Print

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာများ

  22-Nov-2018
Preview Image


သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သူက အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့ရဲ့ အဓိကနေရာကနေပါဝင်တဲ့အတွက် သူ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ သားအိမ်ကျန်းမာ စေဖို့အတွက် စားသုံးသင့်တဲ့ ထိပ်တန်းအစားအစာတွေပါ။

 

၁။ အမျှင်ဓာတ်ပါဝင်မှုများသော အစားအစာများ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ပစ်ဖို့ ကူညီနိုင်ပါတယ်။ အမျှင်ဓာတ်စားမိလို့ တစ်နေ့ ဝမ်းနှစ်ကြိမ်၊ သုံးကြိမ် သွားတာလောက်ကို စိတ်မပူပါနဲ့။ သူက ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီလိုဖယ်ရှားလိုက်တာကြောင့် ကိုယ်တွင်းမှာ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခု လုံးပါဝင်စာတွေမှာ အမျှင်ဓာတ်တွေ များစွာပါဝင်တာကြောင့် သူတို့ကို စားသုံးပေးပါ။ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်အစားအစာကို ရွေးချယ်တာက ကလေးရနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာ စားသုံးရင် တစ်နေ့ကို ရေ ၈-၁ဝ ခွက်အထိ သောက်ဖို့ မမေ့ပါနဲ့။ အစာခြေစနစ်အတွင်း အမျှင်ဓာတ်တွေ အလွယ်တကူ ရွေ့လျားနိုင်ဖို့အတွက်ပါ။

 

၂။ ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် စီတွေ များစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုများတာက သားအိမ် အကျိတ်လုံးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သားအိမ်အတွင်း အကျိတ်ရှိနေရင်လည်း ကြီးထွားမှုဖြစ်စဉ် နှေးကွေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ အစိမ်း ရောင်ပန်းဂေါ်ဖီ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဖိုက်တိုအီစထရိုဂျင်တွေ များစွာပါဝင်ပါတယ်။ ဒီဖိုက်တိုအီစထရိုဂျင်တွေက ခန္ဓာကိုယ်အတွင်းက အီစထရိုဂျင်တွေကို လျော့ကျစေနိုင်တဲ့အတွက် သားအိမ်အတွင်း အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တာ ဖြစ်ပါတယ်။

 

၃။ သစ်သီးဝလံအမျိုးမျိုး

ဗီတာမင် စီ နဲ့ ဘိုင်အိုဖလေဗိုနွိုက်တွေ များစွာပါဝင်တဲ့ သစ်သီးတွေဟာ သားအိမ်အတွင်း အလုံးအကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်တွင်းက အီစထရိုဂျင်အဆင့်တွေကိုလည်း ပုံမှန်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဘိုင်အိုဖလေဗိုနွိုက်ဟာ မမျိုးဥအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပြီး မျိုးပွားစနစ် ကျန်းမာရေးကောင်းမွန်အောင် အကူအညီပေးနိုင်ပါတယ်။ အဆာပြေစာအဖြစ် စားသုံးပေးပါ။

 

၄။ နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ထောပတ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေကို သားအိမ်ကျန်းမာရေးအတွက် နေ့စဉ်စားပေးဖို့ လိုအပ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာပါဝင်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးကျန်း မာရေးကို အထောက်အကူပြုပြီး ဗီတာမင် ဒီ ကတော့ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူမှုအတွက် ကူညီပေးပါတယ်။

 

၅။  Green Tea

Green Tea မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တဲ့အတွက် သားအိမ်ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် သားအိမ်အတွင်း အလုံးတွေကို ကုသရာမှာလည်း ကူညီပေးပါတယ်။ သားအိမ်အလုံးရှိတဲ့အမျိုးသမီးတွေအနေနဲ့ Green Tea ကို ရှစ်ပတ်လောက် ပုံမှန်သောက်ပေးတာက သားအိမ်အလုံးအရေအတွက်တွေ လျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။

 

၆။ ပင်လယ်ငါး

ငါးကွမ်းရှပ်၊ ဆယ်လ်မွန်လိုမျိုး ပင်လယ်ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ များစွာပါဝင်ပါတယ်။ ဒီအက်စစ်တွေက အမျိုးသမီးခန္ဓာကိုယ်အတွင်းက ပရိုစတယ်လ်ဂလက်ဒင် ထုတ်လုပ်မှုကို လျော့ကျစေနိုင်ပါတယ်။ ပရိုစတယ်လ်ဂလက်ဒင် ဟာ သားအိမ်ကို ဆိုးဆိုးရွားရွား ညှစ်အားရရှိစေနိုင်ပါတယ်။ ဒီလိုညှစ်အားရရှိတာကြောင့် သားအိမ်ပုံမှန်အနေအထားကနေ လွဲသွားနိုင်ပါတယ်။

 

၇။ ရှောက်သီး၊ သံပရာသီး

ရှောက်သီး၊ သံပရာသီးမှာ ဗီတာမင် စီ တွေ များစွာပါဝင်တဲ့အတွက် ခုခံအားစနစ်တွေ မြှင့်တင်ဖို့ ကူညီပေးနိုင်တဲ့အတွက် သားအိမ်ရဲ့ ခုခံအားလည်း ကောင်းမွန် လာနိုင်ပါတယ်။ သားအိမ်ခုခံအား ကောင်းလာတာကြောင့် သားအိမ်အတွင်း ဘက် တီးရီးယားလို ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ ရေနွေးတစ်ခွက်ထဲကို ရှောက်ရည်ညှစ်သောက်ပေးပါ။

 

၈။ အစိမ်းရောင်အစားအစာများ

ဟင်းနုနယ်၊ ဖက်ယားရွက်၊ ဆလတ်ရွက်၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက် တွေက သားအိမ်အတွင်း အယ်လ်ကာလီညီညွတ်မျှတမှုရှိအောင် ကူညီပေးပါ တယ်။ ဒါ့အပြင် အာရုံကြောစနစ် လုပ်ဆောင်ချက်ကောင်းမွန်စေနိုင်ပါတယ်။ ဒီအစိမ်းရောင် အရွက်တွေမှာ ဖောလစ်အက်စစ်လည်း ပါဝင်တဲ့အတွက် သင့်သားအိမ်က ကျန်းမာ တဲ့ သန္ဓေသားရရှိဖို့အတွက် အဆင်သင့်အနေအထားကို ရောက်ရှိစေနိုင်ပါတယ်။

 

၉။ အစေ့အဆန်များ

အစေ့အဆန်တွေက ခန္ဓာကိုယ်အတွင်း ဟော်မုန်းထုတ်လုပ်မှုကောင်းမွန်ဖို့အတွက် လိုအပ်ပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့နဲ့ ဂုန်လျှော်စေ့လိုမျိုး အစေ့အဆန် တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့ ကိုလက်စထရောတွေ များစွာ ပါဝင်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သားအိမ်အလုံးမဖြစ် အောင်နဲ့ သားအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေး ကောင်းစေတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောအဆင့်တွေ ပုံမှန်ဖြစ် အောင် ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သူတို့က ပေါင်မပြည့်ကလေး ဒါမှမဟုတ် လမစေ့ကလေးတွေ မမွေးဖွားအောင်လည်း ကာကွယ်ပေးပါတယ်။

 

၁ဝ။ ကြက်ဆူဆီ

ကြက်ဆူဆီဟာ မျိုးဥအိမ်အတွင်း အရည်အိတ်နဲ့ သားအိမ်အကျိတ်ကို ကုသ ရာမှာ ကူညီပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ Riconoleic အက်စစ်က ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အတွက် သားအိမ်အတွင်း ရောဂါပိုး မဝင်ရောက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

 

Credit: ဒေါက်တာခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18