Print

Oat (အုတ်ဂျုံ)

  07-Nov-2017
Preview Image


Oat (အုတ်ဂျံု) ကို ရှေးယခင်ကတည်းက ကျန်းမာလှပတဲ့ လူနေမှုဘဥအတွက် အသုံးပြုခဲ့ကြပါတယ်။ Oat (အုတ်ဂျံု)တွင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်၊ သတ္တုဓာတ်များ၊ အမျှင်ဓာတ်များနှင့် ဓာတ်တိုးပစ္စည်း ဆန့်ကျင်ပစ္စည်းများ (Anti – oxidant) တိုးကြွယ်ဝပါတယ်။ လေ့လာတွေ့ရှိချက်များအရလည်း Oat (အုတ်ဂျံု) နှင့် Oat အခြေခံအစားအစာများတွင် အာဟာရတန်ဖိုးများ ကျန်းမာရေးအတွက် ကောင်းကျိုးများ များစွာပါဝင်သည်ကို တွေ့ရှိရပါတယ်။


၁။ အာဟာရဓာတ်ပေါကြွယ်ဝခြင်း

Oat (အုတ်ဂျံု) တွင် အနည်းငယ် သောက်သုံးရုံဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်များ၊ သံဓာတ်များ ပါဝင်ပါတယ်။ အာဟာရဓာတ်စုံလင်စွာ ရရှိစေဖို့ အခြားအစားအစာများစွာ စားသုံးခြင်းထက် Oat (အုတ်ဂျံု) အနည်းငယ် သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ ထို့ကြောင့် Oat (အုတ်ဂျံု) ကို အာဟာရဓာတ်များ ပေါ်ကြွယ်ဝသော အစားအစာတစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ်။


၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း

Oat (အုတ်ဂျံု) တွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (anti – oxidant) များ ပေါကြွယ်ဝခြင်းကြောင့် သွေးလှည့်ပတ်မှု အားကေင်းစေခြင်း၊ ယောင်ယမ်းမှုများ သက်သာစေခြင်း၊ ယားယံမှုများ သက်သာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။


၃။ အမျှင်ဓာတ်ပေါကြွယ်ဝခြင်း

Oat (အုတ်ဂျံု) တွင် အမျှင်ဓာတ်များပေါများစွာ ပါဝင်ခြင်းကြောင့် ဝမ်းမှန်စေပါတယ်။ အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားများကိုလည်း တိုးပါးစေပါတယ်။ အနည်းငယ်စားသုံးခြင်းဖြင့် အာဟာရဓာတ်ပြည့်ဝစွာရရှိပြီး ပြည့်အင်မှုကို ရနိုင်သောကြောင့် အစားအသောက် ခန့်ခွဲမှု (diet plan) ယူနေသူများအတွက်လည်း အကျိုးများလှပါတယ်။


၄။ သွေးတွင်းအဆီဓာတ်ကျစေခြင်း

Oat (အုတ်ဂျံု) တွင် သွေးတွင်းရှိမလိုလားအပ်သော အဆီများဖြစ်သည့် ကိုလက်စထရောများ ကျဆင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါတယ်။ သွေးကြောယောင်ယမ်းမှု သက်သာစေခြင်း၊ တစ်သျှူးများ ပျက်စီးမှုကို ကာကွယ်ပေးခြင်းကိုလည်း တွေ့ရှိရပါတယ်။ လေ့လာချက်တစ်ခုအရ Oat (အုတ်ဂျံု) တွင် Vitamin C နဲ့ ပေါင်းပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဖြစ်တဲ့ LDL ပျက်စီးမှုကို တားဆီးကာ ကျန်းမာစေပါတယ်။


၅။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

Oat (အုတ်ဂျံု) သည် သွေးတွင်သကြားဓာတ်ထိန်းညှိပေးခြင်း၊ အင်ဆူလင် (insulin) ၏ လုပ်ဆောင်မှုကို တိုးတက်စေခြင်းကြောင့် အဝလွန်သူများနှင့် ဆီးချိုအမျိုးအစား (၂) ခံစားနေရသူများအတွက် သင့်တော်ပါတယ်။


၆။ အဆီကျလှပစေခြင်း

Oat (အုတ်ဂျံု) သည် ပြည့်ဝအစားအစာ (filling food) တစ်မျိုးဖြစ်ပါတယ်။ Oat (အုတ်ဂျံု) ကို မနက်စာတွင် ပါဝင်စေခြင်းဖြင့် အခြားသော ကယ်လိုရီကြွယ်ဝသော အစားအစာများ စားသုံးမှုလျော့ကျစေပြီး ခန္ဓာကိုယ်အလေးချိန် လျော့ကျစေပါတယ်။


၇။ အသားအရေစိုပြေဝင်းပစေခြင်း

Oat (အုတ်ဂျံု) အခြေပြု အသားအရေထိန်းသိမ်းရေးပစ္စည်းများကို အသုံးပြုခြင်းဖြင့် အသားအရေ ခြောက်သွေ့ကြမ်းတမ်းခြင်းများ ယောင်ယမ်းယားယံမဥများ၊ နှင့်ခူစသည့် အသားအရေဆိုင်ရာ ပြဿနာများကို သက်သာပျောက်ကင်းစေပါတယ်။


၈။ ကလေးများတွင် အသက်ရှူလမ်းကြောင်း ယောင်ရမ်းမှု (asthma) ကို သက်သာစေခြင်း

ကလေးငယ်များအား ဖြည့်စွက်စာ စတင်ကျွေးမွေးသည့်အခါ Oat (အုတ်ဂျံု) ကို ထည့်သွင်းကျွေးမွေးခြင်းဖြင့် အသက်ရှူလမ်းကြောင်း ယောင်ယမ်းမှု (childfood asthma) နှင့် အခြားသောဓာတ်မတည့်ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

Credit: Dr. Thet New Oo



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18