Print

လှပမှုကိုပေးစွမ်းနိုင်သော သစ်သီးများ

  17-Mar-2019
Preview Image

ချယ်ရီသီး

          ချယ်ရီသီးထဲတွင် ဗီတာမင်စီနှင့် ပရိုတင်း၊ သကြားဓာတ်၊ သံဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပါသည်။ ချယ်ရီသီးထဲတွင် ပါဝင်သော သံဓာတ်က သွေးအားကို ဖြည့်ပေးနိုင်သည်။ ထို့ကြောင့် မိန်းကလေးများ အတွက် အထူးသင့်လျော်သည့် သစ်သီးဖြစ်သည်။


ခရမ်းချဉ်သီး

          ခရမ်းချဉ်သီးထဲတွင် ဗီတာမင်စီနှင့် အာဟာဓာတ်များ ပြည့်ဝစွာ ပါဝင်ပါသည်။ ခရမ်းချဉ်သီးကို အမြဲစားပေးပါက အရေပြားကြမ်းခြင်းကို ချောမွေ့လာစေနိုင်သည်။

          ခရမ်းချဉ်သီးသည် အရေပြားပေါ်တွင်အမည်းစက်များထွက်လာခြင်းကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်သည်။ မျက်မှာပေါ်ရှိ အညစ်အကြေးများကို ဖယ်ရှားပေးကာ အသားအရေကို ဝင်းပစေနိုင်သည်။


ကီဝီသီး

          ကီဝီသီးထဲတွင် ဗီတာမင်စီဓာတ် ပြည့်ဝစွာ ပါဝင်သည်။ ကီဝီသီးသည် လှပစေသော အရေပြားဖြစ်အောင် ပြုပြင်ပေးနိုင်သည်။ ကီဝီသီးသည် အသားအရေကို ဖြူဖွေးစေနိုင်သည်။ တင်းတိပ်၊ အမည်းစက်၊ နေလောင်ခြင်းများကို ပျောက်ကင်းစေနိုင်သည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်သည်။


စတော်ဘယ်ရီ

          စတော်ဘယ်ရီသည် ဆံကေသာကို ကျန်းမာစေနိုင်သည်။ ည အိပ်ရာမဝင်ခင် စတော်ဘယ်ရီတစ်ခွက် သောက်ပေးပါက အာရုံကြောကို ကောင်းစေနိုင်သည်။ စိတ်လက်ပေါ့ပါးစေ၍ အိပ်ရေးပျက်ခြင်းကို ကုသပေးနိုင်သည်။ စတော်ဘယ်ရီသည် အရေပြားဆဲလ်များကို ကောင်းကျိုးပေးနိုင်သည်။ အရေပြားကို ချောမွေ့လှပစေနိုင်သည်။ အရေပြားပေါ်ရှိ အဆီများကို ဖယ်ရှားပေးနိုင်သည်။ အရေပြားပေါ်ရှိ အညစ်အကြေးများကိုလည်း သန့်စင်ပေးနိုင်သည်။


တည်သီး

          တည်သီးထဲတွင် ဗီတာမင်စီဓာတ်ပါဝင်ပါသည်း။ တည်သီးကို အသီးများထဲတွင် ရတနာအသီးဟု ခေါ်ကြသည်။

          တည်သီးစားပေးပါက မျက်နှာပိုင်းရှိ အဆီများကို ဖယ်ရှားပေးနိုင်သည်။အမည်းစက်များကို ပျောက်ကင်းစေနိုင်သည်။ မျက်နှာအသားအရေကိုလည်း လှပဖြူဖွေးစေနိုင်သည်။


သံပရိုသီး

          သံပရိုသီးထဲတွင် ဗီတာမင်စီဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။ သံပရိုသီးကို မကြာခဏစားပေးပါက အသားအရေကို လှပစေနိုင်သည်။ အမည်းစက်များကိုလည်း ရှင်းလင်းပေးနိုင်ကာ အသားအရေကို တောက်ပြောင်စေနိုင်သည်။ သံပရိုသီးသည် အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးနိုင်သည်။ အရေပြားပေါ်ရှိ အဟောင်းပျက်၊ အသစ်ပြန်ဖြစ်သော ဖြစ်စဉ်ကို ကောင်ကျိုးပေးနိုင်သည်။ ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖယ်ရှားပေးနိုင်သည်။


Credit :

Ref : China Internet

ရွှေပြည့်အိမ်

(No.134, March 2018)

Health for All



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18