Print

ဓမ္မတာလာချိန်တွင် စားသင့်သော အစားအစာ (၆) မျိုးနှင့် မစားသင့်သော အစားအစ...

  21-Mar-2020
Preview Image

 ဓမ္မတာစက်ဝန်းတစ်လျှောက်တွင် အမျိုးသမီးများ၏ အာဟာရလိုအပ်ချက် ပြောင်းလဲတတ်ခြင်းသည် ဟော်မုန်းဓာတ်အတက်အကျတစ်ခုတည်းကြောင့် မဟုတ်ပါ။ သွေးဆင်းချိန်တွင် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်ဆားများနှင့် ဗီတာမင်များပါ ဆုံးရှုံးသွားရခြင်းကြောင့် ဓမ္မတာလာချိန်တွင် အာဟာရမျှတအောင်စားရန် ကျွမ်းကျင်ပညာရှင်တွေက ညွှန်းဆိုကြပါသည်။ အချို့သောစားစရာများသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ဓာတ်ပစ္စည်းများကို ထိန်းညှိပေးရုံသာမက ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော ဓမ္မတာလာချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် လက္ခဏာများကိုပါ လျော့ပါးသက်သာစေပါသည်။

ဓမ္မတာလာချိန်တွင် စားသင့်သော အစားအစာများ

၁။ ပန်းပွင့်စိမ်း

 ဓမ္မတာလာချိန်တွင် သံဓာတ်ကို အများဆုံးဆုံးရှုံးရပြီး ပန်းပွင့်စိမ်းစားခြင်းက သံဓာတ်ဆုံးရှုံးမှုကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့ပြင် ပန်းပွင့်စိမ်းတွင် အမျှင်ဓာတ်၊ မက္ကနီဆီယမ်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အစာကြေရင်ချောင်စေသည့်အပြင် ကြွက်သားများကိုပြေလျော့စေပြီး ကိုက်ခဲမှုဝေဒနာကို သက်သာစေပါသည်။

၂။ ငှက်ပျောသီး

ငှက်ပျောသီးတွင်လည်း ပိုတက်ဆီယမ်ဓာတ်၊ မက္ကနီဆီယမ်ဓာတ်နှင့် အမျှင်ဓာတ်အပြည့် ပါဝင်ခြင်းကြောင့်  ဓမ္မတာလာသည့်ရက်များအတွက် အသင့်တော်ဆုံးသရေစာဖြစ်ပါသည်။ ဝမ်းမှန်မှန်သွားစေသည့်အပြင် အဆာလည်းခံစေပါသည်။

၃။ ချောကလက်ခါး

ချောကလက်ခါးတွင် သံဓာတ်၊ မက္ကနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ဓာတ်များ (antioxidants) နှင့် သွေးလှည့်ပတ်မှုနှင့် သွေးကြောများကိုပြေလျော့စေသော ဖလယ်ဗယ်နောဓာတ်များ (flavanols) ကြွယ်ဝစွာပါဝင်သည့်အပြင် စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါသည်။

၄။ ဆယ်လမွန်ငါး

ဆယ်လမွန်ငါးတွင် ကျန်းမာရေးအတွက် အထူးသင့်လျော်သော အိုမီဂါသရီးအဆီဓာတ် (omega-3 fatty acids) နှင့် အသားဓာတ်ကြွယ်ဝစွာ ပါဝင်သည့်အတွက် ရောင်ရမ်းမှုကို လျော့ကျစေပြီး ကိုက်ခဲခြင်းကို သက်သာစေသည့်အပြင် ဓမ္မတာစက်ဝန်းကို ပုံမှန်ဖြစ်စေပါသည်။

၅။ ဂျင်း

ဂျင်းအနည်းငယ်ကို ရေနွေးကြမ်းထဲတွင် စိမ်သောက်ပါက ဓမ္မတာလာချိန်ကိုက်ခဲမှုများကို သက်သာစေပါသည်။

၆။ လိမ္မော်သီးနှင့် သံပုရာသီး

ဗီတာမင်များများနှင့် သကြားဓာတ်အနည်းငယ်သာပါသော သစ်သီးဝလံများ၊ အထူးသဖြင့် အချဉ်ဓာတ်ပါသော အသီးများတွင် အမျှင်ဓာတ်နှင့် ရေဓာတ်များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေပြီး အစာကြေလွယ်စေပါသည်။ ပျို့အန်ခြင်းကိုလည်း သက်သာစေသည့်အပြင် သွေးဆင်းလည်း နည်းစေပါသည်။

 

ဓမ္မတာလာချိန်တွင် မစားသင့်သော အစားအစာများ

၁။ နို့

နို့တွင် အစာချေရခက်သော လက်တို့စ်ဓာတ်ပါဝင်သည့်အတွက် ရင်ပြည့်ခြင်း၊ ဗိုက်နာခြင်း နှင့် ပျို့အန်ခြင်းများကို ဖြစ်စေနိုင်ပြီး ဓမ္မတာလာချိန်တွင် ခံစားရသော အလားတူပြဿနာများကို ပိုဆိုးစေပါသည်။

၂။ အချိုများနှင့် သရေစာများ

သရေစာများတွင်ပါဝင်သော သကြားများသည် ရင်ပြည့်စေသဖြင့် ဓမ္မတာလာချိန်တွင် မစားသင့်ပါ။

၃။ ကဖင်းဓာတ်

ကဖင်းဓာတ်သည် ဓမ္မတာလာချိန်ကို ပို၍ကြာမြင့်စေတတ်ပြီး ရံဖန်ရံခါတွင် ရာသီထိန်ခြင်းကိုလည်း ဖြစ်စေနိုင်သည့်အပြင် ဓမ္မတာမလာခင်ခံစားရတတ်သော လက္ခဏာများကိုလည်း ပိုဆိုးစေသဖြင့် ဓမ္မတာမလာခင်နှင့် လာပြီးအချိန်များတွင် ကော်ဖီမသောက်သုံးသင့်ပါ။

၄။ အစပ်

ငရုတ်သီးစိမ်းသည် ရောင်ရမ်းမှုကိုကျစေသော်လည်း စပ်သောအစားအစာများသည် ဗိုက်နာတတ်စေသဖြင့် ဓမ္မတာလာချိန်တွင် ရှောင်ရှားသင့်ပါသည်။


Dr. KZT

Ref: Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18