Print

အသားအရေလှပစေသော အစားအစာများ

  14-Nov-2017
Preview Image

လှပသော အသားအရေကို ပိုင်ဆိုင်ပြီး အရေပြားချောမွတ်လှပလိုပါလျှင် အရေပြားရေဓာတ် ပြည့်ဝစေပြီး အသားအရေလှပစေရန် အရေပြားအကျိုးပြု အစားအစာများ စားသုံးပေးရန် လိုအပ်ပါသည်။ 


အသားအရေလှပစေသောအစားအစာများ

၁။ ပဲ

 ပဲထဲတွင် အသားအရေကို လှပစေနိုင်သော ပရိုတင်းဓာတ် ပါဝင်သည်။ ပဲများများစားလျှင် အသားများကို လျှော့စား၍ ရပါသည်။ ပဲတွင် အဆီဓာတ်ပါဝင်မှု အတော်လေး နည်းပါသည်။ ပဲစားပေးခြင်းဖြင့် ကိုယ်ခန္ဓာ အဆီကျစေနိုင်သော ကောင်းကျိုးများရရှိစေသည်။ ကျန်းမာရေးကို ကောင်းစေနိုင်သည်။ ခန္ဓာကိုယ်ရှိ အမွှေးအမှင်များကို ထိန်းချုပ်ပေးနိုင်သည်။ အမျိုးသမီးများ စားရန်ပိုသင့်လျော်ပါသည်။ ပဲစားခြင်းဖြင့် အသားအရေကို လှပဖြူဖွေးစေသည်။ အိုမင်းရင့်ရော်မှုကိုလည်း ခုခံကာကွယ်ပေးနိုင်သည်။


၂။ ခရမ်းချဉ်သီး

 ခရမ်းချဉ်သီးထဲတွင် ပါဝင်သောဓာတ်ကြောင့် အရေပြားကို ကောင်းကျိုးပေးနိုင်သည်။ အရေပြားပေါ်တွင် အရေးအကြောင်းများ ဖြစ်ပေါ်လာခြင်းကို ကာကွယ်ပေးနိုင်သည်။ ခရမ်းချဉ်သီး စားပေးခြင်းဖြင့် မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေနိုင်သည်။ အရေပြားကို ချောမွတ်လှပစေနိုင်သည်။ 


၃။ ပန်းသီး

 ပန်းသီးစားပေးခြင်းဖြင့် အရေပြားထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်သည်။ နေပူထဲသို့ ထွက်မည့်သူများ နေလောင်ဒဏ်ခံနိုင်မည်။


၄။ ကီဝီသီး

 ကီဝီသီးထဲတွင် ဗီတာမင် C ဓာတ် ပါဝင်သည်။ ကီဝီသီး စားပေးခြင်းဖြင့် အရေပြားပေါ်တွင် ဖြစ်ပေါ်နေသော တင်းတိပ်၊ အမည်းကွက်တို့ကို ကူညီ၍ဖယ်ရှားပေးနိုင်သည်။ 


၅။ စတော်ဘယ်ရီသီး

 စတော်ဘယ်ရီသီးထဲတွင် ဗီတာမင် C ဓာတ်ပါဝင်သည်။ ဆယ်လူလို့စ် ဓာတ်ပါသည်။ စတော်ဘယ်ရီကို စားပေးခြင်းဖြင့် အရေပြားကို ချောမွတ်တောက်ပြောင်စေနိုင်ပါသည်။


၆။ ပဲပြား

 ပဲပြားထဲတွင် ပရိုတင်းဓာတ်၊ ဗီတာမင် B ဓာတ်တို့ ပါဝင်ပါသည်။ ပဲပြားစားပေးခြင်းဖြင့် အရေပြားပေါ်တွင် ဖြစ်ပွားနိုင်သော အမည်းကွက်၊ အဖုအပိမ့်များကို ဖယ်ရှားပေးနိုင်သည်။


၇။ ငါး

 ငါးထဲတွင် ပါဝင်သောဓာတ်ကြောင့် အသားအရေကို ကျစ်လစ်လှပစေနိုင်သည်။ နေ့စဉ် ငါး ၁၀၀ ဂရမ် စားပေးသင့်သည်။ ငါးစားပေးခြင်းဖြင့် မျက်နှာပိုင်းအသားအရေကို ပိုမိုလှစေ၍ လည်ပင်းပိုင်း အသားအရေကို ပိုမိုကောင်းမွန်စေနိုင်သည်။


၈။ နွားနို့

 ညပိုင်း နွားနို့တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် အရေပြားဆဲလ်များ ရှင်သန်မှုကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်သည်။ အရေပြားပေါ်တွင် ဖြစ်တတ်သော အရေးအကြောင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးနိုင်သည်။ 


၉။ မုန်လာဥနီ

 မုန်လာဥနီ စားပေးခြင်းဖြင့် အရေပြားထဲတွင်ရှိသော ဆဲလ်များ၏ စွမ်းရည်ကို ပိုမိုကောင်းမွန်စေရန် ကူညီပေးသည်။ အရေပြားအပေါ်ရှိ အရေးအကြောင်းများကို လျော့ချပေးနိုင်သည်။ အသားအရေကို စိုစွတ်၍ ချော့မွေ့စေရန် ပြုလုပ်ပေးနိုင်သည်။


၁၀။ ရေညှိ

ရေညှိထဲတွင် သတ္တုဓာတ်ပါဝင်သည်။ ရေညှိကို မကြာခဏ စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆီပိုများကို ဖယ်ရှားပေးနိုင်သည်။


Credit: ရွှေပြည့်အိမ်

Dr. Win H A



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18