Print

အစားအစာကို ဘေးကင်းအောင် ဘယ်လိုထိန်းသိမ်းမလဲ

  26-Sep-2017
Preview Image


ရေခဲသေတ္တာကို သတိပြုပါ

ရေခဲသေတ္တာရဲ့ အပူအအေးမျှခြေကို ၄၀ ဒီဂရီဖာရင်ဟိုက်မှာထားတာ ဒါမှမဟုတ် ဒီ့ထက်နိမ့်တဲ့ အပူချိန်မှာထားဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့အခြားပိုးမွှားနဲ့ မတူတာက Listeria ပိုးက အပူချိန် ၄၀ ဒီဂရီအထက်မှာ ပေါက်ဖွားလေ့ရှိပြီး မျိုးပွားတာလည်း မြန်ဆန်ပါတယ်။ အစာတစ်ခုခုကို ရေခဲသေတ္တာက ယူစားတဲ့အခါ မကုန်လို့ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက် ၊ နောက်တစ်ခါ ယူစားလိုက် ခဏခဏလုပ်မိရင်လည်း Listeria ပိုး ပေါက်ဖွားဖို့ သေချာပါတယ်။ အစားအစာတစ်မျိုးကနေ နောက်တစ်မျိုး ဆက်တိုက်ကူးစက်ပြီး နောက်ဆုံးတော့ ရေခဲသေတ္တာတစ်ခုလုံး ပိုးတွေ ပျံ့နှံ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာကို ပုံမှန် သန့်ရှင်းပေးဖို့ရယ် ၊ အပူအအေးဒီဂရီကို သတ်မှတ်ထားတဲ့အတိုင်း ၄၀ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီ ဆဲလ်ဒီယပ်) နဲ့ Freezer အခန်းကို သုညဒီဂရီဖာရင်ဟိုက် အနှုတ် ၁၈ ဒီဂရီဆဲလ်ဆီယပ်မှာ ထားဖို့ လိုအပ်ပါတယ်။


သန့်ရှင်းအောင်ထားပါ

အစားအစာတွေကို မကိုင်တွယ်ခင် စက္ကန့် ၂၀ ခန့်အချိန်ယူပြီး လက်တွေကို ဆေးကြောပါ။ အစားအစာပြီးတဲ့အခါလည်း စနစ်တကျ လက်ဆေးပါ။ ရေချိုးခန်း ၊ အိမ်သာအသုံးပြုပြီးတဲ့အခါ ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကိုင်တွယ်ပြီးတဲ့အခါမှာလည်း လက်ပြန်ဆေးပါ။ ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ စဉ်နှီတုံး ၊ ဓား ၊ ကပ်ကြေး ၊ ပန်းကန်ပြားစတာတွေကို ရေနွေးပူပူနဲ့ ပိုးသတ်ဆပ်ပြာရည်သုံးပြီး တစ်ပတ်တစ်ခါ ဒါမှမဟုတ် အသား ၊ ငါးတွေနဲ့ ထိတွေ့ပြီးတဲ့ အချိန်မှာ ဆေးကြောပေးပါ။


ခွဲခြားထားပါ

ဖြစ်နိုင်ရင် အသားစိမ်း၊ ငါးစိမ်းလှီးတဲ့ စဉ်းနှီး၊ ဓားစတာတွေက သက်သက် ၊ ကြက်သွန် ၊ ငရုတ်သီးလှီးတဲ့ စဉ်းနှီးတုံးက သက်သက်ခွဲခြားထားသင့်ပါတယ်။ ပန်းကန်နဲ့ ဇွန်းစတာတွေကိုလည်း ခွဲခြား အသုံးပြုသင့်ပါတယ်။


ကျက်သည့်အထိ ချက်ပြုတ်ပါ။

ကြက်သား ၊ ဝက်သား ၊ ပင်လယ်စာစတာတွေကို ကျက်အောင် သတ်မှတ်ထားတဲ့ အပူချိန်ထိချက်ပြုတ်ပးပါ။ ကိုယ်ဝန်ဆောင်တွေ ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့ သူတွေက မကျက်တကျက်ချက်ထားတဲ့ အစာတွေ ၊ အကင်တွေ ၊ ဟော့ဒေါ့စတာတွေကို မစားသင့်ပါဘူး။ နောက်ပြီး ငါးအစိမ်းနဲ့ လုပ်ထားတဲ့ ဆူရှီ ၊ ရေခဲသေတ္တာထဲထည့်လိုက်နွှေးလိုက်လုပ်ထားတဲ့ အစာတွေလည်း မစားတာ အကောင်းဆုံးပါပဲ ။ ကြက်ဥ ၊ ဘဲဥစတာတွေကို ချက်ပြုတ်တဲ့ နေရာမှာလည်း အကာရော အနှစ်ပါ ကျက်သွားမှ စားပါ။


အေးခဲအောင်ထားပါ

ရေခဲသေတ္တာရဲ့ အပူအအေးမျှခြေကို မကြာခဏ စစ်ဆေးပေးပါ။ ဖြစ်နိုင်ရင် သာမိုမီတာတစ်ခုကို ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ အပူချိန်ကို တိုင်းတာပါ။ဟင်းတွေကို ချက်ပြီး ရေခဲသေတ္တာထဲထည့်တဲ့အခါ ဗူးအသေးတွေနဲ့ သုံး၊ လေးဗူးလောက် ခွဲခြားထည့်ပါ။ စားတဲ့အခါ တစ်ဗူးချင်းစီ ယူစားခြင်း ဒီတစ်ဗူးမကုန်ရင် ရေခဲသေတ္တာထဲ ဖြစ်နိုင်ရင် ပြန်မထည့်ဘဲ စွန့်ပစ်သင့်ပါတယ်။


သစ်သီးတွေကနေလည်း ပိုးကူးစက်နိုင်တယ်ဆိုတာရော သိပါသလား???

ဖရဲသီး ၊ သခွှားမွှေးသီးနဲ့ Honeydew လို အသီးတွေ အများအားဖြင့် ကူးစက်လေ့ရှိပါတယ်။ ဒီတော့ အသီးတွေ စားမိလို့ Listeriosis ရောဂါ မခံစားရလေအောင် - 

- ဖရဲသီး ၊ သခွှားမွှေးသီးတွေကို မခွဲခင် အလုံးလိုက်ကို သေချာပွတ်တိုက်ဆေးကြောပါ။ဖြစ်နိုင်ရင် သန့်စင်တဲ့ Brush နဲ့ တိုက်ပေးပါ။ 

- ဆေးကြောပြီးတဲ့အခါ အဝတ်သန့်သန့်နဲ့ သုတ်ပေးပါ။

- သေချာသန့်စင်လို့ ခွဲခြမ်းပြီးတဲ့အခါ ချက်ချင်းစားတာ ဒါမှမဟုတ် ရေခဲသေတ္တာထဲ ချက်ချင်းသိမ်းပါ။ ရေခဲသေတ္တာအပူအအေးမျှခြေကို ၄၀ ဒီဂရီဖာရင်ဟိုက်ထက် လျှော့နည်းအောင်ထားပါ။

- ရေခဲသေတ္တာထဲ သိမ်းတဲ့အခါ တစ်ပတ်လောက်ထိပဲ သိမ်းပါ။ ဒိထက်ကြာလျှင် စွန့်ပစ်လိုက်ပါ။ အခန်းအပူချိန်မှာဆိုရင်တော့ လေးနာရီထက်ပိုပြီး မထားပါနဲ့ ။ လေးနာရီကျော်သွားရင်တော့ စားဖို့ မသင့်တော်တော့ပါဘူး။


Credit : အိဖြူ (ဆေးဝါးတက္ကသိုလ်)

By Dr. May Hnin Phyu ( 7887 Healthcare Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18