Print

မာလကာသြဇာသီး၏ ကျန်းမာရေး၊ အရေပြားနှင့် ဆံပင်အတွက် အသုံးဝင်ပုံများ

  31-Oct-2017
Preview Image

မာလကာသြဇာသီးပင်ကို ကျွန်မငယ်ငယ်က ကျွန်မတို့အိမ်နှင့်ကပ်လျက် ဘေးအိမ်မှာ တွေ့ဖူးခဲ့ပါတယ်။ ကလေးဘဝမို့ အရွက်၊ အပွင့်၊ အသီးကင်းလေးတွေ၊ အသီးအမှည့်တွေကို ခူးဆော့ခဲ့ဖူးပါတယ်။ အပင်ကြီးမို့ လက်လှမ်းမီတဲ့နေရာက ခူးကြ၊ ကြွေကျတာကို ကောက်ယူပြီးသာ ဆော့ကစားခဲ့ပါတယ်။ မာလကာသြဇာသီးရဲ့ အနံ့နဲ့ အရသာကို သိပ်မကြိုက်တာကြောင့် နှစ်နှစ်သက်သက် စားသုံးတာမျိုး မရှိခဲ့ပါဘူး။ ကလေးအရွယ်မို့လည်း မာလကာသြဇာသီးရဲ့ အသုံးဝင်ပုံတွေကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ 


ကင်ဆာဆဲလ်တွေကို သေစေတယ်

 မာလကာသြဇာရွက်က အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာစတဲ့ ကင်ဆာဆဲလ် ၁၂ မျိုးကို သေစေပါတယ်။ ကင်ဆာရောဂါကို ကုသရာမှာ ကီမိုဆေးတွေလို ပျို့အန်ချင်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဆံပင်ကျွတ်တာစတဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘဲ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်ပါတယ်။ ကင်ဆာရောဂါကို ကုသရာမှာ ဆေးဝါးတွေထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်တယ်လို့လည်း သုတေသနတွေအရ သိရပါတယ်။ မာလကာသြဇာသီးထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းက ပျက်စီးနေတဲ့ဆဲလ်ရဲ့ ကြီးထွားမှုကို ရပ်တန့်လိုက်ပေးပြီး ကင်ဆာအဖြစ် ပြောင်းလဲမှုကို တားဆီးပေးပါတယ်။ မာလကာသြဇာရွက်က ကင်ဆာဆဲလ်တွေကို သေစေရုံသာမက မူမမှန်ဆဲလ်တွေ ကြီးထွားမှုကိုလည်း တားဆီးပေးပါတယ်။ 


အရိုးပါးရောဂါ မဖြစ်အောင် တားဆီးပေးတယ်

 မာလကာသြဇာသီးထဲမှာ ကယ်လ်စီယမ်နဲ့ ဖောစပရပ်တွေများစွာ ပါဝင်လို့ အရိုးသန်မာစေတာကြောင့် အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ 


အားအင်ရရှိစေတယ်

 မာလကာသြဇာသီးမှာ ဖရက်တို့စ်သကြားပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရဲ့ သဘာဝရင်းမြစ်တစ်ခုဖြစ်ပြီး လန်းဆန်းကာ စွမ်းအင်ပြည့်ဝစေပါတယ်။ မာလကာသြဇာသီးမှာ ဗီတာမင်စီဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ 


နှလုံးအတွက် ကောင်းမွန်ပြီး အာရုံကြောတွေ မပျက်စီးအောင် ကာကွယ်ပေးတယ်

 မာလကာသြဇာသီးထဲမှာ ဗီတာမင် B1 များစွာပါဝင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အာရုံကြောတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် B2 ပါဝင်ပြီး စွမ်းအင်ထုတ်လုပ်မှု၊ အဆီသိုလှောင်မှု၊ အာရုံကြောဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာ လုပ်ဆောင်မှုနဲ့ နှလုံးကြွက်သားတွေ ထိန်းသိမ်းမှုစတာတွေ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ 


ဝမ်းချုပ်တာကို သက်သာစေတယ်

 မာလကာသြဇာသီးမှာ ရေပျော်ရော ရေမှာမပျော်တဲ့ အမျှင်ဓာတ်တွေပါ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းပျော့ပျော့သွားစေပါတယ်။ ဝမ်းပျော့တာကြောင့် ဝမ်းသွားရလွယ်ကူစေလို့ ဝမ်းချုပ်တာကို သက်သာစေပါတယ်။ 


ဆီးရွှင်စေတယ်

 ဒီအသီးမှာ ရေဓာတ် ၈၄ ရာခိုင်နှုန်းပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါတယ်။ အိပ်မပျော်သူတွေ အတွက် ကုသနိုင်တဲ့ အကောင်းဆုံးသဘာဝ ဆေးနည်းတစ်လက်ဆိုရင်လည်း မမှားပါဘူး။ မာလကာသြဇာရွက်ရဲ့ အမွှေးနံ့ကလည်း အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။


ဆီးလမ်းကြောင်းပိုးဝင်တာကို ကုသနိုင်တယ်

 မာလကာသြဇာသီးမှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဆီးလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းတာနဲ့ ဆီးထဲ သွေးပါတာတွေကို ကုသဖို့နဲ့ မဖြစ်အောင် ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ မာလကာသြဇာသီးအမှည့်ကို ဖျော်ရည်လုပ်ပြီး သောက်သုံးနိုင်ပါတယ်။ 


ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးတယ်

 ဓာတ်တိုးပစ္စည်းတွေက ခန္ဓာကိုယ်အတွင်း ဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါဘယတွေ ဖြစ်ပွားစေပါတယ်။ မာလကာသြဇာသီးထဲမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ်ပေး တာကြောင့် ရောဂါဘယတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။ 


ခံတွင်းအနာကို ကုသနိုင်တယ်

 ခံတွင်းမှာ အနာရှိပါက မာလကာသြဇာရွက်ကို ကြိတ်ခြေပြီး အုံပေးပါ။ အနာရဲ့အရွယ်အစားသေးသွားပြီး ယားယံတာ၊ ရောင်ရမ်းတာတွေလည်း လျော့နည်းသွားပါလိမ့်မည်။


ဖျားနာတာကို ကုသနိုင်တယ်

 မာလကာသြဇာရွက်ကို လက်ဖက်ခြောက်လိုမျိုး ရေနွေးထဲ ခပ်သောက်ပေးပါက ခန္ဓာကိုယ်အပူချိန်ကို လျော့နည်းစေပါတယ်။ အာဖရိကမှာ ကလေးငယ်တွေကို အဖျားရောဂါပျောက်ကင်းဖို့အတွက် မာလကာသြဇာရွက်ကို ရေထဲထည့်စိမ်ပြီး ရေချိုးပေးလေ့ရှိပါတယ်။


ခုခံအားစနစ်ကို ကောင်းမွန်စေတယ်

 မာလကာသြဇာရွက်ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများစွာက ခန္ဓာကိုယ်ခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ခုခံအား မြင့်မားနေပါက ရောဂါပိုးမွှားတွေ မဝင်ရောက်အောင် တားဆီးနိုင်ပါတယ်။ 


ဆီးချိုသွေးချိုရောဂါကို သက်သာစေတယ်

 လေ့လာမှုများစွာအရ မာလကာသြဇာရွက်ခြောက်ခတ်ထားတဲ့ ရေနွေးက သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရှိသူတွေ သောက်သုံးဖို့ သင့်တော်ပါတယ်။


Credit: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18