Print

သင့်အာဟာရဓာတ် ပြည့်ဝစေရန် စားသုံးသင့်သည့် စူပါအစားအစာလေးမျိုး

  24-Oct-2017
Preview Image

၁။ ရှောက်သီး

• အစာခြေဖို့နဲ့ အဆိပ်အတောက်တွေ ပြေစေဖို့ ကူညီနိုင်ပါတယ်။ 

• အဆီလောင်ကျွမ်းမှုကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်ပါတယ်။ 

• ဗီတာမင်စီ များစွာပါဝင်ပါတယ်။

• ဝမ်းချုပ်တာ သက်သာစေနိုင်ပါတယ်။ 

• ခန္ဓာကိုယ်အတွက် အယ်လ်ကာလီဓာတ်ကို ရရှိစေနိုင်ပါတယ်။ 


၂။ ထောပတ်သီး

• ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အဆီတွေ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းဖို့နဲ့ အဆီလောင်ကျွမ်းဖို့ ကူညီနိုင်ပါတယ်။

• အဆစ်ရောင်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 

• အရွယ်တင်နုပျိုစေနိုင်ပါတယ်။ 

• ဗီတာမင်အေ၊ စီ၊ ကေနဲ့ ဘီ ၆ ဓာတ်တွေများစွာ ပါဝင်ပါတယ်။ 

• ခေါင်းကိုက်ဝေဒနာ သက်သာစေနိုင်ပါတယ်။ 


၃။ ချင်း

• အအေးမိတုပ်ကွေးဝေဒနာ သက်သာစေနိုင်ပါတယ်။ 

• ကိုယ်အလေးချိန်ကျဆင်းဖို့နဲ့ ကိုယ်တွင်းအဆိပ်အတောက်ဖြေဖို့ ကူညီနိုင်ပါတယ်။ 

• မဂ္ဂနီဆီယမ် သတ္တုဓာတ်များစွာ ပါဝင်ပြီး ကြွက်သားနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်ပါတယ်။ 

• ခေါင်းကိုက်ဝေဒနာသက်သာစေနိုင်ပါတယ်။ 


၅။ အုန်းသီး

• ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ပါတယ်။

• ကိုလက်စထရော ကျဆင်းစေနိုင်ပါတယ်။

• ဆီးချိုရောဂါအတွက် ကောင်းမွန်စေနိုင်ပါတယ်။

• အစာခြေဖို့အတွက် ကူညီနိုင်ပါတယ်။

• အရေပြားအတွက် ကူညီနိုင်ပါတယ်။

• ပရိုတင်းနဲ့ ကယ်လ်စီယမ်များစွာ ပါဝင်ပါတယ်။


Credit:

ဒေါက်တာခင်မိုးမိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18