Print

နှမ်းဆီ၏ကျန်းမာရေးကောင်းကျိုးများ

  22-Mar-2018
Preview Image

ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ဆီဖြစ်ပါတယ်

• နှမ်းဆီဆီဟာ မပြည့်ဝဆီပါဝင်မှုများတဲ့အတွက် နှလုံးကျန်းမာရေးနှင့် ညီညွတ်ပြီး သွေးတွင်းအဆီကို ထိန်းချုပ်ပေးနိုင်ပါတယ်။ 


သွားသန့်ရှင်းကျန်းမာစေပါတယ်

• နှမ်းဆီအနည်းငယ်ကို ငုံထားပေးရင် ခံတွင်းထဲက ဘတ်တီးရီးယား ပမာဏကို လျော့နည်းစေပြီး ခံတွင်းနှင့် သွားဖုံးတွေကို ကျန်းမာစေပါတယ်။ 


အသားအရေနှင့်အရိုးကို အားကောင်းစေပါတယ်

• နှမ်းဆီမှာ Zinc (ဇင့်) ဓာတ်ပါဝင်မှုများတဲ့အတွက် အသားအရေ တင်းရင်းမှုအတွက် အထောက်အကူ ပြုပါတယ်။ 

• ဇင့်ဓာတ်က အရိုးသိပ်သည်းဆကိုလည်း အားကောင်းစေပါတယ်။


ဆံပင်ကောင်းခြင်းကိုလည်း ပေးပါတယ်

• နှမ်းဆီမှာ ဗီတာမင် ဘီ၊ အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖရပ်စ်ပါဝင်တာကြောင့် ဆံပင်နဲ့ဦးရေပြားကို အားဖြည့်ပေးပါတယ်။ 


ဝမ်းမှန်စေပါတယ်

• တစ်ခါတစ်ရံ ဝမ်းချုပ်တဲ့ ဝေဒနာခံစားရရင် နှမ်းဆီထမင်းစားဇွန်းတစ်ဇွန်း သောက်ပေးလိုက်ပါ။ 

• အူလှုပ်ရှားမှုကို ချောမွေ့စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ 


နှိပ်နယ်ရာမှာလိမ်းတဲ့အဆီအဖြစ်အသုံးပြုနိုင်ပါတယ်

• နှမ်းဆီကို ခြေဖဝါးမှာလိမ်းပြီး နှိပ်နယ်ပေးခြင်းဟာ တစ်ညလုံး အိပ်ရေးဝဝအိပ်မောကျစေပါတယ်။


အရသာကောင်းစေပါတယ်

• ဟင်းရွက်သုပ်၊ စွပ်ပြုတ်စတာတွေမှာ နှမ်းဆီမွှေးမွှေးလေး ဆမ်းလိုက်ရင် အရသာရှိစေပြီး ခံတွင်းပိုတွေ့စေပါတယ်။ 


Credit: Hsu



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18