Print

အစွန်းနှစ်ဖက်ရှိသော သတ္တုဓာတ် သို့မဟုတ် သတိထားသင့်သော ကယ်လ်စီယမ်

  28-Nov-2017
Preview Image

ကယ်လ်စီယမ်လို့ ပြောလိုက်တဲ့ အချိန်မှာ ကျွန်မတို့ ဘယ်လိုအရာတွေကို ကြိုတွေးလိုက်မိပါသလဲ။ ဟုတ်ပါတယ်။ အားလုံးဟာ ကယ်လ်စီယမ်လို့ ဆိုလိုက်တဲ့ အခါမှာ အရိုးနဲ့ သွားတွေကို ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်လ်စီယမ်ရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ သွားတွေ အရိုးတွေထဲမှာ နေပြီး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အလုပ်တွေကို လုပ်ပေးနေကြပါတယ်။ ကျွန်မတို့ခန့်မှန်းမိတဲ့ အရိုးတွေ သန်မာဖို့၊ သွားတွေ ခိုင်ခ့ံဖို့အပြင် သူဟာ တခြားအရေးကြီးတဲ့ အလုပ်တွေကို လုပ်ပေးပါသေးတယ်။ အလင်းရောင်က ဖျော့တော့လာသည်။ 


(၁) ကယ်လ်စီယမ်နဲ့ နှလုံး

 ကယ်လ်စီယမ်ရဲ့ အန္တရာယ်တွေထဲမှာ နှလုံးကို ထိခိုက်တာလည်း ပါပါတယ်။ ဆွီဒင်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုမှာတော့ ကယ်လ်စီယမ် အားဆေးသောက်တဲ့ အမျိုးသားတွေဟာ နှလုံးရောဂါနဲ့ အသက်ဆုံးဖို့ ရာခိုင်နှုန်း ၂၀ လောက်ပိုများပါတယ်လို့ အတည်ပြုထားပါတယ်။ တခြားစမ်းသပ်မှုမှာတော့ အမျိုးသားရော၊ အမျိုးသမီးတွေမှာပါ ရာခိုင်နှုန်း ၂၀ များနေတာမို့ သတိထားသင့်တယ်လို့ ဆိုပါတယ်။ ဘယ်သူမဆို တစ်နေ့ကို ၁၄၀၀ မီလီဂရမ်ထက် ပိုများသွားတဲ့အခါမှာ နှလုံးကို ထိခိုက်ပြီးတော့ အသက်ဆုံးရှုံးစေပါတယ်။ ဒီပြဿနာဟာ ကယ်လ်စီယမ်ပါဝင်တဲ့ အစားသောက်တွေကို စားသုံးတဲ့သူတွေထက် ကယ်လ်စီယမ် ဆေးပြားသောက်သောသူတွေမှာ ပိုးပြီးတော့ အဖြစ်များပါတယ်။ ဒါကြောင့် နေ့တိုင်းသုံးစွဲတဲ့သူတွေများပါတယ်။ ဒါကြောင့် နေ့တိုင်း သုံးစွဲနေတဲ့ သူတွေအဖို့ သတိထားသင့်ပြီး အကောင်းဆုံးကတော့ ကယ်လ်စီယမ်ပါဝင်တဲ့ အစားအသောက်တွေကို ပိုပြီးတော့ စားသင့်ပါတယ်။


(၂) ကယ်လ်စီယမ်နဲ့ ဝမ်းချုပ်ခြင်း

 ကယ်လ်စီယမ် ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေဟာ ကျွန်မတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာလည်း သက်ရောက်မှုတွေ ပေးပါတယ်။ ကယ်လ်စီယမ်အားလုံးဟာ ကျွန်မတို့ကို ဝမ်းချုပ်စေပေမယ့် calcium carbonate supplements ကတော့ တကယ့်ကို ဆိုးဆိုးရွားရွား ဝမ်းချုပ်စေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး လိုအပ်မှုအရ အသင့်တော်ဆုံး တစ်ခုကို စမ်းသုံးပြီးမှ သောက်သင့်ပါတယ်။ တချို့လူတွေမှာ ရေများများသောက်လိုက်ရင် ဒီလို ပြဿနာတွေ လျော့သွားပေမယ့် ဆက်ဖြစ်နေတတ်တဲ့ သူတွေအဖို့တော့ ကယ်လ်စီယမ် အမျိုးအစား ပြောင်းသုံးပေးသင့်ပါတယ်။ စျေးကွက်ထဲမှာရှိတဲ့ ကယ်လ်စီယမ် အမျိုးအစားအများကြီးထဲက မိမိတို့နဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်ပါလိမ့်မယ်။ 


(၃) ကယ်လ်စီယမ်နဲ့ သံဓာတ်

 ကယ်လ်စီယမ်တွေဟာ အစားအသောက်ထဲမှာ ပါဝင်တဲ့ သံဓာတ်တွေကို ဆွဲထားပြီး ခန္ဓာကိုယ်က မစုပ်ယူနိုင်အောင် တားထားလိုက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သံဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို စားပေးနေပေမယ့် ပုံမှန်ရောက်သင့်တဲ့ ပမာဏထက်နည်းပြီးတော့ ရောက်သွားတဲ့အတွက် သွေးဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းအားပါ လျော့ကျသွား ပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ကယ်လ်စီယမ်ကို မဖြစ်မနေ သောက်ရတော့မယ်ဆိုရင်တော့ သံဓာတ်စုပ်ယူမှုကို အားပေးတဲ့ အစားအသောက်တွေကို တွဲပြီးတော့ စားပေးရပါတယ်။ အသားတွေ၊ ဗီတာမင်စီတွေဟာ သံဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်စေတာကြောင့် တွဲဖက်သုံးစွဲရပါလိမ့်မယ်။ အမျိုးသမီးတွေ ရာသီလာတဲ့အချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါကို အတော့်ကို သတိထားဖို့လိုပါတယ်။


(၄) ကယ်လ်စီယမ်နဲ့ဆေးများ

 ကျွန်မတို့ သောက်သုံးနေကြတဲ့ အစာအာဟာရတွေ၊ ဆေးဝါးတွေလိုပါပဲ။ ကယ်လ်စီယမ်ကလည်း တခြားရောဂါတွေနဲ့ ဓာတ်ပြုပြောင်းလဲမှုတွေရှိနေပါတယ်။ သူတို့ချင်း ပေါင်းစပ်မှုကြောင့် အာနိသင် အပြန်အလှန် ဆုံးရှုံးမှုတွေဖြစ်တတ်တာကြောင့် အတော့်ကို သတိထားဖို့လည်း လိုပါတယ်။ ပိုးသတ်ဆေးသောက်နေရတဲ့ သူတွေအဖို့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး တွေကို လျှော့ချဖို့၊ ဆေးရဲ့ အာနိသင် အပြည့်အဝရနိုင်ဖို့ သူတို့မသောက်ခင် နှစ်နာရီအလို၊ သောက်ပြီးလေးနာရီလောက် ကြာတဲ့အခါမှာ ကယ်လ်စီယမ်ကို သောက်သင့်ပါတယ်။ အဲ့ဒီလိုပဲ အရိုးနဲ့ပတ်သက်တဲ့ ဆေး၊ နှလုံးရောဂါ၊ ဆီးချိုရောဂါအတွက် အသုံးပြုတဲ့ ဆေးတွေကို ကယ်လ်စီယမ်တွေနဲ့ အချိန်ခြားပြီးတော့ သုံးသင့်ပါတယ်။ ဆီးဆေးတွေ၊ Corticosteroid တွေ၊ Aluminium သုံးတဲ့ဆေးတွေ၊ ဟော်မုန်းအစားထိုး ကုသမှုခံယူမှုတွေကြောင့် ခန္ဓာကိုယ်မှာ ကယ်လ်စီယမ်တွေ ချို့တဲ့သွားတတ်တာကိုလည်း သတိထားရပါလိမ့်မယ်။


 ကယ်လ်စီယမ်ဟာ ကျွန်မတို့ရဲ့ အရိုးအသစ်တွေ ကောင်းကောင်းဖွံ့ဖြိုးဖို့၊ အရိုးဆဲလ်တွေကို ခိုင်မာဖို့အတွက် မဖြစ်မနေ လိုအပ်တာပါ။ ဒါကြောင့် အရိုးပွရောဂါကို ကာကွယ်ဖို့၊ ကုသဖို့အတွက် အသုံးများပါတယ်။ ကျွန်မတို့ သောက်လေ့သောက်ထရှိတဲ့ လေဆေးတွေထဲမှာ ကယ်လ်စီယမ်ပါဝင်ပါတယ်။ သွေးထဲမှာ များနေတဲ့ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ပမာဏကို ထိန်းချုပ်ဖို့အတွက် ဆရာဝန်တွေဟာ ကယ်လ်စီယမ်တွေကို အသုံးပြုကြပါတယ်။ အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေကို လျော့ပါးစေပါတယ်။ သွေးမဆုံးသေးခင်မှာ ရင်သားကင်ဆာကို ကာကွယ်နိုင်ပါတယ်။ 


 အဲ့ဒီလိုမျိုး ကယ်လ်စီယမ်ဟာ ကျွန်မတို့ကို တကယ့်ကို အကျိုးပြုနို်င်တဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပေမယ့် ကျွန်မတို့ သူ့ကို အပြည့်အဝ ယုံကြည်ပြီးတော့ လွန်လွန်ကဲကဲ မသုံးစွဲမိအောင်တော့ အတော့်ကို သတိထားရပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်သည်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့တော့ ပုံမှန်ထက် နေ့စဉ်လိုအပ်တာထက် ပိုပြီးတော့ မသုံးစွဲသင့်ပါဘူး။ ဒါကြောင့် အားလုံးအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်ကို အစားသောက်တွေ ကနေရဖို့ ပထမဆုံး ကြိုးစားသင့်ပါတယ်။ ဒီနည်းလမ်းနဲ့ အဆင်မပြေဘူးဆိုတော့မှ ကယ်လ်စီယမ်ပါတဲ့ ဖြည့်စွက်စာ၊ အားဆေးတွေကို စဉ်းစားရပါလိမ့်မယ်။ ဒီနောက်ပိုင်းမှာ ကယ်လ်စီယမ်တွေကို ဆရာဝန်တွေရဲ့ ဆေးညွှန်းစာမပါဘဲနဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ ရနေပါတယ်။ သူတို့ကို အရည်အနေနဲ့ရော ဝါးစားလို့ရတဲ့ ဆေးပြားတွေအနေနဲ့ပါ ကျွန်မတို့ တွေ့နိုင်ပါတယ်။ ဒီတော့ သူတို့ကို သုံးတော့မယ်ဆိုရင် သတိထက်လွတ် မသုံးမိဘဲ အောက်က အချက်ကလေးတွေကို သတိထားပြီး လိုက်နာစေချင်ပါတယ်။


၁။ ဆေးအညွှန်းကို သေချာဖတ်ကြည့်ဖို့လိုအပ်ပါတယ်။ ဆေးပြားတစ်ပြား၊ ဆေးရည်တစ်ဇွန်းမှာပါဝင်တဲ့ ကယ်လ်စီယမ် ပမာဏဟာ ကျွန်မတို့ လိုအပ်နေတဲ့ ပမာဏထက် ပိုနေလား၊ လျော့နေလားဆိုတာကို ဒီကနေသိနိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့သောက်ရမယ့် အကြိမ်ရေ၊ ရှောင်ရမယ့် အချက်တွေကို မြင်ရနိုင်ပါတယ်။


၂။ ပမာဏ နည်းနည်းသောက်ပါ။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ ကယ်လ်စီယမ်တွေ အများကြီးကို တစ်ချိန်တည်းမှာ မစုပ်ယူနိုင်ပါဘူး။ သူတို့ကို ၅၀၀-၆၀၀ မီလီဂရမ်လောက် သုံးမှသာ အဆင်ပြေပါတယ်။ ဒါကြောင့် ဆေးသောက်တဲ့အခါပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာ စားတဲ့အခါမှာပဲဖြစ်ဖြစ် ပေါင်းပြီးတော့ မသုံးမိအောင် သတိထားရပါမယ်။


၃။ အစာနဲ့ တွဲသောက်ပါ။ အစာစားလိုက်တဲ့အချိန်မှာ ထွက်လာတဲ့ အက်ဆစ်တွေဟာ ကျွန်မတို့ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေကို ကောင်းကောင်းစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ ကယ်လ်စီယမ်တိုင်းတော့ မဟုတ်ပါဘူး။ calcium citrate ဆိုရင်တော့ အစာရှိတဲ့အသံပဲဖြစ်ဖြစ် အစာမရှိတဲ့အချိန်ပဲဖြစ်ဖြစ် ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။


၄။ ကယ်လ်စီယမ်ဆေး အသစ်ကို စသောက်တဲ့အချိိန်မှာ နည်းနည်းချင်းသာသောက်ပါ။ တစ်ခါသောက်ရင် ၅၀၀ မီလီဂရမ်လောက် သောက်တာဟာ အကောင်းဆုံးဆိုပေမယ့် စသောက်သောက်ချင်းမှာတော့ သူ့ထက်နည်းတဲ့ ပမာဏကိုသာ သုံးသင့်ပါတယ်။ ဆေးပမာဏ နည်းနည်းနဲ့ ရေများများသောက်တာဟာ ဘေးအကင်းဆုံးပါပဲ။ တစ်ပတ်လောက်အတွင်းမှာတော့ တစ်နေ့ကို ၂၀၀-၃၀၀ မီလီဂရမ်လောက်ပဲ သုံးပြီး နောက်ပိုင်းမှ တဖြည်းဖြည်းချင်းစီ တိုးသင့်ပါတယ်။


Credit: နှင်းနုလွင် (ဆေးဝါး)

Dr. Olivar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18