Print

ဝမ်းဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ မစားသင့်တဲ့ အစားအစာများ

  22-Oct-2018
Preview Image

အထူးသဖြင့် မနက်ခင်း အိပ်ယာထချိန်မှာ ဝမ်းဗိုက်ထဲမှာ ဘာအစားအစာမှမရှိချိန်မှာ တချို့အစားအစာတွေက သူ့ချည်းပဲ စားသုံးလို့မသင့်ပါဘူး။

 

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Tannic အက်ဆစ်ပါဝင်တာကြောင့် အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်ထဲက အက်ဆစ် အဆင့်ကိုမြင့်တက်စေပါတယ်။ အစာအိမ်မှာ အနာဖြစ်တတ်ပါတယ်။

 

သခွားသီး

သခွားသီး အစိမ်းတွေမှာ အမိုင်နို အက်ဆစ်တွေပါဝင်တတ်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိချိန်မှာ သခွားသီးချည်းဘဲ စားလိုက်ရင် အစာအိမ်နာတာ၊ လေထိုးလေအောင့်တာတွေ စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

 

ငှက်ပျောသီး

ကျွန်မတို့ မနက်ခင်း အိပ်ယာထတာနောက်ကျလို့ မနက်စာမစားနိုင်ခဲ့ရင် ငှက်ပျောသီး တစ်လုံးလောက် စားသွားလေ့ရှိပါတယ်။

 

တကယ်တော့ အစာအိမ်ထဲမှာ ဘာမှမဟုတ်ရှိခင်မှာ သူ့ချည်းစားဖို့ မသင့်ပါဘူး။ အစာအိမ်ထဲမှာ ဘာအစာမှမရှိခင်မှာ ငှက်ပျောသီးကို စားလိုက်ရင် ခန္ဓာကိုယ်အတွင်း၊ သွေးအတွင်းမှာ မဂ္ဂနီဆီယမ်ဓာတ်တွေ ရုတ်တရပ် တိုးမြင့်သွားကာ နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

 

စပ်တဲ့ အစားအစာတွေ

ပူစပ်လောင်နေတဲ့ အစားအစာတွေက အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို မြင့်စေပြီး အစာအိမ်ကို ထိခိုက်စေပါတယ်။

 

ကာဘိုဟိုက်ဒရိုတ် ပါတဲ့ အချိုရည်

ကာဘိုဟိုက်ဒရိုတ်ပါတဲ့ အချိုရည်တွေက အစာအိမ်က Mucous Membranes တွေကို ပျက်စီးစေပြီး အစာအိမ်ကို သွားတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် အစာခြေတဲ့ နှုန်းလည်း ကျဆင်းသွားပြီး အစာကြေညက်ဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။

 

အချဉ်ဓာတ်ပါတဲ့ အသီးများ

အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အစာအိမ်ထဲမှာ အစာမရှိဘဲ စားရင် အစာအိမ်အချဉ်တွေ အပေါ် ဆန်တက်တာတို့၊ အစာအိမ်နာတာတို့ ဖြစ်တတ်ပါတယ်။

 

Credit-myfoodmyanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18