မက်ဒစ်တာရင်းနီးယမ်း အစားအစာနှင့် ကျန်းမာရေး
17-Oct-2017
အစားအစာများတွင် Mediterranean diet မက်ဒစ်တာရင်းနီးယမ်း အစားအစာမှာ လူသိများထင်ရှားသည်။ အဝလွန်သူများ ကိုယ်အလေးချိန်ကျစေရန် မက်ဒစ်တာရင်းယမ်း အစားအစာက ဖြေရှင်းပေးနိုင်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ The postgraduate Medical Journal ဘွဲ့လွန်ဆေးပညာဂျာနယ်တွင် မက်ဒစ်တာရင်းနီးယမ်းအစားအစာသည် နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းမှုနှင့် လေဖြတ်ခြင်းအန္တရာယ်များကို လျင်မြန်စွာ လျော့နည်းစေသည်ဟု ဖော်ပြထားသည်။
ကိုယ်အလေးချိန်ကို မှန်ကန်အောင် ထိန်းချုပ်နိုင်ရန် အဆီနည်းသော အစားအစာထက် မက်ဒစ်တာရင်းနီးယမ်းအစားအစာက ပို၍ကောင်းမွန်သည်ဟုဆိုသည်။ အဝလွန်ကဲမှုပြဿ နာရှိလျှင် အချိန်ဆွဲမနေသင့်ဘဲ ချက်ချင်းဖြေရှင်းရမည်ဟု ကျွမ်းကျင်သူများက ဖြေကြားခဲ့သည်။ မက်ဒစ်တာရင်းနီးယမ်းအစားအစာမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများနှင့် သံလွင်ဆီတို့ ပါဝင်ကြသည်။ နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ်များကို လျင်မြန်စွာ လျော့နည်းသွားစေသည်။ ခန္ဓာကိုယ်အလေးချိန် မှန်ကန်အောင်လည်း ထိန်းသိမ်းပေးနိုင်သည်။
မက်ဒစ်တာရင်းနီးယမ်း အစားအစာသည် စတက်တင်ဆေးများ (Statins) ထက်ပင် ပို၍ကောင်းသည်ဟု နှလုံးအထူးကုဆရာဝန်ကြီး Dr.Aseem Malhotra က ပြောကြားလိုက်သည်။ မက်ဒစ်တာရင်းနီးယမ်း အစားအစာတွင် အသားနီများ၊ တိရိစ္ဆာန်အဆီနှင့် ထောပတ်တို့ပါဝင်ခြင်း မရှိဘဲ ငါး သို့မဟုတ် ကြက်၊ ငှက်၊ ဘဲသားများသာ ပါဝင်သည်။ ............. အစားအစာများ ရှောင်သင့်သည်။ .............တစ်ခါတစ်ရံသာ စားသုံးသင့်သည်။ ကိုယ်အလေးချိန်လွန်ကဲလျှင် အစားအစာကို ဆင်ခြင်စားသုံးရန် လိုအပ်ပြီး နေထိုင်မှုပုံစံကိုလည်း ပြုပြင်သွားကြရမည်ဖြစ်ပါသည်။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

