Print

ကျန်းမာလှပစေမယ့် ပင်ပွားစေ့လေးများ

  03-Feb-2020
Preview Image

          ပင်ပွားစေ့လေးတွေက လူသားတွေရဲ့ ကျန်းမာရေးနဲ့ အလှအပရေးရာမှာ ဘယ်လောက်တောင် အကျိုးကျေးဇူးများလဲ၊ ဆေးဖက်ဝင်တဲ့ ဒီပင်ပွားစေ့တွေကို အလှအပနဲ့ ကျန်းမာရေးအတွက် အကျိုးရှိအောင် ဘယ်လိုအသုံးပြုကြမလဲ အစရှိတဲ့ လူတွေသိပ်မသိကြသေးတဲ့ လျှို့ဝှက်ချက်လေးတွေကို ဒီကဏ္ဍလေးမှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အရေပြားကျန်းမာစေခြင်း

          ပင်ပွားစေ့လေးတွေမှာ အရေပြားမှိုစွဲတာနဲ့ ဘက်တီးရီးယားကူးစက်မှုတွေကို ဟန့်တားပေးနိုင်စွမ်းရှိတဲ့အစွမ်းသတ္တိရှိတာကြောင့် အရေပြားကျန်းမာရေးကောင်းမွန်စေပါတယ်။ ပင်ပွားစေ့တွေကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းက မလိုလားအပ်တဲ့အဆီ၊ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို သဘာဝအတိုင်း သန့်စင်ဖယ်ရှားပေးတာကြောင့် အသားအရေကို ပိုပြီးကြည်လင်ဝင်းမွတ်လာစေပါတယ်။


ဆံပင်ကို လှပသန်စွမ်းစေခြင်း

          ပင်ပွားစေ့တွေမှာ ဗီတာမင်ကေ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါရှိတာကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ ပင်ပွားစေ့က ဆံပင်ကျွတ်တာတွေကိုလည်း ထိရောက်စွာသက်သာစေတဲ့အပြင် နေ့စဉ်လိုအပ်တဲ့အာဟာရတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။


ကိုယ်အလေးချိန်ကျစေခြင်း

          အဝလွန်တဲ့ကိစ္စက ဆာလောင်မှုတွေကြောင့် အဓိကဖြစ်လာရတာဖြစ်ပြီး ဆာလို့ စားလေ၊ ပိုပြီးဝလေပါပဲ။ အစာမျှင် (dietary fiber) တွေမြင့်မားစွာပါရှိတဲ့ ပင်ပွားစေ့တွေကိုစားပေးခြင်းအားဖြင့် အစာအိမ်ထဲမှာ အချိန်အကြာကြီး ဗိုက်ပြည့်နေသလို ခံစားရစေတာကြောင့် ဆာလောင်စိတ်ဖြစ်ခြင်းကို လျှော့ချပေးပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်မှာ စုဝေးနေတဲ့ အဆီပိုတွေကိုလည်း ပိုပြီးလောင်ကျွမ်းစေပါတယ်။


အအေးမိချောင်းဆိုးခြင်းကို သက်သာစေခြင်း

          နာကျင်ကိုက်ခဲနေတဲ့ ကြွက်သားတွေကို သက်သာပြေလျော့စေတဲ့ antispasmodic properties တွေလည်း ပင်ပွားစေ့မှာပါရှိပါတယ်။ ပင်ပွားစေ့တွေမှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်းတွေလည်းပါတဲ့အတွက် လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေပါတယ်။


ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း

          ရေစိမ်ထားတဲ့ ပွနေတဲ့ပင်ပွားစေ့တွေက အူမလှုပ်ရှားမှုကို ကူညီပေးပါတယ်။ ရေစိမ်ထားလို့ ဖြစ်လာတဲ့ဂျယ်လီလို အဖြူသားလေးက ဝမ်းပျော့စေတဲ့ Laxative လိုမျိုးလုပ်ဆောင်ပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဝမ်းပုံမှန်သွားစေဖို့ ကူညီပေးပါတယ်။


စိတ်ဖိစီးမှုများနှင့် စိတ်ပင်ပန်းမှုများကို ပြေလျော့စေခြင်း

          ပင်ပွားစေ့တွေက စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေကာ စိတ်ကျဝေဒနာခံစာရခြင်းကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်အောင်မြှင့်တင်ပေးနိုင်တာကြောင့် နေ့စဉ်စားသောက်မှုထဲမှာ ပင်ပွားစေ့တွေကို ထည့်ပြီး စားသုံးပေးသင့်ပါတယ်။

Credit : သံသာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18