Print

ဘယ်လောက်အတိုင်းအတာထိ တစ်နေ့ကို ဗီတာမင် D မှီဝဲလို့ရမလဲ

  21-Nov-2017
Preview Image

ကလေးငယ် မွေးစမှ ၁ နှစ်အထိ ၄၀၀ IU (15 micrograms ) (မိခင်နို့တွင်ပါဝင်ပြီးသား ဖြစ်တဲ့အတွက် မိခင်သာ အာဟာရပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ ကလေးငယ်ကို ထပ်တိုက်ရန်မလိုပါ။ အရေးကြီးတာက မိခင်က ဗီတာမင် D ပြည့်ဝနေဖို့လိုပါတယ်။ မဟုတ်ရင် ကလေးငယ်လည်း ဗီတာမင် D ချို့တဲ့သွားနိုင်ပါတယ်။



ဘယ်လိုအစားအသောက်တွေ စားရင်ဗီတာမင် D ဘယ်လောက်ရမလဲ။

• အာဟာရထပ်ဖြည့်ထားတဲ့ နို့ (Fortified Milk) (240 ml) – 100 IU
• အာဟာရထပ်ဖြည့်ထားတဲ့ လိမ္မော်ရည် (Fortified orange juice) (240 ml)-100 IU
• အာဟရထပ်ဖြည့်ထားတဲ့ ဆယ်ရီယယ် (Fortified cereal) (တရုတ်ထမင်းပန်ကန်လုံး ခွက်တစ်ဝက်) – 40-80 IU
• ဆယ်လမွန်ငါး (100 g) – 624 IU
• ငါးသေတ္တာ (100 g) – 272 IU
• ဒိန်ခဲ (cheese) (100 g) – 44 IU
• ကြက်ဥတစ်လုံး - 41 IU
• အမဲအသည်း (100 gm) – 48 IU
• တူနာငါး (100 gm) – 181 IU
• စျေးကွက်ထဲရှိ အားဆေးတော်တော်များများမှာ တစ်လုံးကို - 400 IU ပါဝင်ပါတယ်။

နောက်တစ်မျိုး သဘာဝအတိုင်း ဗီတာမင် D ရနိုင်တဲ့ နည်းလမ်းကတော့ နေပူစာလှုံပေးတာမျိုးပါ။ အချိန်အားဖြင့် မနက် ၁၀ ကနေ နေ့လယ် ၃ နာရီထိ နေရောင်ခြည်ကတော့ အကောင်းဆုံးပါ။ ဒါပေမဲ့ မနက် ၁၀-၁၁ နာရီ၊ နေ့လယ် ၂-၃ နာရီ အချိန်ကတော့ မြန်မာနိုင်ငံ ရာသီဥတုအတွက် ပိုသင့်တော်ပါတယ်။



Credit: ဒေါက်တာညီညီကျော် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်)
Dr. Win



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18