Print

ဟင်းနုနယ်ရွက်အစွမ်း အ့ံမခန်း

  18-Nov-2017
Preview Image


ဟင်းနုနယ်ရွက်သည် ကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့် အညီညွတ်ဆုံး ဟင်းသီးဟင်းရွက်များ အနက် တစ်မျိုးအပါအဝင် ဖြစ်သည်။ ဟင်းနုနယ်ရွက်သည် ခန္ဓာကိုယ်၏ အာဟာရဓာတ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံသာမက ကိုယ်ကာယ နာမကျန်းမှုများ မဖြစ်ပွားအောင် တားဆီးကာကွယ်ပေးသကဲ့သို့ သက်သာပျောက်ကင်းအောင်လည်း ကုသပေးနိုင်စွမ်းရှိသည်။ အကယ်၍ ဟင်းနုနယ်ရွက်ကို နေ့စဉ်အစားအစာများတွင် ထည့်သွင်းစားသောက်ခြင်း မပြုလုပ်ဖူးသေးပါက ဟင်းနုနယ်ရွက်၏ ကျန်းမာရေး အစွမ်းအာနိသင်များကို သိရှိပါက အခုချက်ချင်းပင် စားသောက်ချင်စိတ်ပေါက်လာမည်ဖြစ်သည်။ ည ဟင်းနုနယ်ရွက်ထဲတွင် ပါရှိသော ဗီတာမင်စီဓာတ်နှင့် ဗီတာမင်အေဓာတ်များသည် ကိုလက်စထရော၏ အောက်ဆီဂျင်ဓာတ်တိုးမှုကို တားဆီးကာကွယ်ပေးသောကြောင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်မည့် ဘေးအန္တရာယ်ကို လျှော့ချပေးသည်။ 


၁။ သန္ဓေသားလောင်း ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြုနိုင်စွမ်း 

ဟင်းနုနယ်ရွက်၏ အ့ံမခန်းကျန်းမာရေးအစွမ်း အာနိသင်တစ်ခုမှာ မိခင်ဝမ်းကြာတိုက်အတွင်းမှ သန္ဓေသားလောင်း၏ အာရုံကြောစနစ်သစ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အထောက်အကူပြုပေးနိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။  ဟင်းနုနယ်ရွက်တွင် ဗီတာမင်အေနှင့် ဖောလိတ်ဓာတုပစ္စည်းများ ကြွယ်ဝစွာပါရှိသောကြောင့် မိခင်လောင်း ကိုယ်ဝန်ဆောင်များအနေဖြင့် ခပ်များများစားသုံးမှီဝဲသင့်သည်ဟု အကြံပြုထားသည်။ 


၂။ ဇီဝတွင်းဖြစ်ပျက်လှုပ်ရှားမှု တိုးတက်ကောင်းမွန်လာစေနိုင်စွမ်း 

အခြားဟင်းသီးဟင်းရွက် အမျိုးမျိုးနှင့် နှိုင်းယှဉ်ပါက ဟင်းနုနယ်ရွက်တွင် ပရိုတင်းဓာတ်ပမာဏ ပိုမိုပါရှိသည်။ ဟင်းနုနယ်ရွက်တွင်ပါရှိသော ပရိုတင်းဓာတ်နှင့် အမိုင်နိုအက်စစ်များသည် လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်တစ်လုံးကို တိုးတက်ကောင်းမွန်လာစေနိုင်စွမ်းရှိသည်။ ထိုသို့ ဇီဝကမ္မဖြစ်စဉ် တိုးတက်ကောင်းမွန်လာမှုကြောင့် လူခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အစွမ်းကုန်တိုးတက်ကောင်းမွန်လာစေသည်။


၃။ အစာအိမ်အနာရောဂါမဖြစ်အောင် ကာကွယ်နိုင်စွမ်း

 ဟင်းနုနယ်ရွက်တွင် ဂလိုင်ကိုဆိုင်ကလာရိုလစ်ပစ်စ်များ ပါရှိသောကြောင် အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ အနားစပ်များကို အင်အားတိုးပွားလာစေနိုင်စွမ်းရှိသည်။ ထိုသို့ အစာခြေလမ်းကြောင်း အင်အားရှိလာခြင်းကြောင့် မလိုလားအပ်သော ရောင်ရမ်းမှုများ မဖြစ်ပေါ်အောင် တားဆီးကာကွယ်ပေးသည်။ 


၄။ အရိုးတွင်း သတ္တုဓာတ်များ ဖွဲ့စည်းတည်ဆောက်အောင် အထောက်အကူပြုနိုင်စွမ်း

 ဟင်းနုနယ်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများစွာအနက် ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုမှာ ဗီတာမင်ကေဓာတ် ကြွယ်ဝစွာပါရှိခြင်းဖြစ်သည်။ အဆိုပါဗီတာမင်ကေဓာတ်သည် အရိုးတည်ဆောက်ဖွဲ့စည်းမှုအတွက် ကယ်လ်စီယမ်ဓာတ်ကို ထိန်းသိမ်းထားရာတွင် အထောက်အကူပြုသောကြောင့် အရိုးတွင် သတ္တုဓာတ်များ ဖွဲ့စည်းတည်ဆောက်ရာတွင် အလွန်အရေးပါသည်။  ဟင်းနုနယ်ရွက်တွင် ဇင့်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နှင့် ကြေးနီဓာတ်ကဲ့သို့သော သတ္တုဓာတ်များလည်း ပါရှိသောကြောင့် ကြံ့ခိုင်သန်မာသော အရိုးများဖွဲ့စည်းတည်ဆောက်ထားရာတွင် အထောက်အကူပြုစေနိုင်စွမ်းရှိသည်။ 


၅။ သွေးဖိအားတည်ငြိမ်အောင် ထိန်းသိမ်းထားပေးနိုင်စွမ်း

 ဟင်းနုနယ်ရွက်တွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာပါရှိပြီး ဆိုဒီယမ်ဓာတ် နည်းပါးစွာပါရှိသည်။ သို့ဖြစ်ရာ သွေးဖိအား မြင့်မားပြီး သွေးတိုးရောဂါ ခံစားနေရသူများအတွက် ဟင်းနုနယ်ရွက်မှာ အလွန်ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာဖြစ်သည်။ 


၆။ ကြွက်သားများသန်မာလာစေနိုင်စွမ်း

 ကျန်းမာရေးအကျိုးကျေးဇူးတစ်ခုမှာ ကြွက်သားများ ဖွဲ့စည်းတည်ဆောက်ပေးခြင်းပင်ဖြစ်သည်။ ဟင်းနုနယ်ရွက်တွင် COQ 10 ဓာတုပစ္စည်းအစိတ်အပိုင်းတစ်ရပ်ပါရှိသည်။ ၎င်းသည် ကြွက်သားများ အထူးသဖြင့် နှလုံးကြွက်သားများ ကြံ့ခိုင်သန်မာလာအောင် အထောက်အကူပြုသည်။


အာရုံကြောဖွံ့ဖြိုးစေသော အကျိုးကျေးဇူးအစွမ်း

 ဟင်းနုနယ်ရွက်တွင် ဖောလိတ်၊ ပိုတက်စီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းစသော အာရုံကြောစနစ် ဖွံ့ဖြိုးစေသည့် အကျိုးကျေးဇူးရှိသော ဓာတုပစ္စည်းအမျိုးမျိုးပါရှိသည်။ အာရုံကြောဗေဒအရ ဖောလိတ်ဓာတ်သည် လူကြီးသူမတို့ သတိမေ့မှတ်ဉာဏ်ချို့ယွင်းသော အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမည့် ဘေးအန္တရာယ်များကို လျော့နည်းကျဆင်းလာစေသည်။ 


၈။ စက္ခုအမြင်အာရုံ ဆုတ်ယုတ်ကျဆင်းသော အေအမ်ဒီရောဂါမဖြစ်ပွားအောင် တားဆီးကာကွယ်ပေးနိုင်စွမ်း

 မျက်စိ၏ မြင်လွှာအလယ်ဗဟို အစိတ်အပိုင်းကို ဖွဲ့စည်းထားသော ဇန်သင်းန်နှင့် လျူတိန်းဓာတ်ဆုတ်ယုတ်ယိုယွင်း လာမှုကြောင့် အေအမ်ဒီစက္ခုအမြင်အာရုံ ဆုတ်ယုတ်ကျဆင်းလာရခြင်းဖြစ်သည်။ ဟင်းနုနယ်ရွက်ကို ပုံမှန်စားသုံးမှီဝဲပါက ဟင်းနုနယ်ရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးအစွမ်းကြောင့် အဆိုပါ ဇန်သင်းန်နှင့် လျူတိန်းဓာတ် စသောအလွန်အရေးပါသည့် ရောင်ခြယ်ဆဲလ်ဖြစ်စေသော ဓာတ်များကို ပြန်လည်တိုးပွားလာအောင် အထောက်အကူပြုနိုင်စွမ်းရှိခြင်းကြောင့် စက္ခုအမြင်အာရုံ ဆုတ်ယုတ်ကျဆင်းသော အေအမ်ဒီရောဂါကို တားဆီးကာကွယ်ပေးနိုင်သည်။


၉။ စက္ခုအလင်းအာရုံကို တိုးတက်ကောင်းမွန်လာစေနိုင်စွမ်း

 ဟင်းနုနယ်ရွက်တွင် မျက်စိ၏ စက္ခုအလင်းအမြင်အာရုံအတွက် အလွန်ကျန်းမာရေးအကျိုးကျေးဇူးဖြစ်စေသော ဘီတာကယ်ရိုတင်း၊ ဇန်သင်းန်နှင့် လျူတိန်းဓာတ်များ ကြွယ်ဝစွာပါရှိသည်။ ဟင်းနုနယ်ရွက်တွင်ပါရှိသော ဘီတာကယ်ရိုတင်းဓာတ်သည် မျက်စိယားယံခြင်း၊ မျက်စိခြောက်သွေ့ခြင်းနှင့် မျက်စိအနာများ မဖြစ်ပွားအောင် တားဆီးကာကွယ်ပေးနိုင်စွမ်းရှိသည်။ 


Credit: လွင်ကျော်မြတ်

Dr. KSA



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18