Print

ဗာဒံစေ့ဆီနှင့် အလှအပ ကောင်းကျိုး

  02-Feb-2020
Preview Image

          အလှအပကမ္ဘာမှာတော့ ဗာဒံစေ့ဆီက အရမ်းကို အသုံးဝင်တဲ့ သဘာဝအဆီတစ်မျိုးပါပဲ။ သူ့မှာ ဗီတာမင် အီးနဲ့ တခြားအပင်ဓာတုပစ္စည်းတွေကို ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။

          ဗာဒီစေ့ဆီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လည်းပါဝင်တာကြောင့် အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် များစွာအကျိုးရှိပါတယ်။ ဒီဗာဒံစေ့ဆီရဲ့ ဆံပင်၊ အရေပြားနဲ့ လက်သည်းခြေသည်းအလှအပအတွက် ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးတယ်။

          ဗာဒံစေ့ဆီဟာ ညစ်နွမ်းနွမ်းအရေပြားကို ပြုပြင်ပေးနိုင်ပြီး နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အီး မြင့်မားစွာပါဝင်တဲ့ ဗာဒီစေ့ဆီဟာ ဖရီးရက်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်ပြီး မျက်နှာအသားအရေပျက်စီးတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


သက်ကြီးအရေးအကြောင်းနဲ့ ပါးရေတွန့်တာကို လျော့ပါးစေတယ်။

          ဗီတာမင်အီးလို အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ဗာဒီစေ့ဆီဟာ ဆဲလ်အသစ်တွေကို မွေးဖွားပေးနိုင်ပြီး အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် လျော့ကျနေတဲ့အရေပြားကို သက်ကြီးအရေးကြောင်းတွေ၊ ပါးရေတွန့်တာ၊ ကျီးခြေရာတွေနဲ့ သက်ကြီးအစက်အပြောက်တွေကိုပါ ပါးလျစေပါတယ်တဲ့။ သူ့မှာ ပရိုတင်းတွေ များစွာပါဝင်တာကြောင့်လည်း အရေပြားကို တင်းရင်းအေင် တည်ဆောက်ပေးနိုင်ပါတယ်။


ဆံသားတွေကို ကျန်းမာသန်စွမ်းစေတယ်။

          ဆံပင်ကျွတ်တာ၊ ဆံပင်ပါးလျတာ၊ ဆံပင်ဖြူလာတာ၊ ဆံသားပျက်စီးတာနဲ့ ဦးရေပြားယားယံတာလိုမျိုး ဆံသားပြဿနာတွေအတွက်တော့ ဗာဒံစေ့ဆီက အကောင်းဆုံးဖြေရှင်းပေးနိုင်တယ်။ ဆံသားရဲ့ မိတ်ဆွေဖြစ်တဲ့ ဗီတာမင် အီး အာဟာရဓာတ်၊ ဘိုင်အိုတင်၊ မဂ္ဂနိစ်၊ ကော့ပါးနဲ့ မရှိမဖြစ် ဖက်တီးအက်စစ်တွေ ပေါကြွယ်ဝတဲ့ ဗာဒီစေ့ဆီက ကျန်းမာသန်စွမ်းတဲ့ဆံသားကို ပိုင်ဆိုင်အောင်ကူညီနိုင်ပါလိမ့်မယ်။


မျက်ကွင်းညိုတာကို လျော့ပါးစေတယ်။

          ဗာဒီစေ့ဆီက မျက်ကွင်းညိုတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္ထုဓာတ်ကြွယ်ဝတဲ့ ဗာဒံစေ့ဆီက အသားအရေကို ပြန်လည်နုပျိုစေပြီး မျက်ဝန်းတစ်ဝိုက် ညိုမည်းနေတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။


နှုတ်ခမ်းသားမည်းမည်းတွေကို လင်းလက်စေတယ်။

          ဗာဒံစေ့ဆီကို နှုတ်ခမ်းသားလေးတွေလင်းလက်စေဖို့ ကူညီပေးနိုင်ပါတယ်။ သူ့မှာ မရှိမဖြစ်အာဟာရဓာတ်တွေများစွာပါဝင်တာကြောင့် သင့်နှုတ်ခမ်းသားကို အာဟာရဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပေးနိုင်ပြီး နူးညံ့စေနိုင်ပါတယ်။


လျော့ရဲနေတဲ့ အသားအရေကို တင်းရင်းစေတယ်။

          ဗာဒံစေ့ဆီက အသားအရေကို တင်းရင်းလှပအောင်လည်း ကူညီနိုင်ပါတယ်။ သူ့မှာ သက်ကြီးအရေးကြောင်းဖြစ်စဉ်ကို လှုံ့ဆော်တဲ့ ဖရီးရက်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များစွာပါဝင်ပါတယ်။


အားနည်းနေတဲ့လက်သည်းတွေကို ခိုင်မာစေတယ်။

          ဗာဒံစေ့ဆီကို လက်သည်းခြေသည်း ကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သူ့မှာ ဗီတာမင်အီးနဲ့ အင်တီအောက်ဆီးဒင့်များစွာ ကြွယ်ဝတာကြောင့်ပါ။


ဗိုက်ကြောပြတ်ရာ မဖြစ်အောင် ကာကွယ်ပေးတယ်။

          ဗာဒံစေ့ဆီက ဗိုက်ကြောပြတ်ရာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဗိုက်ကြောပြတ်ရာဖြစ်နေရင်လည်း ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ သူ့မှာ အင်တီအောက်ဆီးဒင့်ပေါကြွယ်ဝတာကြောင့် အရေပြားကော်လာဂျင်တွေကို ဖရီးရက်ဒီကယ်တွေရဲ့ ဖျက်ဆီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ဆွဲဆန့်နိုင်စွမ်းကောင်းမွန်စေတာကြောင့် အကြောပြတ်ရာတွေ လျော့ပါးစေနိုင်ပါတယ်။


ထူထဲနက်မှောင်တဲ့ မျက်ခုံးလေးတွေ ပိုင်ဆိုင်စေတယ်။

          မျက်ခုံးလေးတွေ ပါးနေလို့ စိတ်ညစ်နေပါသလား။ ဗာဒံစေ့ဆီက သင့်မျက်ခုံးလေးတွေကို ထူထဲနက်မှောင်လာအောင် ကူညီပေးနိုင်ပါတယ်။ သူ့မှာ ဗီတာမင်အီးလို ပရိုတင်းနဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့်ပါ။


ဗောက်တွေ လျော့ပါးစေတယ်။

          ဗာဒံစေ့ဆီက ဗောက်ထတာကို ပျောက်ကင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားကို အာဟာရဓာတ်နဲ့ အစိုဓာတ်တွေ ပေးစွမ်းနိုင်ပြီး ဦးရေပြားယားယံတာကိုလည်း သက်သာစေပါတယ်။


Credit : ဆူးမြာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18