Print

ရုံးပတီသီး အစွမ်းအံ့မခန်း

  07-Jan-2020
Preview Image

          ရုံးပတီသီးသည် အေးသော ဂုဏ်သတ္တိရှိ၏။ အရသာမှာ သာမန်ဖြစ်၏။ မြန်မာနိုင်ငံတွင် ရုံးပတီသီးကို အလွယ်တကူဝယ်ယူရရှိနိုင်၍ လူစားများသော ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်၏။


စားသုံးသင့်သူ

          ရုံးပတီသီးကို သာမန်လူတိုင်း စားသုံးသင့်ပါသည်။ အထူးသဖြင့် အစာအိမ်ရောင်သူ၊ ကင်ဆာရောဂါရှိသူ၊ သွေးအားနည်းသူ၊ အစာမကြေဖြစ်တတ်သူ၊ အားကစားသမားများ၊ လူငယ်များ စားပေးသင့်ပါသည်။


မစားသုံးသင့်သူ

          ရုံးပတီသီးကို အူမကြီးအားနည်းသူ၊ မကြာခဏဝမ်းပျက်တတ်သူများ မစားသုံးသင့်ပါ။


ပါဝင်သော ဓာတ်များ

          ရုံးပတီသီးထဲတွင် ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ပရိုတင်းဓာတ်၊ ဆယ်လူလို့စ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ မဂ္ဂနိစ်ဓာတ် (Manganese)၊ ကယ်လ်ဆီယမ်ဓာတ် (Calcium)၊ သံဓာတ်၊ ဇင့်ဓာတ် (Zinc)၊ ကြေးဓာတ် (Copper)၊ ပိုတက်ဆီယမ်ဓာတ် (Potassium)၊ မီးစုန်းဓာတ် (Phosphorus)၊ ဆိုဒီယမ်ဓာတ် (Sodium)၊ ကန့်ညို(ဆီလီနီယမ်) ဓာတ်တို့ ပါဝင်သည်။


ကောင်းကျိုး

          ရုံးပတီသီးသည် ကျောက်ကပ်ကို အားဖြည့်ပေးနိုင်သည်။ အမျိုးသားတို့၏ ရောဂါများကို ကောင်းမွန်အောင် ကုသပေးနိုင်သည်။ ရုံးပတီသီးထဲတွင် အာဟာရဓာတ်ကောင်းများ ပြည့်ဝစွာ ပါဝင်သောကြောင့် ကျန်းမာရေးကို ကောင်းစေနိုင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။

          ရုံးပတီသီးသည် အသည်း၊ ကျောက်ကပ်တို့ကို ကောင်းမွန်စေနိုင်၍ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်သည်။

          ရုံးပတီသီးစားခြင်းဖြင့် ကိုယ်ခံအားကို တိုးပွားစေနိုင်သည်။ ကိုယ်တွင်းရှိအဆစ်၊ အမြှေးပါးများကို ကောင်းမွန်စေနိုင်သည်။

          ရုံးပတီသီးထဲတွင် ရေဓာတ်မြင့်မားစွာ ပါဝင်သည်။ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်တွင်းသို့ ကယ်လ်ဆီယမ်ဓာတ်ကို ဖြည့်ပေးနိုင်သည်။

          ရုံးပတီသီးထဲတွင် ကယ်လ်ဆီယမ်ဓာတ်နှင့် မီးစုန်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်သောကြောင့် အဆီကို ချပေးနိုင်သည်။ ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်စုပ်ယူမှုကို လျှော့ချပေးနိုင်သည်။ သွေးတွင်းရှိ သကြားဓာတ်ကို ကျစေနိုင်သည်။ ခန္ဓာကိုယ်က ကိုလက်စထရောစုပ်ယူမှုကို ထိန်းချုပ်ပေးနိုင်သည်။

          ရုံးပတီသီးကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ အစာမကြေခြင်းကို ပြုပြင်နိုင်သည်။ အစာမကြေခြင်းကို ပြုပြင်နိုင်သည်။ အူရောင်ခြင်းကို ကုသပေးနိုင်သည်။ အစာအိမ်ကို ကောင်းကျိုးများ ပေးနိုင်သည်။

          ရုံးပတီသီးထဲတွင် သံဓာတ်ပါဝင်သောကြောင့် သွေးအားနည်းခြင်းရောဂါကို မဖြစ်စေရန် ကြိုတင်ကာကွယ်ပေးနိုင်သည်။

          ရုံးပတီသီးထဲတွင် ဗီတာမင်စီနှင့် ဆယ်လူလို့စ်ဓာတ်ပါသောကြောင့် အရေပြားကို ကျန်းမာစေမည်။ အသားအရေကို နူးညံ့လှပစေနိုင်သည်။ ဒဏ်ရာများကို သက်သာစေနိုင်သည်။

          ရုံးပတီသီးထဲတွင် ကန့်ညို(ဆီလီနီယမ်) ဓာတ်ပါသောကြောင့် ကင်ဆာရောဂါကို မဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်သည်။ အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးနိုင်သည်။


တွဲဖက်စားသုံးရန်

          ရုံးပတီသီးနှင့် ဝက်သား၊ ပုစွန်၊ ကြက်ဥ၊ ရေဘဝဲတို့ တွဲ၍ စားသုံးသင့်ပါသည်။


တွဲဖက်မစားရန်

          ရုံးပတီသီးနှင့် ဘဲသား၊ ခရု၊ ဂုံးကောင်၊ ကြက်ဟင်းခါးသီး၊ မှို၊ ကျောက်ဖရုံသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြာစေ့၊ သစ်တော်သီး၊ စတော်ဘယ်ရီ၊ ပျားရည်၊ လက်ဖက်စိမ်း၊ ကျွဲကောသီး၊ ငှက်ပျောသီး၊ ကြံ၊ ဖရဲသီး၊ ပန်းသီး၊ ငါးတို့ တွဲမစားသင့်ပါ။

Credit : ယမုံအေး(စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18