Print

Omega ကပြောတဲ့ ကျန်းမာရေးအကြောင်း

  18-Aug-2019
Preview Image

          Fatty acids လို့ လူသိများတဲ့ Omega 3,6 နှင့် 9 တို့ဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။ ဦးရေ၊ ဆံသားနဲ့ အသားအရေအတွက် သဘာဝကပေးအပ်တဲ့ အကောင်းမွန်ဆုံး လက်ဆောင်ဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်၊ မျိုးပွားခြင်းဆိုင်ရာ၊ သွေးလည်ပတ်မှု၊ အသက်ရှူအင်္ဂါအဖွဲ့အစည်း စတဲ့ ဇီဝကမ္မ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပါတယ်။


၁။ Omega 3 Fatty acids ရဲ့ အကျိုးကျေးဇူးများ

          Omega 3 Fatty acids မှာ Polyunsaturated fatty acid, DHA လို့ လူသိများတဲ့ Docosahexaenoic acid တို့အပြင် EPA လို့ခေါ်တဲ့ Eicosapentaenoic acid တို့ကို Fatty fish အနွယ်ဝင်ဖြစ်တဲ့ Anchovies, Herring, Salmon နှင့် Mackerel တို့မှာ တွေ့နိုင်သလို စပါး၊ ပြောင်း၊ ဂျုံ စသော အစေ့အဆံများတွင်လည်း တွေ့နိုင်ပါတယ်။

          ၁၉၇၆ မှာ H.O Baing and J.Dyerberg လို့ အမည်ရတဲ့ ဒိန်းမတ်လူမျိုး သိပ္ပံပညာရှင်ဟာ ငါးတွေကိုသာ အဓိကထား စားသုံးတဲ့ အက်စကီမိုးလူမျိုးတို့ရဲ့ ငါးစားသုံးမှုပမာဏကို တိုင်းတာလေ့လာခဲ့ပါတယ်။ Omega 3 Fatty acids က သွေးအတွင်းရှိ Triglyceride ပမာဏကို လျှော့ချပေးပြီး သွေးလွှတ်ကြောနံရံများကို ထိန်းသိမ်းပြုပြင်ပေးပါတယ်။

          ပန်းနာရင်ကြပ်၊ ဆီးချို၊ အဆစ်ရောင်ရောဂါ၊ သတိမေ့ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ကြွက်သားများ ကြံ့ခိုင်မှု ယိုယွင်းလာခြင်း၊ အစာခြေဖျက်ရာတွင် ခက်ခဲခြင်းများ၊ ကိုလက်စထရော မြင့်မားခြင်း၊ သွေးတိုး၊ ကင်ဆာရောဂါများ၊ စိတ်ကျရောဂါ အစရှိသည့် ရောဂါလက္ခဏာများကို ကာကွယ်ပေးနိုင်ပါတယ်။

 

၂။ Omega 6 Fatty acids ရဲ့ အကျိုးကျေးဇူးများ

          Fatty acids အုပ်စုဝင် နောက်တစ်မျိုးဖြစ်ပါတယ်။ Linoleic acid ဓာတ် ပါဝင်တဲ့ Omega 6 ဟာ ဟင်းသီးဟင်းရွက်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ သက်သက်လွတ် ဟင်းချက်ဆီတွေနဲ့ အစေ့အဆံတွေမှာ အများဆုံးပါဝင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးပါတယ်။

 

၃။ Omega 9 Fatty acids ရဲ့ အကျိုးကျေးဇူးများ

          Omega 9 Fatty acids ကို သံလွင်ဆီနဲ့ သက်သက်လွတ် ဟင်းသီးဟင်းရွက်မှ ရရှိတဲ့ ဆီတွေမှာ ရရှိနိုင်ပါတယ်။ Omega 9 မှာ အခြား Omega 3 နဲ့ 6 တို့ထက် သာလွန်တဲ့အချက်ကတော့ သဘာဝအတိုင်း ခန္ဓာကိုယ်မှ ထုတ်ပေးနိုင်ခြင်းပါ။ Omega 9 ဟာ Cholesterol ပမာဏကို လျှော့ချပေးနိုင်ပြီး ရောဂါဘယကင်းဝေးအောင် ကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ သတ္တိရှိပါတယ်။

          ၂၀၀၂ ခုနှစ်က American Heart Association (AHA) ရဲ့ လေ့လာချက်အရ အဆုတ်ရောဂါ၊ တီဘီ၊ ချောင်းဆိုးသွေးပါရောဂါနှင့် နှလုံးသွေးပြန်ကြောရောဂါတို့ကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

 

Credit: စွမ်းစွမ်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18