Print

အရောင်များ၊ သစ်သီးဝလံများနဲ့ အာဟာရဓာတ်များ

  23-Aug-2019
Preview Image

          ကျွန်ုပ်တို့နေထိုင်ရာပတ်ဝန်းကျင်မှာ ကျွန်ုပ်တို့ စားသုံးနိုင်တဲ့ သစ်သီးဝလံများ အများအပြားရှိတဲ့ သစ်သီးဝလံများဟာ အရောင်အသွေးစုံလင်လှသလို အာဟာရဓာတ်တွေ ပါဝင်မှုကလည်း ကွာခြားနိုင်ပါတယ်။ ဒါတွေဟာ သဘာဝတရားကြီးကပေးတဲ့ လက်ဆောင်တွေပါပဲ။ သစ်သီးဝလံတွေထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။


အပြာရောင်၊ ခရမ်းရောင်ရှိသော သစ်သီးဝလံများ၏ အာဟာရဓာတ်များ

          အပြာရောင်နဲ့ ခရမ်းရောင်ရှိသော သစ်သီးဝလံများမှာ Phytochemicals ပမာဏတွေ အများအပြားပါဝင်နေပါတယ်။ ဘယ်လို Phytochemicals တွေ ပါဝင်သလဲဆိုတော့ ဥပမာ - Antocyanins, Phenolic, Compounds စတဲ့ အရာတွေပါဝင်ပါတယ်။ အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ့ သစ်သီးဝလံများကတော့ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဆီးသီးအမျိုးမျိုး၊ ခရမ်းရောင် သဖန်းသီး၊ ခရမ်းရောင်စပျစ်သီး စသည်တို့ ဖြစ်ကြပါတယ်။

 

အစိမ်းရောင်ရှိသော သစ်သီးဝလံများရဲ့ အာဟာရဓာတ်များ

          အစိမ်းရောင်ရှိသော သစ်သီးဝလံများမှာ အစွမ်းထက်တဲ့ Phytochemicals အစုအဝေးတွေ ပေါများစွာ ပါဝင်နေပါတယ်။ ဥပမာ - Lutein, Indoles စတဲ့ Phytochemicals အစုအဝေးတွေပါဝင်နေပါတယ်။ အစိမ်းရောင်ရှိသော သစ်သီးဝလံများအနေဖြင့် ထောပတ်သီး၊ အစိမ်းရောင်ရှိသော ပန်းသီး၊ အစိမ်းရောင်ရှိသော စပျစ်သီး၊ အစိမ်းရောင်ရှိသော သစ်တော်သီး၊ ကီဝီသီး၊ သံပရာသီး စသည်တို့ဖြစ်ပါသည်။

 

လိမ္မော်ရောင် အဝါရောင်ရှိသော သစ်သီးဝလံများမှာတော့ Antioxidants တွေ အများအပြား ပါဝင်နေပါတယ်။ ပါဝင်တဲ့ Antioxidants တွေကတော့ ဥပမာ- ဗီတာမင်စီ၊ ကယ်ရိုတင်းနွိုက်၊ ဘိုင်အိုဖလေနွိုက်စတဲ့ Antioxidants တွေ ပါဝင်ပါတယ်။ သစ်သီးဝလံများအနေဖြင့် သရက်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ အဝါရောင် ဖရဲသီး၊ တရုတ်ဆီးသီး၊ လိမ္မော်သီးအသေးစား စသည်တို့ဖြစ်ပါတယ်။

 

အနီရောင်၊ ပန်းရောင်ရှိသော သစ်သီးဝလံများရဲ့ အာဟာရဓာတ်များ

          Phytochemicals တွေဟာ အနီရောင်ရှိတဲ့ သစ်သီးဝလံတွေထဲမှာ အများကြီးပါဝင်နေပါတယ်။ ဘယ်လို Phytochemicals လဲဆိုတော့ Lycopene, Anthocyanines စတဲ့အရာတွေ ပါဝင်ပါတယ်။ ဘယ်လိုသစ်သီးဝလံတွေထဲမှာ ပါဝင်သလဲဆိုတော့ အနီရောင်ပန်းသီး၊ အနီရောင်ဘယ်ရီသီးများ၊ အနီရောင်စပျစ်သီး၊ ခရမ်းချဉ်သီး၊ အနီရောင် ဖရဲသီးတို့မှာ ပါဝင်ပါတယ်။

 

သစ်သီးဝလံများနဲ့ အမျှင်ဓာတ်

          အထက်ပါ အာဟာရဓာတ်တွေဟာ လူတွေအတွက် အသီးတွေမှာ ပါဝင်တဲ့ အခြေခံကျသော တချို့အကြောင်းအရာများပဲ ဖြစ်ပါတယ်။ နောက်ပြီး သစ်သီးဝလံများဟာ အမျှင်ဓာတ်တွေ ပြည့်ဝစွာပါဝင်နေပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ဓာတ်စာအမျှင်ဓာတ်အဖြစ် သစ်သီးဝလံတွေကို စားသုံးနိုင်ပြီး သစ်သီးဝလံအများစုဟာ ကယ်လိုရီအဆီဓာတ်တွေကို လျော့နည်းစေပါတယ်။ ထောပတ်သီးမှာ အဆီဓာတ် အများအပြားပါဝင်ပေမဲ့လည်း အဲဒီအဆီဓာတ်ဟာ ကျန်းမာစေတဲ့ အချက်အလက်တွေကို ယူဆောင်ပေးနိုင်ပါတယ်။

 

သစ်သီးဝလံအမျိုးအစားများ

          ယေဘုယျအားဖြင့် သစ်သီးဝလံတွေကို အမျိုးအစားငါးမျိုး ခွဲခြားနိုင်ပါတယ်။ Pomes, Drupes, Berries, Cirtrus, Melons ဆိုပြီး ခွဲခြားနိုင်ပါတယ်။

 

Pomes

          ပန်းသီးနဲ့ သစ်တော်သီးတွေဟာ ဒီအုပ်စုထဲမှာ မပါဝင်ပေမယ့်လည်း အမျှင်ဓာတ်တွေ အများအပြားပါဝင်နေပါတယ်။

 

Drupes

          ဒီအုပ်စုထဲမှာ တရုတ်ဆီးသီး၊ မက်မွန်သီး၊ ဆီးသီး၊ ချယ်ရီသီးတို့ ပါဝင်ပါသည်။ ဒီသစ်သီးဝလံတွေဟာ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ ကောင်းမွန်စွာပါဝင်ပါတယ်။

 

Berries

          ဒီအုပ်စုကတော့ ဘယ်ရီသီး အနွယ်ဝင်တွေ ဖြစ်ပါတယ်။ စွံပလွန်သီး၊ စပျစ်သီးများ၊ စတော်ဘယ်ရီသီးများ ဘယ်ရီသီး အနွယ်ဝင်များ၊ ခရမ်းသီး၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီးနဲ့ တခြားသစ်သီးဝလံများ စသည်တို့ဖြစ်ပါတယ်။ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးတွေဟာ ဟင်းသီးဟင်းရွက် အနွယ်ဝင်တွေဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ ပါဝင်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ Antioxidants နဲ့ အမျှင်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။

 

Citrus

          လိမ္မော်သီး၊ လိမ္မော်သီး အသေးစား၊ ဂရိတ်ဖရုံသီး၊ သံပရာသီး၊ သံပရိုသီးတွေဟာ ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီသစ်သီးတွေမှာ ဗီတာမင်စီနဲ့ ဖလေဗိုနွိုက်တွေ မြင့်မားစွာပါဝင်နေပါတယ်။ ဂရိတ်ဖရုသီးနဲ့ လိမ္မော်သီးမှာ အမျှင်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

 

Melons

          ဖရဲသီးအနွယ်ဝင်တွေဟာ ဒီအုပ်စုထဲမှာ ဗီတာမင်စီနဲ့ ရေဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ အဝါရောင်ဖရဲသီးမှာ ဘီတာကယ်ရိုတင်း ပေါများစွာပါဝင်နေပြီး အနီရောင်ဖရဲသီးမှာတော့ Lycopene တွေ ပိုမိုပါဝင်ပါတယ်။

 

ကျန်းမာရေးအတွက် သစ်သီးများရဲ့ ကဏ္ဍ

          သစ်သီးဝလံများမှာ အာဟာရဓာတ်တွေ အများအပြား ပါဝင်နေတဲ့အတွက်ကြောင့် ကျန်းမာစေတဲ့ စားသောက်မှုပုံစံမှာ တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကလည်း ဒီအတိုင်းပါပဲ။ သစ်သီးဝလံများမှာ ဗီတာမင်၊ သတ္တုဓာတ်၊ Antioxidants ၊ အမျှင်နဲ့ရေဓာတ်ပေါများစွာပါဝင်နေပါတယ်။ သစ်သီးဝလံတွေထဲမှာလည်း Super Food တွေလည်း အများကြီးရှိပါတယ်။ အဲဒီ Super Food တွေကလည်း ဘယ်ရီသီးအနွယ်ဝင်များ၊ ဖရဲသီးအနွယ်ဝင်များ၊ အရည်ရွှမ်းတဲ့ သစ်သီးများ၊ အုန်းသီး၊ သရက်သီး၊ သင်္ဘောသီးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ Super Food တွေ များပြားတဲ့ အာဟာရတွေ ပါဝင်ပါတယ်။ သစ်သီးဝလံတွေဟာ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ဒီနေ့ပဲ ကျွန်ုပ်တို့ရဲ့ စားသောက်မှုပုံစံထဲကို သစ်သီးဝလံတွေကို ဖြည့်သွင်းစားသုံးသင့်ပါတယ်။

 

Credit: မေပျိုပျို



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18