Print

ခရမ်းချဉ်သီး၏ ကျန်းမာရေး၊ အရေပြားနှင့် ဆံပင်အတွက် အသုံးဝင်ပုံများ

  25-Nov-2017
Preview Image

ဝမ်းဗိုက်ပြည့်စေတယ်

 ခရမ်းချဉ်သီးမှာ ရေဓာတ်ပါဝင်မှုများပြီး ဗိုက်ပြည့်တင်းစေပါတယ်။ 


ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာရရှိနိုင်တယ်

 ခရမ်းချဉ်သီးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ၂၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ 


နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေတယ်

 ခရမ်းချဉ်သီးမှာ ပိုတက်ဆီယမ်များစွာပါဝင်လို့ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ နေ့စဉ်ပါဝင်အောင် စားသုံးပါက နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 


မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတယ်

 ခရမ်းချဉ်သီးထဲမှာ ဗီတာမင်အေ၊ ဖလေဗိုနွိုက်၊ ဗီတာမင် ဘီအုပ်စု၊ ဖောလိတ်စတာတွေ ပါဝင်တာကြောင့် မျက်စိရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 


သွားနဲ့အရိုးတွေကို ကာကွယ်ပေးတယ်

 ခရမ်းချဉ်သီးထဲမှာ ကယ်လ်စီယမ်တွေ များစွာပါဝင်လို့ အရိုးဖြစ်ပေါ်မှုကို အားပေးတာကြောင့် အရိုးတွေကို သန်မာစေပါတယ်။ သွားတွေကို ခိုင်မာစေပြီး ခံတွင်းရောဂါတွေ ကင်းစင်စေပါတယ်။ 


ဓာတ်တိုးပစ္စည်းတွေ ဖျက်ဆီးမှုမှကာကွယ်ပေးတယ်

 ခရမ်းချဉ်သီးမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဖလေဗိုနွိုက်တွေဖြစ်တဲ့ လိုင်ကိုပင်းနဲ့ ဇီဇမ်သင်းတွေ ပါဝင်တာကြောင့် ဓာတ်တိုးပစ္စည်းတွေရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးမှုတွေကနေ ကာကွယ်ပေးပါတယ်။


ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်။

 အင်တီအောက်ဆီးဒင့်တွေက အဆုတ်၊ အူမကြီးနဲ့ ရင်သားမှာ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်အောင် တားဆီးပေးပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပြုမှုတွေ မဖြစ်အောင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပြုမှုတွေ မဖြစ်အောင် ဓာတ်တိုးပစ္စည်းတွေရဲ့ လုပ်ဆောင်မှုကို တားဆီးပေးပါတယ်။ 


ကြွက်သားနဲ့ဆဲလ်တွေကို ပြန်လည်တည်ဆောက်ပေးတယ်

 ခရမ်းချဉ်သီးမှာ ပရိုတင်းပါဝင်မှုများတာကြောင့် ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ 


အဆီမပါဝင်ပါ

 ခရမ်းချဉ်သီးထဲမှာ ကာဗိုဟိုက်ဒရိတ် ၄ ဂရမ်၊ ပရိုတင်း ၁ ဂရမ်၊ ၁၈ ကယ်လိုရီနဲ့ ပြည့်ဝဆီလုံးဝ မပါဝင်ပါ။ 


ဝက်ခြံကို ကုသနိုင်တယ်

 ဝက်ခြံကို ကုသပေးတဲ့ သောက်ဆေး၊ လိမ်းဆေးတွေများစွာထဲမှာ ဗီတာမင် အေ နဲ့ စီတွေပါဝင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ အက်စစ်ဓာတ်များစွာပါဝင်လို့ အနီစက်တွေထွက်တာနဲ့ ဝက်ခြံဖြစ်တာကို သက်သာစေပါတယ်။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပြီး မျက်နှာပေါ် ပွတ်လိမ်းပေးပါ။ မျက်နှာပေါ်မှာ ဝက်ခြံတွေ အတော်များပါက ခရမ်းချဉ်သီးကို အခွံနွှာပြီး ကြိတ်ခြေပါ။ မျက်နှာပေါ် လူးပေးပြီး တစ်နာရီလောက်ထားပြီးမှရေနဲ့ သန့်စင်ဆေးကြောပါ။


ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

 ခရမ်းချဉ်သီးကို အစေ့တွေပါ မဖယ်ဘဲ သကြားလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောပါ။ မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီး တစ်နည်းအနေနဲ့ ခရမ်းချဉ်သီးကို ထပ်ဝက်ခြမ်းပြီး အဲဒီပေါ်ကို သကြားဖြူးကာ မျက်နှာနဲ့ လည်ပင်းပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ အသားအရေကြည်လင်ဝင်းပစေပါတယ်။


ဦးရေပြားအနံ့ဆိုးတွေ ကင်းစင်စေတယ်

 ခရမ်းချဉ်သီးအရည်ကို ဦးရေပြားနဲ့ ဆံသားအနံ့ လိမ်းပေးပြီး မိနစ်အနည်းငယ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေအေးနဲ့ သန့်စင်ပေးပါ။ ဆံသားခြောက်သွေ့ပျက်စီးမှုမှ ကာကွယ်ပေးတယ်။


ဆံသားအစိုဓာတ်ကို ရရှိစေတယ်။

 ဦးရေပြားနဲ့ ဆံသားတွေ ခြောက်သွေ့တဲ့အခါ အဖျားတွေ နှစ်ခွဖြစ်ကာ ဆံသားလည်း ပျက်စီးလာပါတယ်။ ခရမ်းချဉ်သီးကို ကြိတ်ခြေပြီး ဆံသားအနှံ့လိမ်းကာ အဝတ်တစ်ခုနဲ့ ပေါင်းထားပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ရေအေးနဲ့ သန့်စင်ပေးပါ။ ဆံသားနဲ့ ဦးရေပြားအစိုဓာတ်ကို ရရှိစေပါတယ်။


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Dr. THN



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18