Print

ကလေးငယ်များ ဉာဏ်ရည်ဖွဲ့ဖြိုးမှု အားကောင်းစေဖို့ အစားအစာ ၅ မျိုး

  05-Apr-2019
Preview Image

ကလေးငယ်များဟာ မွေးဖွားလာပြီဆိုတာနဲ့ မိခင်နို့ချိုကို တိုက်ကျွေးရပါတယ်။ မွေးကင်းစကနေ ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာဖြစ်ပြီး ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာဖြစ်ပြီး ၆လကျော်ရင်တော့ မိခင်နို့အပြင် ဖြည့်စွက်စာ အနေနဲ့ အာဟာရစုံလင်စွာ ကြီးပြင်းနိုင်မှာ ဖြစ်သလို ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု ကိုလည်း ပိုပြီး အထောက်အကူဖြစ်စေပါတယ်။ သားသား၊ မီးမီး တို့ ၆ လကျော်လာပြီဆိုတာနဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးမလဲ။

ဘယ်လိုဖြည့်စွက်စာက အာဟာရဖြစ်စေတာလဲလို့ ခေါင်းခြောက်နေကြပေမယ့် မေမေတို့အတွက် စဉ်းစားရလွယ်ကူအောင် ကလေးတို့အတွက် ဦးနှောက် ဉာဏ်ရည်ဖွံ့ဖြိုးဖို့  အထောက်အကူဖြစ်စေမယ့် အစားအစာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာ တွေက ကလေး ၂ နှစ်၊ ၃ နှစ်ထိ ကျွေးနိုင်ပါတယ်။


ဘယ်ရီသီ

ဘယ်ရီသီးဟာ ဘလူးဘယ်ရီနဲ့ စတောဘယ်ရီလိုပဲ အင်တီအောက်ဆီဒင့်မှာ မြင့်မားပါတယ်။ ဘယ်ရီသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်မှုကို အားကောင်းစေပါတယ်။ ဦးနှောက်ကို လန်းဆန်းတက်ကြွစေလို့ ဘယ်ရီသီးဟာ ကလေးတွေ စားသုံးသင့် တဲ့ အစားအစာတစ်မျိုးပါ။


ကြက်ဥ၊ ဘဲဥ၊ ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥတွေမှာ ပရိုတင်းဓာတ်တွေ အများကြီး ပါဝင်တာကြောင့် အာဟာရဓာတ်တွေ အများကြီးပါဝင်တဲ့ အစားအစာပါပဲ။ မေမေတို့အတွက် ကလေးတွေကို အလွယ်တကူချက်ပြုတ်ကျွေးနိုင်တဲ့ အဆာပြေ အာဟာရလည်းဖြစ်ပါတယ်။ ကြက်ဥ၊ ဘဲဥမှာ omega – 3 ,fatty acid, choline, Zinc တွေ ပါဝင်တာ ကြောင့် ဦးနှောက် မှတ်ဉာဏ်တွေကို ပိုပြီး ဖွံ့ဖြိုးစေပါတယ်။ ကြက်ဥဟာ ကလေးငယ်များ ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုး ဖြစ်လို့ နေ့စဉ် ပြုတ်ကျွေးမယ်ဆိုရင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုအားကောင်းစေပါတယ်။


အစိမ်းရောင်ရှိသော အသီးအရွက်များ

ပန်းဂေါ်ဖီ၊ ကိုက်လန်ရွက်၊ မုန်ညင်းရွက်၊ ဟင်းနုနယ်ရွက် စတဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေဟာ ဗီတာမင်ဓာတ်နဲ့ ဖောလစ်အက်စစ်တွေ ကြွယ်ဝပါတယ်။ သူတို့ကို စားသုံးပေးခြင်းက ဦးနှောက်ရဲ့ ဆဲလ်တွေကို ပိုမိုကောင်းမွန်စေပြီး အသားအရေကိုလည်း စိုပြေစေပါတယ်။ အစိမ်းရောင်အသီးအရွက်တွေကို စားသုံးပေးခြင်းက ကျန်းမာရေးကိုလည်း ညီညွတ်စေသလို ဝမ်းမှန်စေပါတယ်။


Nut Butter

Nut Butter ဟာလည်း ကောင်းသော အဆီအနှစ်တွေ များစွာပါဝင်တာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။ Nut Butter က သစ်ကြားသီး၊ ထောပတ်နဲ့ ဗန်ဒါသီး၊ မြေပဲလို အရသာရှိပြီး ထူးခြားကောင်းမွန်တဲ့ အာဟာရဓာတ်ရှိပါတယ်။ သူ့ကို စားသုံးပေးခြင်းက ကျန်းမာရေးကို လည်း ပိုမိုကောင်းမွန်စေပါတယ်။


ရွှေဖရုံသီးစေ့

ရွှေဖရုံသီးစေ့ဟာ နေ့စဉ်လိုအပ်နေတဲ့ ဇင့်ပမာဏ ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဇင့်ဟာ မှတ်ဉာဏ်အားကောင်းစေခြင်းနှင့် စဉ်းစားတွေးတောခြင်းကို အားကောင်းစေပါတယ်။ ဒါကြောင့် ရွှေဖရုံသီးစေ့ ကိုမွှေးလာအောင် လှော်ပြီး အနှစ်ပြုလုပ်ကာ ကလေးကို ကျွေးနိုင်ပါတယ်။

ဒိန်ချဉ်၊ ငါးအမျိုးမျိုး၊ အော်ဂဲနစ် အစားအစာ၊ အမဲသား၊ မက်မွန်သီး၊ ပန်းသီး စတာတွေဟာလည်း ကလေးငယ်တွေအတွက် ဦးနှောက်ဖွံ့ဖြိုးမှု ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွေကို အများကြီး အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် မေမေတို့လည်း သားသား၊ မီးမီးတို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ချက်ပြုတ်ကျွေး နိုင်ပါတယ်နော်။

Credit : တီတီဇာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18