Print

ကိုယ်ဝန်ဆောင်ချိန် နှင့် အစားအစာ

  26-Mar-2019
Preview Image

အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ချိန် ဆိုတာ ဟာ အင်မတန် မှ အရေးကြီးလှတဲ့အချိန် ပါ။ မွေးလာမဲ့ရင်သွေးလေး ကောင်းကောင်းမွန် မွန် မွေးဖွားလာဖို ့အတွက် စိတ်ပူပန် ရမယ့် အချိန် ဆိုလည်း မမှားပါဘူး။


အန္တရာယ် ကင်းကင်း နှင့် ကျန်းမာ ဖွံ့ ဖြိုးတဲ့ရင်သွေးလေးတွေ မွေးဖွားလာဖို့အတွက် ကိုယ်ဝန် အစကနဦး အချိန် ထဲ က အစားအသောက် အနေ အထိုင် သေချာ ဂရုစိုက် ဖို့လို လှပါတယ်။


အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် မှာ ဘာတွေ စားသင့်တယ် ဘာတွေ မစားသင့်ဘူး ဆိုတာကို ပြော ပြပေးမှာ ဖြစ်ပါတယ်။

 

Food to Eat

၁။ နို့ နှင့် နို့ထွက် ပစ္စည်း

     နို့ နှင့် နို့ထွက် ပစ္စည်း- နွားနို့၊ ဒိန်ခဲ ၊ ဒိန်ချဉ် အထူးသဖြင့် ဒိန်ချဉ် သောက်သုံး ခြင်း ဟာ ကိုယ်ဝန်ဆောင် ချိန် မှာ လို အပ်တဲ့ အသားဓါတ် နှင့် ကယ်ဆီယမ် ဓါတ်ကို ပေးစွမ်း နိူင်ပါတယ်။အစာအိမ် နှင့် အူလမ်းကြောင်း ကျန်းမာရေး အတွက်လည်း အထောက်အကူ ပေးပါတယ် ဒါပေမဲ့သန့်ရှင်း သပ်ရပ်စွာ ထုတ်ပိုး ထားတဲ့ အစားအသောက် တွေ ဖြစ်ဖို့လိုအပ်ပါတယ်။


၂။ ပဲ အမျိုးမျိုး ( ဗိုလ်စားပဲ၊ ပဲပိစပ်၊ ပဲကတ္တီပါ၊ မြေပဲ၊ ပဲနီ၊ ပဲဝါ စသည်ဖြင့် )

     အမျှင်ဓါတ် ၊ အသားဓါတ်၊ သံဓါတ်၊ ဖောလိတ် ဓါတ် နှင့် ကယ်လ်ဆီယမ် ဓါတ်တွေ ပြည့်ဝစွာပါ ဝင်ပါတယ်။ဖောလိတ် ဓါတ် ဟာ ဘီတာမင် ဘီအုပ်စုဝင်ဖြစ်ပြီး သန္ဓေသား ရဲ ့ဦးနှောက် နှင့် အာရုံကြော မ ဖွဲ့စည်းတဲ့နေရာမှာ အဓိကပါ ပါတယ်။ဒါပေမဲ့ကိုယ်ဝန်ဆောင်မိခင်တော်တော် များများ ဟာ ဖောလိတ် ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေ ကို လုံလုံလောက်လောက် မစားကြတာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် ပဲအမျိုးမျိုး ကို နေ့စဉ်ပုံမှန်စားပေးဖို့လိုပါတယ်။ဖောလစ် အက်ဆစ် အားဆေးကို လည်း ကိုယ်ဝန် လနုထဲ က နေ့စဉ်ပုံမှန် သောက်သုံးပေးသင့်ပါတယ်။

၃။ ကန်စွန်းဥ

    ဘီတာ ကရိုတင်း ဓါတ် ကြွယ်၀ စွာ ပါဝင်ပါတယ်။ ဘီတာကရိုတင်း ဓါတ်ဟာ ခန္ဓာကိုယ် ထဲရောက်လျှင် ဗီတာမင် အေ အဖြစ်သို့ပြောင်းလဲ သွားပါတယ်။

ဗီတာမင် အေ ဟာ သန္ဓေသား ကြီးထွား ဖွံ့ဖြိုးမှု မှာ အရေးပါတဲ ့ ဗီတာမင် တစ်ခုပါ။ကန်စွန်းဥ မှာ အမျှင် ဓါတ် တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်ရဲ့အစာခြေစနစ် ကို ကောင်းမွန်စေတယ်၊ သွေးတွင်း အချို ဓါတ်ကိုလည်း ထိန်းပေးပါတယ်။


၄။ ဆော်လမွန်ငါး

ဆော်လမွန် ငါးဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန် တဲ့ အဆီ တနည်းအားဖြင့် အိုမီဂါ 3 ဖတ်တီး အက်ဆစ် ကြွယ်ဝစွာ ပါဝင်တဲ့ ပင်လယ်ငါး တစ်မျိုးပါ။ တစ်ပါတ်ကို 2ရက်လောက်စားပေးတာနဲ ့တင် လုံလောက်တဲ့အဆီပမာဏ ကို ရရှိစေပါတယ်။ဆော်လမွန်ငါးစားခြင်းဟာ သန္ဓေသားရဲ့ဦးနှောက် အမြင်အာရုံ ဖွံ့ဖြိုး မှု မှာ အရေးပါပါတယ်။သဘာ၀ ဗီတာမင် ဒီ ကိုလည်း ပေးစွမ်း နိူင်တယ် လို့ သုတေသန လေ့လာချက်များအရ တွေ့ရှိရပါတယ်။ဒါပေမဲ့ ဆော်လမွန်ငါး ဟာ ပင်လယ်ငါးမျိုးနွယ် ဖြစ်တဲ ့အတွက် seafood နဲ့မတည့် ရင်တော့ မစားသင့်ပါဘူး ။ ငါးကြီးှဆီ တစ်နေ့တစ်လုံး သောက်ပေးလို ့ရပါတယ်။


၅။ ဥ အမျိုးမျိုး

   ခန္ဓာကိုယ် အတွက် လိုအပ်တဲ့စွမ်းအင်တွေ၊ အသားဓါတ် ၊ အဆီဓါတ်၊ သက်စောင့်ဓါတ်ဗီတာမင် နှင့် သတ္တု ဓါတ် များကို ပေးစွမ်း နိူင်ပါတယ်။သန္ဓေသား ဦးနှောက် ကျန်းမာဖွံ့ဖြိုးမှု အတွက် လိုအပ်တဲ ့ကိုလင်း ဓါတ် ပါဝင်ပါတယ်။


၆။ အသားဓါတ်

   ကိုယ်ဝန် ဆောင် မိခင် တွေဟာ အသားဓါတ် လုံလုံလောက်လောက် စားဖို့လိုအပ်ပါတယ်။ အစားရှောင်ဖို့ မလို ပါဘူး။ ကြက်သား အမဲသား ဝက်သား အစုံစားပေးဖို့လိုအပ်ပါတယ်။ အဲ့ဒါမှ လိုအပ်တဲ့ အသားဓါတ် ကို ရရှိ မှာပါ။


၇။ အစိမ်းရောင် ရှိတဲ့ဟင်းသီးဟင်းရွက် ( ပန်းဂေါ်ဖီစိမ်း ၊ ဟင်းနုနွယ် စသည်)

အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အေ ၊ ကယ်ဆီယမ်၊ သံဓါတ်၊ ဖောလိတ်၊ ပိုတက်ဆီယမ် ဓါတ် တွေပါဝင်ပါတယ်။အဲ့ဒါသာမက antioxidant ဆိုတဲ့ ဓါတ်တိုးဆန့်ကျင်တဲ့ဓါတ် တွေပါဝင်ပါတယ်။ခုခံအားစနစ် ကိုလည်း ကောင်းမွန်စေပါတယ်။ အမျှင်ဓါတ် များစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင် ချိန် မှာ အများစု ဖြစ်တဲ့ ဝမ်းချုပ် တာကိုလည်း မဖြစ်စေပါဘူး။


၈။ ထောပတ်သီး

ထောပတ်သီး ကို အသားအရည် လှပ ဖို့အတွက် ပဲ သုံးတယ်လို့ အများစု က သိကြတာပါ။ထောပတ်သီး မှာ ခန္ဓာကိုယ် အတွက် ကောင်းမွန် တဲ့အဆီ ၊ ဖောလိတ် ဓါတ် နှင့် ပိုတက်ဆီယမ် ဓါတ်ကြွယ်၀ စွာ ပါဝင်ပါတယ်။သန္ဓေသား ဖွံံံ့ဖြိုး မှုအတွက် အကျိုးပြု ရုံသာမက ကိုယ်ဝန်ဆောင်မိခင်တွေ ကြွက်တက် တတ်တာ ကိုလည်း သက်သာ စေပါတယ်။


၉။ ရေ

 ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓါတ် ပိုလို တဲ့အတွက် ရေများများ သောက်ပေးသင့်ပါတယ်။တစ်နေ့ကို အနည်းဆုံး ရေသန့် 2လီတာ လောက်သောက်သင့်ပါတယ်။ကောင်းမွန်တဲ့ရေဓါတ် ရရှိခြင်းဟာကိုယ်ဝန်ဆောင်မိခင်တွေအများစုမှာဖြစ်လေ့ရှိတဲ ့ ဝမ်းချုပ်ခြင်း၊ ဆီးပိုးဝင်ခြင်း များကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့် မယ်။


Food not to eat

မစားသင့်တဲ့အစားအစာတွေ ကတော့ ပြဒါးဓါတ် များတဲ့ ပင်လယ်ငါး ဥပမာ- ငါးမန်း၊ တူနာငါး။


ကျက်အောင် မချက်ထားတဲ့ အသား၊ငါး ။ အသားစိမ်းငါးစိမ်းလွှာ။ သန့်ရှင်းအောင် မလုပ်ထားတဲ့မည်သည့်အစားအစာ မဆို ၊ အရက်၊ ကာဖင်းဓါတ် တို့ဖြစ်ပါတယ်။

အားရှိအောင် ကြက်ဥ အစိမ်း ဘဲဥ အစိမ်းတွေ ဖေါက်သောက်တာကို ရှောင်ကြဉ်ရပါမယ်။ အငန် ဓါတ်များလွန်းသော အစားအစာများ ၊ အပူအစပ်တေ ွရှောင်ကြဉ်ပေး ရပါမယ်။


အချုပ်အားဖြင့် ပြောရမယ် ဆိုလျှင် ကျန်းမာပြီး အန္တရာယ် ကင်းသော ကိုယ်ဝန် ကို ဆောင်နိူင်ဖို့အတွက် မှန်ကန်တဲ့ စားသောက်နေထိုင်မှု ပုံစံသာလိုအပ်ပါတယ်။

ကျန်းမာရေး အတွက် အထောက်အကူ ပြုသော အစားအစာ များကို ရွေးချယ် စားသောက်နိူင်ကြပါစေ လို့  ဆန္ဒပြု လိုက် ရပါတယ်               


Dr.Khaing                  

     Ref; healthline.com, mayo clinic.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18