Print

ကိုလက်စထရောကျစေမည့် အစာ (၁၀) မျိုး

  29-Feb-2020
Preview Image

အုတ်ဂျုံ

          အုတ်ဂျုံဟာ အမျှင်ဓာတ်အကြွယ်ဝဆုံးအာဟာရတစ်ခုဖြစ်ပြီး သွေးတွင်းမကောင်းတဲ့အဆီဓာတ်တွေ လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။


အစေ့အဆန်များ

          ကောင်းတဲ့အဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက ကိုလက်စထရောတွေ လျော့နည်းစေပါလိမ့်မယ်။


ပင်လယ်ငါး

          အိုမီဂါသရီးဖက်တီးအက်ဆစ်တွေကြွယ်ဝတဲ့ တူနာငါး၊ ဆယ်လ်မွန်ငါးတွေဟာ ကိုလက်စထရောလျှော့ချဖို့ ကူညီထောက်ပံ့ပေးနိုင်တယ်လေ။


Flax Seed

          Omega 3 အရင်းအမြစ်ပါဝင်တဲ့ အစေ့အဆန်ဖြစ်တဲ့ Flax Seed ကိုလည်း စားသုံးပေးခြင်းက ကိုလက်စထရောလျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။


 ပဲ

          ပဲကတ္တီပါပဲတို့လို ပဲအမျိုးမျိုးဟာလည်း ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။


ထောပတ်သီး

          ထောပတ်သီးဟာ ကောင်းတဲ့အဆီကို တိုးမြင့်စေပြီး မကောင်းတဲ့အဆီကို လျော့နည်းစေပါတယ်။


ကြက်သွန်ဖြူ

          ကြက်သွန်ဖြူဟာ ကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့အပြင် သွေးအတွင်းမှာ သွေးခဲဖြစ်ပေါ်မှု၊ ပိတ်ဆို့မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


သံလွင်ဆီ

          သံလွင်ဆီဟာ သွေးတွင်း ကိုလက်စထရောကို လျှော့ချပေးနိုင်တဲ့ ကောင်းတဲ့အဆီဖြစ်လို့ စားသုံးပေးသင့်ပါတယ်။


ချောကလက်

ချောကလက်အမည်းရောင်ဟာ ဓာတ်တိုးဆန့်ကျင်သတ္တိပြည့်ဝစွာ ပါဝင်ပြီး သွေးတွင်းကောင်းတဲ့အဆီကို တည်ဆောက်ပေးနိုင်ပါတယ်။


Black Tea

          Black Tea ဟာ သွေးတွင်းမကောင်းတဲ့ အဆီဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။

Credit : Ziwaka

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18