Print

ကျန်းမာလှပသောအရေပြားအတွက်စားသင့်သည့် အစားအစာများ

  22-Jan-2018
Preview Image

အရေပြားကျန်းမာလှပစေဖို့သုံးရတဲ့ အလှကုန်တွေက စျေးကြီးလွန်းတယ်ထင်ရင်တော့ အစားအစာကနေ အရေပြားလှပအောင် ကူညီပေးပါလိမ့်မယ်။ အောက်ဖော်ပြပါအစားအစာတွေကို မကြာခဏစားသုံးခြင်းဖြင့် သင့်အရေပြားကိုကြည်လင်လှပလာစေပါလိမ့်မယ်။


လက်ဖက်စိမ်းလက်ဖက်ရည်

ခန္ဓာကိုယ်နဲ့အရေပြားကို သက်တောင့်သက်သာဖြစ်စေနိုင်တဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ကို နေ့စဉ်မှီဝဲပါ။ အင်တီအောက်ဆီးဒင့်ကြွယ်ဝတာကြောင့် အိုမင်းမှုဖြစ်စဉ်ကို တားဆီးပေးနိုင်ပြီး အရေပြားကို အထောက်အကူဖြစ်စေပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကင်ဆာနှုန်းနဲ့ သွေးဖိအားမြင့်တက်မှုတွေကို တားဆီပေးနိုင်တာကြောင့် နေ့စဉ်မှီဝဲ နိုင်ပါတယ်။ တစ်နေ့ကို လက်ဖက်စိမ်းလက်ဖက်ရည်သုံးခွက်အထိသောက်လို့ရပါတယ်။


ဆယ်လမွန်ငါး

ဆယ်လမွန်ငါးမှာ စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားနှုနဲ့ စိတ်ကျရောဂါတွေကို တိုက်ထုတ်နိုင်ပါစွမ်းတွေ အံ့ကြလောက်အောင် ပါ၀င်နေပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဒီကိုလည်း ဆယ်လမွန်ငါးကနေ ရရှိနိုင်ပါတယ်။ ဦးနှောက်ကျန်းမာရေးကိုကောင်းစေပြီး ဦးနှောက်ကင်ဆာဖြစ််နှုန်းကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ စိတ်ကျမှုတွေကြောင့်ဖြစ်စေနိုင်တဲ့ အရွယ်ကျမှုကိုအကောင်းဆုံးကူညီပေးနိုင်မယ့် အစားအစာပဲဖြစ်ပြီး နှလုံးနဲ့ အရိုးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။


အနက်ရောင်ချောကလက်

အနက်ရောင်ချောကလက်က အရေပြားကျန်းမာစေဖို့ နေ့စဉ်လိုအပ်တဲ့အာဟာရတစ်မျိုးပါပဲ၊ အင်တီအောက်ဆီးဒင့်နဲ့ ဖက်တီးအက်စစ်တွေပါ၀င်တာကြောင့် အရေပြားနီမြန်းတာတွေနဲ့ နေလောင်တာတွေကို သက်သာစေနိုင်ပါတယ်။ ကိုကိုးဓာတ်က လူကိုသက်တောင့်သက်သာဖြစ်စေတာကြောင့် သွေးလည်ပတ်မှုကိုကောင်းစေကာ အရေပြားကိုကျန်းမာစေပါတယ်။ နို့သကြားစတာတွေရောမထားတဲ့ ၈၀ ရာခိုင်နှုနး်လောက်ချောကလက်စစ်စစ်ကို ရွေးချယ်စားသုံးပါ။


သင့်အရေပြားကိုနုပျိုစေမဲ့ အသီးအနှံများ

အစားအစာတွေက သင့်အတွက်အမှန်တကယ်ဆေးဖြစ်စေပါတယ်။ သင့်အရေပြားကို နုပျိုစေမဲ့ အသီးအနှံတွေလည်းရှိပါတယ်။ လေ့လာကြည့်ရအောင်ပါ။


သဘာဝပန်းသီး

သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ပန်းသီးတစ်လုံးဟာ သင့်အနားမှာ ဆရာဝန်တစ်ယောက်ရှိနေသလို ကျန်းမာမှုကိုရရှိစေတယ်လို့ဆိုပါတယ်။ ပန်းသီးကိုပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးလို့ရသလို အစိမ်းရောင်ပန်းသီးက ၀က်ခြံတွေကို သက်သာစေပါတယ်။ မျက်ဝန်းညိုတာနဲ့ မျက်အိတ်ထွက်တာကို သက်သာစေပြီး ဗီတာမင်အေနဲ့ စီပါ၀င်တာကြောင့် အရေပြားကျန်းမာစေပါတယ်။


စပျစ်သီး 

စပျစ်သီးမှာ ဖလေဗိုနွိုက်ပါ၀င်တာကြောင့် အရေပြားကိုကျန်းမာစေပါတယ်။ စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ရောင်ရမ်းမှုလျော့စေတဲ့အာနိသင်တွေရှိပါတယ်။ ၀က်ခြံနဲ့ အရေးအကြောင်းတွေကိုသက်သာစေပြီး အရေပြားကို ချောမွေ့စေပါတယ်။


သင်္ဘောသီး

သင်္ဘောသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ကယ်လ်စီယမ်တွေပါ၀င်တယ်။ အရေပြားချောမွေ့စေပြီး သွေးလည်ပတ်မှုလည်းကောင်းစေပါတယ်။ အသားအရေညီညာလှပစေနိုင်ပါတယ်။ အရေပြားထိခိုက်မှုတွေကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုသက်သာစေပါတယ်။


ဇီးချိုသီး

အသားထူထူပါတဲ့ ဇီးချိုသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝပြီး အစာခြေစနစ်ကိုအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ စွမ်းအင်တွေရရှိစေပြီး ကိုယ်အလေးချိန်ကိုလည်းထိန်းပေးနို်င်တဲ့အသီးမျိုးဖြစ်ပါတယ်။


လိမ္မော်သီး

လိမ္မော်သီးမှာဗီတာမင်စီကြွယ်ဝပြီး ကော်လာဂျင်တွေပါ၀င်တာကြောင့် အရေပြားကျန်းမာလှပစေနိုင်ပါတယ်။ လိမ္မော်ရည်ကို သဘာဝပေါင်းတင်ပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဘီဝမ်းပါ၀င်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ကောင်းမွန်စေပါတယ်။ အရေပြားတင်းကျပ်ကျပ်ဖြစ်နေရင် လိမ္မော်ရည်ကို အနည်းငယ်လိမ်းပြီးရေနွေးနဲ့ မျက်နှာသစ်လိုက်ပါ။


ငှက်ပျောသီး

ငှက်ပျောသီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင်အေ၊ ဘီ၊ အီးတွေပါ၀င်ပြီး အရေပြားကိုနူးညံ့ချောမွေ့စေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အရေပြားတွန့်တာကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ငှက်ပျောသီးတစ်လုံးလောက်နေ့စဉ်စားသင့်ပြီး အနှစ်ပြုလုပ်ကာ မျက်နှာပေါင်းတင်ပေးလို့လည်း ရပါတယ်။


သရက်သီး

သရက်သီးဟာ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေရှိပါတယ်။ သရက်သီးဟာအရေပြားကို ပျော့ပျောင်းစေပြီး ကိုယ်လက်စထရောကို ကျစေပါတယ်။ ဗီတာမင်အေနဲ့ အင်တီအောက်စီးဒင့်တွေပါ၀င်တဲ့ သရက်သီးဟာ အရေပြားကို ကျန်းမာနုပျိုစေပါတယ်။


သံပရာသီး

သံပရာသီးဟာ အရေပြားပေါ်က အမည်းစက်တွေကိုသက်သာစေနိုင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့  သံပရာသီးဟာ အရေပြားကိုကျန်းမာလန်းဆန်းစေရုံသာမကဘဲ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနို်င်စွမ်းရှိပါတယ်။


Dr.Oliver

Credit: နန်းသီရိ(ဆေးဝါး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18