Print

သန်စွမ်းစေဖို့ သံဓာတ်ဖောလစ်စားကြစို့

  30-Sep-2017
Preview Image

 

ကမ္ဘာတစ်ဝန်းမှာ လူဦးရေအများဆုံး ခံစားနေရတဲ့ အာဟာရချို့တဲ့မှုဟာ သံဓာတ်ချို့တဲ့ခြင်း ဖြစ်ပါတယ်။ အခြားအာဟာရဓာတ်တွေ (ဥပမာ - ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်း၊ အိုင်အိုဒင်း စသည်) ချို့တဲ့မှု မရှိအောင် နည်းအမျိုးမျိုးနဲ့ ကာကွယ်နိုင်ပေမဲ့ သံဓာတ်ချို့တဲ့မှုကတော့ အမေရိကန် နိုင်ငံမှာလည်း ရှိနေဆဲဖြစ်ပါတယ်။ အပျော်ဖော်ဝင်အရွယ်တွေ အပါအဝင် မျိုးဆက်ပွားနိုင်တဲ့ (ကိုယ်ဝန်ဆောင်နိုင်တဲ့) အရွယ်အမျိုးသမီးတွေထဲမှာ သံဓာတ်ချို့တဲ့နေသူ အတော်များများ ရှိနေကြောင်း ဖော်ပြထားပါတယ်။ Heme iron အမျိုးအစား သံဓာတ်ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- အသား၊ အသည်း၊ ပင်လယ်စာ) တွေ စားသုံးခြင်းအားဖြင့် သံဓာတ်အာဟာရ အခြေအနေ မြှင့်တင်ကြဖို့ အကြံပြု တိုက်တွန်းထားပါတယ်။ 


          လူရဲ ့အူထဲမှာ စုပ်ယူတဲ့အခါ အသား၊ အသည်းတို့မှာပါတဲ့ Heme iron အမျိုးအစား သံဓာတ်ဟာ ပဲအမျိုးမျို၊ ဟင်းသီးဟင်းရွက် စတဲ့ အစားအစာတွေမှာ ပါတဲ့ Non-Heam iron အမျိုးအစား သံဓာတ်ထက် ပိုပြီးလွယ်ပါတယ်။ တမင် သံဓာတ်ဖြည့်သွင်းပေးထားတဲ့ အစားအစာ (Fortified Food) တွေ စားသုံးရင်လည်း Non-Heme iron အမျိုးအစား သံဓာတ်ကို ရရှိနိုင်ပါတယ်။ ပေါင်မုန့်နှင့် နံနက်စာကောက်နှံ (Breakfast Cereals) တွေဟာ လူသိများတဲ့ သံဓာတ်အာဟာရဖြည့်အစာတွေ လူရဲ့အူထဲမှာ သံဓာတ်စုပ်ယူမှုကို အားပေးကြောင်း ဖော်ပြထားပါတယ်။ 


ဖောလစ်အက်ဆစ်

         အချို့သောအစားအစာတွေကို ဖောလစ်အက်ဆစ် တမင်ဖြည့်ပေးခြင်းအားဖြင့် ဦးနှောက်နှင့် ကျောရိုးတွင်း အာရုံကြောမကြီးမှာ မွေးရာပါချို့ယွင်းမှု (Neural Tube Defects) တွေ ဖြစ်ပွားနှုန်း လျော့သွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ မျိုးဆက်ပွားနိုင် တဲ့အရွယ် အမျိုးသမီးအများအပြားဟာ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးမှု နည်းနေပါသေးတယ်။ ဒါကြောင့် မျိုးဆက်ပွားနိုင်တဲ့အရွယ် အမျိုးသမီးတိုင်းဟာ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေအပြင် တစ်ခြားမှာဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ် ပါတဲ့ အားဆေးကို နေ့စဉ်မှီဝဲဖို့ တိုက်တွန်းထား ပါတယ်။ ကိုယ်ဝန်ဆောင်ထားသူ အမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင် တစ်နေ့မှာ အစားအစာနှင့် အားဆေးတွေကနေ စုစုပေါင်း ဖောလစ်အက်ဆစ် ၆၀၀ မိုက်ခရိုဂရမ်ထိ ရအောင် စားသင့်တယ်လို့ ထောက်ခံတင်ပြထားပါတယ်။ ဖောလစ် အက်ဆစ်ကြွယ်ဝတဲ့ သဘာဝအစားအစာတွေကတော့ ပဲအမျိုးမျိုး၊ လိမ္မော်သီးနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။


7887 ကျန်းမာရေး Call Center  /  Healthcare.com.mm​

Credit:

ဒေါက်တာလှကြည်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18