Print

ကိုယ်အလေးချိန်ကျဆင်းစေနိုင်မည့်ထိပ်တန်းအစားအစာ ၁၀ မျိုး

  28-Oct-2017
Preview Image


၁။မိုးမျှော်ငရုတ်သီး 

 မိုးမျှော်ငရုတ်သီးကြောင့်အဆီကိုလောင်ကျွမ်းစေနိုင်တဲ့အကြောင်းအချက်မျိုးစုံရှိပါတယ်။ကယ်လိုရီ လောင်ကျွမ်းနှုန်းမြင့်မားစေနိုင်သလိုဇီဝဖြစ်စဉ်လည်းမြင့်တက်လာနိုင်ပါတယ်။ငရုတ်သီးမှာပါ၀င်တဲ့ကက်ပ်ဆိုက်စင်ဟာ ကယ်လိုရီမှအပူချိန်အဖြစ်ပြောင်းလဲနိုင်ပါတယ်။ဒါ့အပြင်အစာစားချင်စိတ်ကိုလည်းလျော့့ကျစေနိုင်ပါတယ်။


၂။အညိုရင့်ရောင်ချောကလက်

 ချောကလက်မှာပါ၀င်တဲ့ကိုကိုးဟာမပြည့်ဝဆီ တွေများစွာပါ၀င်တဲ့အတွက်၀မ်းဗိုက်အဆီကိုလျော့ကျစေနိုင်ပါတယ်။


၃။ဂျင်း

 ဂျင်းဟာစိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်ကိုလျော့နည်းစေနိုင်ပါတယ်။ကော်တီစောဟာ ၀မ်းဗိုက်မှာအဆီစုဆောင်းဖို့အတွက်အဓိကလှုပ်ရှားရသူဖြစ်ပါတယ်။


၄။သံလွင်ဆီ

 အီတလီ၊ဂရိနှင့်ပြင်သစ်မှာနေတဲ့သူတွေဟာ အဆီစားတာများပေမယ့်အဝလွန်တာ၊ဆီးချိုနဲ့နှလုံးရောဂါဖြစ်တာထက်အလွန်နည်းပါးပါတယ်။အစ္စရေးမှလေ့လာမှုတွေအရမြေထဲပင်လယ်အစာစားသူတွေဟာအဆီနည်းအစားအစာစားသူတွေထက်ကိုယ်အလေးချိန်ပိုမိုကျဆင်းတာကိုတွေ့ရှိရပါတယ်။အဓိကအချက်ကသံလွင်ဆီကြောင့်ပါ။သံလွင်ဆီကကိုယ်အလေးချိန်ကိုလျော့ကျဖို့ကူညီနိုင်ပါတယ်။သင့်မှာပါ၀င်တဲ့အိုလီယစ်အက်စစ်တွေကနှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေနိုင်ပါတယ်။


၅။ဆယ်လမွန်ငါး

 ရောင်ရမ်းမှုဖြစ်စဉ်ကြောင့်အဆီတွေစုဆောင်းမှုဖြစ်စေတတ်ပါတယ်။အိုမီဂါ ၆ ဖက်တီးအက်ဆစ်ဟာ ကိုယ်အလေးချိန်မြင့်တက်တာနဲ့ဆက်စပ်မှုရှိပါတယ်။အိုမီဂါ ၃ မှာတော့ပြောင်းပြန်အကျိုးသက်ရောက်မှုရှိပါတယ်။ဆယ်လမွန်ငါးနဲ့အဆီများငါးတွေမှာပါ၀င်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေကရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းစေနိုင်ပါတယ်။တစ်ပတ်ကိုနှစ်ကြိမ် သုံးကြိမ် စားပေးပါ။


၆။အုတ်စပါး

 သူ့မှာပါ၀င်တဲ့ရေမှာပျော်ဝင်တဲ့အမျှင်ဓါတ် ဘီတာဂလူကန်ကကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။အချိန်အကြာကြီးဗိုက်ပြည့်တင်းမှုကိုရရှိစေနိုင်ပြီးသွေးတွင်း သကြားဓါတ်တည်ငြိမ်မှုကိုရရှိစေနိုင်ပါတယ်။နံနက်စာအဖြစ်စားသုံးရင် ကိုယ်အလေးချိန်ကျဖို့အတွက် အကျိုးရှိပါတယ်။


၇။ကိုက်လန်

 ကိုက်လန်လိုမျိုးအစိမ်းရောင်သီးဟင်းရွက်တွေကဖောလိတ်တွေများစွာပါ၀င်တဲ့အတွက်စိတ်ခံစားမှုကောင်းမွန်စေနိုင်ပါတယ်။စိတ်ခံစားမှုကောင်းတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေကိုရွေးချယ်မိစေနိုင်ပါတယ်။


၈။ဖရဲသီး

 ဖရဲသီးလိုမျိုး melon အုပ်စုတွေမှာရေဓါတ်များစွာ ပါ၀င်တဲ့အတွက်ကိုယ်အလေးချိန်ကျဆင်းဖို့ကူညီနိုင်ပါတယ်။ရေဓါတ်ပြည့်ဝနေတဲ့အပြင် ဗိုက်ပြည့်တင်းမှုလည်းရရှိစေနိုင်တာကြောင့်ပါ။


၉။ထောပတ်သီး

 သူ့မှာပါ၀င်တဲ့မပြည့်ဝဆီတွေကသွေးတွင်းသကြားဓါတ်တည်ငြိမ်မှုရှိအောင်ကူညီနိုင်ပါတယ်။ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အသင့်အတင့်သာ စားပေးပါ။


၁၀။ရွှေဖရုံစေ့

 ရွှေဖရုံစေ့မှာပရိုတင်းဓါတ်များစွာပါ၀င်တဲ့အပြင်  ဗိုက်ပြည့်တင်းမှုရရှိစေနိုင်တဲ့ဟော်မုန်းတွေကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ဗိုက်ပြည့်တင်းနေတာကိုလည်း ဦးနှောက်က အချက်ပြနိုင်တဲ့အတွက် ဆာလောင်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။


Credit: Dr. Khin Moe Moe(အာရောဂျံ Magazine)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18