Print

အစာအဆိပ်သင့်ခြင်းနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု အပိုင်း (၂...

  13-Apr-2019
Preview Image

အစားအသောက်ချက်ပြုတ်ကိုင်တွယ်မယ့်သူတွေ တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးတဲ့အပိုင်းဟာ ထိရောက်မှု ရှိမှန်းသိလာပြီးတဲ့နောက် ပြည်သူလူထု စိတ်ပါဝင်စားလာအောင် ဆွဲဆောင်စည်းရုံးတာ ၊ပုံမှန် စစ်ဆေးတာ ၊ ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်သင့်ပါတယ်။ မက်လုံးပေးထားကာ ဆုပေး၊ဒဏ်ပေး ကျင့်သုံးတာမျိုး ဆောင်ရွက်သင့်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက အစာကတစ်ဆင့် ကူးစက်နိုင်တဲ့ ပိုးမွှားတွေက လူတို့အပေါ် ဖြန့်ကြက်ဝင်ရောက်နိုင်တဲ့အတွက် အမေရိကမှာ အစားအစာ လုံခြုံစိတ်ချမှု သင်တန်းကျောင်းတွေက အစားအသောက်စီမံသူ အကျိုးဆောင်ဝန်ထမ်းတွေ စိတ်ချလုံခြုံရေးဟာ အရေးကြီးလှတယ်လို့ဆိုတယ်။ အစားအစာကိုင်တွယ်တာ ၊ ပြန်နွှေးတာ ၊ ထားသိုတာ ၊ ပြင်ဆင်တာ ၊ သားခုတ်တဲ့အပိုင်းတွေမှာ အားလုံးသန့်ရှင်းစင်ကြယ်ဖို့လိုပါတယ်။

အစားအသောက်နဲ့ ဆေးဝါးအဖွဲ့ (FDA) က ၂၀၀၉ ခုနှစ် အစားအစာ ဥပဒေ ထုတ်ပြန်ခဲ့ရာ အစားအစာကိုင်တွယ်အသုံးပြုတဲ့ လက်တွေသန့်ရှင်းစင်ကြယ်စေဖို့ ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာဆေးရမယ်။ အိမ်သာတက်ပြီးတိုင်း ၊ အစာမစားမီ ၊ အစာမကိုင်မီ လက်ကိုစင်ကြယ်အောင်ဆေးဖို့ ၊ လက်အိတ်ဝတ်ပြီး ကိုင်တွယ်ဖို့ အလေ့အကျင့် (Second Nature) ဖြစ်သွားအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

အစားအသောက်ထည့်မယ့် အသုံးအဆောင်ပစ္စည်း သန့်ရှင်းစင်ကြယ်ရေး အစာသန့်ရှင်းရေးအတွက် ဈေးကဝယ်လာပြီး ဟင်းသီးဟင်းရွက် ၊ အသား စတာတွေကို ၁၅ မိနစ်ခန့် ဆားရေမှာစိမ်ပြီး ရေနဲ့စင်စင်ဆေးကြောရပါမယ်။ ဒါမှ ဓာတုဆိုးဆေး၊ ဓာတ်မြေသြဇာ ၊ ဓာတုပိုးသတ်ဆေးရန်က ကင်းဝေးမယ်။ အိုးခွက် ရေခဲသေတ္တာတို့မှာ ပိုးမွှားကင်း စင်အောင် လုပ်ထားဖို့လိုတယ်။ ချက်ပြုတ်ပြီးရင် သီးသန့်ထားရှိသင့်တယ်။ အခန်း အပူချိန်ထိန်းသိမ်း ရမယ်။ ဆိုလိုတာက မပျက်စီး၊ မသိုးအောင်ဖြစ်ကာ ရေခဲ သေတ္တာသီးခြားထားရမယ်။

အစားအသောက်လှီးဖြတ်မယ့် ဓား၊ ခက်ရင်း၊ ဇွန်း၊ တူတို့ သန့်ရှင်းစင်ကြယ်ဖို့ လိုပါတယ်။ အစားအသောက် ချက်ပြုတ် ထုတ်လုပ်တဲ့ အဆင့်ဆင့် သန့်ရှင်းစင်ကြယ်နေပေမယ့် ဇွန်း၊ ခက်ရင်း၊ တူတို့ မသန့်ရှင်းရင် ရောဂါရနိုင်ပါတယ်။ ထည့်ထားရမယ့် ပန်းကန်၊ ခွက်၊ ဓား၊ ဇွန်း၊ ခက်ရင်းသန့်ဇင်ဖို့ လိုအပ်ပါတယ်။

အစားအသောက်ကိုင်တွယ်ချက်ပြုတ်မယ့် ဝန်ထမ်းတွေကို ဟိုတယ်၊ စားသောက် ဆိုင်ကြီးတွေက အနိမ့်ဆုံး သုံးလတစ်ခါ ၊ လက်ကြားနှိပ်ရည် (Nasal Hand Swabs) ရယူစစ်ဆေးတာ ၊ ပုံမှန်စစ်ဆေးတာမျိုးတွေ လုပ်ရမယ်။ ဝမ်းနဲ့ပတ်သက်လို့ ရောဂါရှိသူတွေ ၊ တိုက်ဖွိုက် ရောဂါ ၊ ချောင်းဆိုး၊ အအေးမိရောဂါ ၊ တုပ်ကွေးရောဂါခံစားရသူတွေ ၊ အစားအသောက်ချက်ပြုပ်ရာမှာ အနားပေးကာ ဆေးကျွေးပြီး အပြည့်အဝအနားယူသင့်တယ်။ သက်ဆိုင်ရာဆရာဝန်၊ တာဝန်ခံတွေနဲ့ စနစ်တကျ ပြုစုကုသပေးသင့်တယ်။ ရောဂါပျောက်မှ အလုပ်ဝင်စေသင့်တယ်။

မချက်ပြုတ်မီ နဲ့ ချက်ပြုတ် ပြီး အစာတွေ ထားရှိမယ့်နေရာ အခန်း၊ ရေခဲသေတ္တာ တို့ သန့်ရှင်းစင်ကြယ်ဖို့ အထူးလိုအပ်တယ်။ မချက်ပြုတ်မီ ထည့်သိမ်းဖို့နဲ့ ချက်ပြုတ်ပြီးထည့်သိမ်းဖို့ ရေခဲသေတ္တာ နှစ်လုံးရှိရမယ်။

ရေခဲသေတ္တာတစ်လုံးတည်းနဲ့ မသုံးသင့်ပါဘူး။ အခန်းသန့်ရှင်းရေး ၊ ဘီဒို၊ ကြောင်အိမ်၊ စင်ကြမ်းအဆင့်အားလုံးဟာ သတ်မှတ်တဲ့ အခန်းအပူချိန်မှာ ရှိရမယ်။ အပူချိန်ပြောင်းလို့ အစာအဆိပ်ဖြစ်တာ အများဆုံးတွေ့ရတယ်။

ဝမ်းပျက်ဝမ်းလျှော၊ အော့အန်ခြင်းတို့ ကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ ဓာတ်ဆား ဆုံးရံှူးပြီး အားအင်ကုန်ခမ်းတာ၊ ကြွက်တက်တာ၊ သတိလစ်တာတွေ ဖြစ်ပွားပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဆုံးရှုံး တဲ့ရေနဲ့ ဓာတ်ဆားအချိန်မီ ဖြည့်တင်းဖို့ ဓာတ်ဆားရည်တိုက်သင့်တယ်။ ဒရစ် (Drip) (ချို၊ ငန်၊ အခါး) ချိတ်ပေးသင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းပြသပြီး ထိရောက်သေချာတဲ့ ကုသမှုခံယူသင့်တယ်။ သန့်ရှင်းတဲ့ ယင်လုံအိမ်သာသုံးရမယ်၊ ယင်မလုံရင် ထုံး၊ ပြာ၊ မြေကြီးနဲ့ ဖုံးရမယ်။ ယင်ပေါက်ပွားမှုမရှိအောင် အမှိုက်သရိုက်၊ အညစ်အကြေးတွေ ကျင်းတူးစွန့်ပစ်ပြီး နေ့စဉ် ထုံး ဒါမှမဟုတ် မြေကြီးနဲ့ ဖုံးအုပ်ရမယ်။ အစားအစာတွေကို ယင်မနားအောင် ဖုံးအုပ်ကာကွယ်ရမယ်။ ယင်နားစာ၊ အနံ့မကောင်းတဲ့ အစာမစားသင့်ဘူး။ ချောင်းရေ၊ မြစ်ရေမသောက်သင့်ဘူး။ ဆေးကြောရာမှာ မသုံးသင့်ပါ။ ရေကောင်းရေသန့် သုံးသင့်တယ်။ သောက်ရေသုံးစွဲမယ့် ချောင်းအတွင်း ရေချိုးတာ၊ ရေကူးတာ ချောင်းအနီး အဝတ်လျှော်တာ မပြုသင့်ဘူး။ ရေကို ကျိုချက်ပြီးမှ သောက်သင့်တယ်။ ရေလှောင်ကန်တွေကို ရေပုံးနဲ့ မခပ်သင့် ၊ ပိုက်စနစ်၊ ဘုံပိုင်စနစ်သုံးသင့်တယ်။ အိမ်သာအဆင်း၊ အစားမစားမီ လက်မသန့်ရှင်းရင် ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကြာ ဆေးကြောရမယ်။ ဝမ်းပျက်ဝမ်းလျှောလူနာတွေနဲ့ လူနာပြုစုသူတွေဟာ လက်ကို ဆပ်ပြာ၊ ရေနဲ့ စင်ကြယ်အောင် ဆေးကြောသင့်သလို လူနာကို ကိုင်တွယ်ပြုစုပြီးတိုင်း လက်ကိုရေ၊ ဆပ်ပြာသုံးပြီး စင်ကြယ်အောင် ဆေးကြောသင့်တယ်။

နောက်ထပ် မြောင်းမြဖြစ်ရပ် မျိုး အစာအဆိပ်သင့်ခြင်း မရှိစေဖို့ ပြည်သူလူထုနဲ့ ကျန်းမာရေးဌာနတို့ စောင့်ကြည့်ရမယ်။

Credit : ဒေါက်တာ လွင်သန့်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18