Print

သစ်ကြားသီးနှင့်ဆေးဘက်ဆိုင်ရာအမြင်

  11-Feb-2018
Preview Image

၁။ အမျိုးသားကျန်းမာရေး 

 မျိုးဆက်သစ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာကျန်းမာရေးမှုနှင့် သက်ဆိုင်မှုများအပေါ် မူတည်နေပါသည်။ ထိုအချက်နှင့် ပတ်သက်၍ တင်ပြရမည်ဆိုလျှင် သစ်ကြားသီးတွင် ကျန်းမာမှုနှင့် ညီညွတ်မှု အပြည့်အဝကို ပေးဆောင်နိုင်မည်။ သဘာဝအဆီဓာတ်များ ကုံလုံကြွယ်ဝစွာ ပါဝင်နေပေသည်။ ဆေးသိပ္ပံသုတေသနပြုချက်များအရ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဖော်ပြရလျှင် သစ်ကြားသီးများကို နေ့စဉ်စားသုံးခြင်းအားဖြင့် အမျိုးသားများအသက် ၂၀ နှင့် ၃၀ နှစ်အကြားရှိ အရွယ်တွင် သုက်ပိုးများ အရေအတွက် နည်းပါးမှုကို အစားအစာများမှရရှိသော အာဟာရဓာတ်ဖြင့် သုက်ပိုးအရေအတွက် မြင့်မားစွာ တိုးတက်လာစေပြီး မျိုးဆက်သစ်များအတွက် မျိုးပွားစွမ်းဆောင်မှု မြင့်တက်လာစေနိုင်ပါသည်ဟု အဆိုပ်သုတေသန တွေ့ရှိချက်တွင် ဆက်လက်ဖော်ပြထားလေသည်။


၂။ ဆီးချိုရောဂါနှင့် သစ်ကြားသီးသုတေသနတွေ့ရှိချက်များ

 သစ်ကြားသီးစားသုံးပေးခြင်းအားဖြင့် ဆီးချိုရောဂါ TYPE (2) တွင်လည်း အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပေသည်။ သုတေသနပြုချက်များအရ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် သစ်ကြားသီးကို စားသုံးပေးနိုင်သော ဝေဒနာရှင်များသည် ရောဂါဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း ကျဆင်းစေနိုင်ပါသည်ဟုလည်း အခြားဆေးသိပ္ပံသုတေသနပြုချက်တစ်ရပ်တွင် ဖော်ပြထားပေးသည်။ 


၃။ ဒေါသကြီးသူများ သစ်ကြားသီးကိုစားပေးသင့်

 သစ်ကြားသီးတွင် တရစ်ပတိုဖန်နှင့် အိုမီဂါဖက်တီးအက်စစ်များ ပါဝင်ကန်းများပြားပါသည်။ စိတ်ခံစားမှုကို ပိုမိုတိုးတက်စေနိုင်ပါသည်။ ထို့အပြင် သစ်ကြားသီးတွင် ဖောလိတ်ဓာတ်လည်း ပါဝင်သောကြောင့် စိတ်ဓာတ်မကျအောင် ကာကွယ်မှုကိုပေးဆောင်နိုင်ပါသည်။ ထို့အပြင် ဂျပန်ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ သစ်ကြားသီးကို စားပေးခြင်းသည် ဒေါသစိတ်တို့ကို လျှော့ချပေးစေနို်င်ကြောင်း သဘာဝဒြပ်စင်ဖြစ်သည့် အိုမီဂါဖက်တီးအက်ဆစ်နှင့် ဇင့်ဓာတ်များသည် မကျေမနပ်ဖြစ်နေသော ဒေါသစိတ်များကို ထိန်းချုပ်၍ အြ့ုအမူများကို လျှော့ချပေးနိုင်ကြောင်းကို တာဝန်ရှိ ပညာရှင်မှ ထုတ်ဖော်ပြောဆိုခဲ့ကြောင်းကို ဖတ်ရှုခဲ့ရပေသည်။


၄။ နှလုံးကျန်းမာမှုအတွက် သစ်ကြားသီး

 အခွံမာသီးတွင်ပါဝင်သော သစ်ကြားသီးကို မှန်မှန်စားသုံးသူများသည် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်ပွားမှုကို ကာကွယ်စေနိုင်သည်ဟု ဖော်ပြထားပေသည်။ အမေရိကန် ဓာတုဗေဒအဖွဲ့အစည်းတွင် သစ်ကြားသီးနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်အသစ်ကို ဆေးသိပ္ပံသုတေသီများမှ တင်ပြခဲ့ပေသည်။ ဗီတာမင်အီးဓာတ်တွင် အင်တီအောက်ဆီးစဒင့် စွမ်းရည်သတ္တိများ တည်ရှိပေသည်။ ဆေးသိပ္ပံသုတေသီများ၏ လေ့လာချက်များအရ သစ်ကြားသီးတွင်ပါဝင်သော Anti-Oxidants ကြွယ်ဝမှုအရှိဆုံး အခွံမာသီးတွင် သစ်ကြားသီးပင်ဖြစ်ကြောင်းကို ပင်ဆယ်ဗေးနီးယား ပြည်နယ်ရှိ စကရတင်တက္ကသိုလ်မှ ပညာရှင်ဂျိုးဘင်ဆင်၏ ပြောဆိုချက်ပင်ဖြစ်ပေသည်။


၅။ ကလေးငယ်များအရိုးသန်မာစေနိုင်

 သုတေသနပညာရှင် BAYLOR ကောလိပ်မှ ပါမောက္ခ STEVEN ABRMS ဆိုသော ပုဂ္ဂိုလ်မှ မဂ္ဂနီဆီယမ် (MAGNESIUM) ဓာတ်ပါဝင်သော အစားအစာများသည် အစာလည်းဆေးဆိုရိုးစကားအတိုင်း ဆေးဖက်ဝင်ပေသည်။ အဆိုပါအစားအစာများသည် အရိုးသန်မာမှုတွင် အထူးပင် အရေးပါလှပေသည်။ ကလေးငယ်များ အရိုးသန်မာစေရန်၊ ပြည့်ဝသော အာဟာရဓာတ်များ လုံလောက်စွာရရှိစေရန် လိုအပ်ပေသည်။ မဂ္ဂနီဆီယမ်ဓာတ်ဒြပ်စင်သည် အဓိကကျကြောင်းကို အထက်ပါသုတေသနပညာရှင်မှ ဆက်လက်ပြထားပေသည်။ ကယ်လ်ဆီယမ် (CALCIUM) ဓာတ်သည် အရွယ်ရောက်ပြီး ကလေးငယ်များနှင့် ကလေးငယ်များ၏ အရိုးကျန်းမာရေးတွင်အရေးပါသော်လည်း ကယ်လ်ဆီယမ်ဓာတ်ရရှိမှု နည်းပါးကြသူများအနေနဲ့ မဂ္ဂနီဆီယမ်ဓာတ်မှာလည်း အရေးပါကြောင်းကို ထောက်ပြထားပေသည်။


Credit: ကျော်တင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18