Print

မစားသင့်သောအစာနှင့် စားသင့်သောအစာ

  02-Jun-2020
Preview Image

အဆီများများ ပါဝင်သော အစားအစာများ

          အထူးသဖြင့် အဆီများများဖြင့် ပြုလုပ်ထားသော စားစရာများ၊ ဆီကြော်များ ဥပမာ - အီကြာကွေး၊ အကြော်မျိုးစုံပါဝင်သည်။ ထိုသို့သော အစာများကို ရှောင်စားရမည်။ ဆီကြော်များစားခြင်းသည် ကိုယ်ခန္ဓာကို ပိုမို၍ ဝစေနိုင်သည်။ ဆီကြော် အစားအစာများထဲတွင် ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများပါဝင်ခြင်းက ရှောင်သင့်သည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။


အာလူးချောင်းကြော်

          အာလူးကြော်ထုတ်များတွင် ပါဝင်သောအာလူးများသည် ရေစင်စင်မဆေးခြင်း၊ မသန့်ရှင်းသည့် အာလူးများနှင့် ပြုလုပ်ထားတတ်ခြင်းတို့ကြောင့် နိုက်ထရိုဂျင်ဓာတ်ပါဝင်ခြင်း၊ ထို့အပြင် အပိုပစ္စည်းများထည့်ထားခြင်း၊ ဥပမာ - အချိုမှုန့်၊ ဆားတို့ဖြင့် ချိုအောင်ပြုလုပ်ထားသည့်အတွက် စားရသူများအတွက် ပိုအရသာရှိစေသော်လည်း ကြာကြာစားသုံးလျှင် ရောဂါဖြစ်စေနိုင်သည်။


သကြားလုံး၊ သကြားပြား

          မနက်စာအဖြစ် မစားသင့်သောအစာတစ်ခုမှာ သကြားလုံး၊ တုတ်ထိုးသကြားပြားတို့ဖြစ်သည်။ အချိုဓာတ် များများစားလျှင် အပူဓာတ် ပိုမြင့်မားစေသည့်အပြင် ကြာရှည်မစားရရင် မနေနိုင်အောင် လူကို ဆွဲဆောင်ပါသည်။


ဝက်အူချောင်း

          ဝက်ဆီ၊ ဝက်ခေါက်၊ ဝက်အရေပြားအောက်ရှိ အဆီပါဝင်မှု ၄၀ ရာခိုင်နှုန်းနှင့် ပြုလုပ်ထားခြင်း၊ ကျွနု်ပ်တို့အတွက် မျက်စိအမြင်လှစေရန် လုပ်ဆောင်ထားသော အရောင်ဆိုးထားသည့် ဝက်အူချောင်းများကို ကြာရှည်စွာ မစားသုံးသင့်ပါ။


အဆီလျော့နည်းစေသည့် အစားအစာ

          ယခုအခါ ခန္ဓာကိုယ်ရှိ အဆီပိုများလျော့ကျစေရန် အားကစားနည်းများ ပြုလုပ်ကြသည်။ ထိုသို့ အားကစားနည်းများကစားခြင်းအပြင် ကျန်းမာရေးကို အထောက်အကူပြုပြီး အဆီကျ၍ ခန္ဓာကိုယ်သွယ်လျလှပ ကျစ်လစ်စေသော အစားအစာများကိုလည်း ပြုလုပ်စားပေးသင့်သည်။

          အဆီလျော့နည်းစေသည့် အစားအစာပြုလုပ်နည်းမှာ စတော်ဘယ်ရီ အနည်းငယ်၊ ငှက်ပျောသီးတစ်လုံး၊ ပန်းသီးတစ်လုံး၊ ကီဝီသီးသုံးလုံး၊ စပျစ်သီးအနည်းငယ်၊ ဒိန်ချဉ်တစ်ခွက်၊ ပျားရည်အနည်းငယ်တို့ လိုအပ်သည်။ စတော်ဘယ်ရီ၊ ပန်းသီးတို့ကို သန့်စင်အောင်ဆေးပြီး အတုံလေးများဖြစ်အောင် လှီးလိုက်ပါ။ ငှက်ပျောသီးနှင့် ကီဝီသီးကို ပါးပါးလှီးပါ။ ထို့နောက် ဒိန်ချဉ်တစ်ခွက်ထည့်၍ ရောမွှေပါ။ ၎င်းနောက်မှ ပျားရည်အနည်းငယ်ကို ထပ်ထည့်၍ စားသုံးနိုင်ပါသည်။

          ဤအစားအစာကို စားသုံးခြင်းဖြင့် အစာအိမ်ကို သန့်ရှင်းစင်ကြယ်စေသည်။ အူအတွက် ကောင်းစေရန် ဝမ်းသွားရလွယ်ကူစေမည်။ ဝမ်းချုပ်ခြင်းရောဂါကို ကုသပေးနိုင်သည်။ ပျားရည်နှင့် ဒိန်ချဉ်သည် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။

Credit : အရုဏ်ဦး

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18