Print

နဂါးမောက်သီး စားသုံးပေးပါ

  09-Dec-2017
Preview Image

နဂါးမောက်သီးကို အရှေ့တောင် အာရှနိုင်ငံများနဲ့ အာရှနိုင်ငံတော်တော်များများက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်တဲ့ အသီးတစ်မျိုးဖြစ်ကြောင်းသတ်မှတ်ထား ကြပါတယ်။


နဂါးမောက်သီးနဲ့ ကျန်းမာရေး

နဂါးမောက်သီးမှာ ဗီတာမင်စီ၊ ဗီတာမင် B1,B2,B3,B12,၊ ဗီတာမင်အေ, Iron, Phosphrous, Calcium စတဲ့ သတ္တုဓာတ်များ ၊ အမျှင်ဓာတ် ၊ ကာဗိုလ်ဟိုက်ထရိတ်၊ Phytoalbumins, Lycopene၊ ရေဓာတ်စတဲ့ အကျိုးပြုဓာတ် သတ္တုများ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ Antioxidants တွေ အများအပြား ပါဝင်နေပါတယ်။


နဂါးမောက်သီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးနိုင်ပါတယ်။နဂါးမောက်သီးထဲမှာရှိတဲ့ အစေ့လေတွေမှာ Polyunsaturated Fatty Acids တွေ ဖြစ်တဲ့ Omega – 3 နဲ့ Omega – 6 Fatty Acids တွေအများအပြားပါဝင်နေပါတယ်။ အဲ့ဒီ Polyunsaturated Fatty Acids တွေဟာ မကောင်းတဲ့ Triglycerides တွေကိုလျော့ချပေးနိုင်ပြီး နှလုံးသွေးကြောကိုနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။နဂါးမောက်သီးဟယ မြင့်မားတဲ့ သွေးဖိအားဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပြီး  ရုတ်တရက်သွေးဖိအားမြင့်တက်မှုကို ကာကွယ်နိုင်တယ်။


ခန္ဓာကိုယ်တွင်းမှာ  Free Radicals တွေရှိနေခြင်းဟာ ကင်ဆာရောဂါတွေကို ဖြစ်ပွားဖို့ တွန်းအားသဖွယ် ဖြစ်နေပါတယ်။နဂါးမောက်သီးမှာ ပါဝင်တဲ့များပြားသော Antioxidants (Phyloalbumirs) တွေဟာ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တဲ့ Free Radicals တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။


ဗိတာမင် ဘီ အုပ်စုဝင််များ၊ အမျှင်ဓာတ်၊ Aintioxidants စတာတွေပါဝင်တဲ့ နဂါးမောက်သီး ဟာ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး အစာခြေအင်္ဂါတွေအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။


နောက်ပြီး အမျှင်ဓာတ်အများအပြားပါဝင်တဲ့နဂါးမောက်သီးကို ပုံမှန်စားခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ရှောင်ရှားနိုင်သည်။ဗီတာမင်စီ အများအပြား ပါဝင်တဲ့ နဂါးမောက်သီးဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး အလွယ်တကူ ရောဂါပိုးဝင်ရောက်ခြင်းကို တားဆီးကာကွာ်ပေးနိုင်ပါသည်။ဖော့စဖရက်နဲ့ ကယ်ဆီယမ်ဟာ အရိုးနဲ့ သွားတွေ ကျန်းမာသန်စွမ်းစေဖို့အတွက် လိုအပ်သော အဆိုပါဓာတ်ပါဝင်တဲ့ နဂါးမောက်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အရိုးနဲ့သွားတွေ ကျန်းမာသန်စွမ်းစေနိုင်တယ်။


နဂါးမောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ ဟာ ဥင်္ီးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်းတွေကို ကာကွယ်ပေးတဲ့အပြင် ဦးနှောက်မှတ်ဉာဏ်တွေ တိုးပွားပေပါတယ်။ဗီတာမင်စီ အများအပြားပါဝင်တဲ့  နဂါးမောက်သီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အရိုးအဆစ်တွေ ကျန်းမာစေဖို့ နာကျင်မှုကင်းဝေးစေဖို့ ကူညီပေးနိုင်ပါတယ်။


အလှအပအတွက် နဂါးမောက်သီး

နဂါးမောက်သီးဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါအသုံးဝင်တဲ့အသီးတစ်သီးပါ။ဗီတာမင်များနဲ့ Antioxidants တွေအများအပြားပါဝင်တဲ့ နဂါးမောက်သီးဟာ အရေပြားအလှအပအတွက် လိုအပ်တဲ့ ကိုလာဂျင်တွေကို တိုးပွားစေပါတယ်။အရေပြားအတွင်း သွေးလည်ပတ်မှုအားကို ကောင်းမွန်စေပြီး စိုပြည်လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။Antioxidants တွေ အများအပြားပါဝင်တဲ့ နဂါးမောက်သီးဟာ အရေးကြောင်းတွေ ၊အသက်အရွယ်ကြီးရင့်လာခြင်း လက္ခဏာတွေဖြစ်စေတဲ့ Free Radicals တွေကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

ရေဓာတ်၊ဗီတာမင်များ ၊ Antioxidants စတာတွေ အများအပြားပါတဲ့ နဂါးမောက်သီးဟာ အရေပြားအစိုဓာတ်ကို ဖြည့်ပေးနိုင်ပြီး အသားအရေကို စိုပြည်မှုကို အထောက်အကူပြုနိုင်ပါတယ်။


ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့

နဂါးမောက်သီး ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ပျက်ဆီးနေတဲ့ ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို နဂါးမောက်သီးက ဖြည့်ဆည်းပေးနိုင်ပါတယ်။သတိပြုရမှာကတော့ တန်ဆေး၊လွန်ဘေးဆိုတဲ့အတိုင်း နဂါးမောက်သီးကို အလွန်အကျွံူ မစားသုံးမိဖို့လိုအပ်သလို သန့်ရှင်းလတ်ဆတ်တဲ့ နဂါးမောက်သီးကို ရွေးချယ်စားသုံးတတ်ဖို့ လိုအပ်ပါတယ်။


Credit :ရွှေယဉ်ကျေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18