်းမာရေးကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

Dr.Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18