Print

မျှတသောအစားအစာ

  05-Sep-2017
Preview Image


ကားတစ်စီးဟာ ရွေ့လျားသွားလာနိုင်ဖို့ လောင်စာလိုသလို ကျွန်တော်တို့ခန္ဓာကိုယ်၏ နေ့စဉ်လုပ်ဆောင်ချက်များအတွက် စွမ်းအင်ဆိုတာလိုအပ်ပါတယ်။ ဒီလိုလိုအပ်တဲ့စွမ်းအင်ကို နေ့စဉ်စားသောက်နေသော အစားအစာမှရရှိပါတယ်။ အစာအာဟာရတွင် ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်များအပြင် သတ္တုဓာတ်များလည်း ပါဝင်ပါတယ်။ လူတော်တော်များများက အားရှိရလေအောင် အားဆေးတွေသောက်ကြ၊ ထိုးကြလုပ်ကြပါတယ်။ တကယ်တော့ ဒီအားဆေးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သတ္တုဓာတ်တွေ၊ ဗိုက်တာမင်ဓာတ်တွေကို ဖြည့်စွက်ပေးခြင်းပင်။ဗိုက်တာမင်ဓာတ်ဆိုတာဟာ တကယ်တော့ တစ်ဆင့်ခံ အင်ဇိုင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် မြန်မြန်ကြေလွယ်လေ ဗိုက်ပိုပြီး ဆာလောင်လေ ဖြစ်စေပါတယ်။ သားငါး၊ သစ်သီးဝလံ၊ ထမင်း၊ ပေါင်မုန့် မစားကြဘဲ အားဆေးချည်းသက်သက် သောက်လည်း အာဟာရဖြစ်လာမှာ မဟုတ်ပေ။ အားဆေးသောက်လို့အားရှိတာမဟုတ်ပါ။  အစားစားမှ အားရှိမှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကို ဘယ်လိုအာဟာရတွေဖြစ်စေသလဲဆိုတာ သိစေလိုပါတယ်။ 


မေး။ မျှတတဲ့အစားစားခြင်းဆိုတာဘာကိုဆိုလိုပါသလဲ။

ဖြေ။ မျှတတဲ့အစားအစာဆိုတာ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သတ္တုနဲ့ ဗိုက်တာမင်ဓာတ်တွေ ညီမျှစွာပါတဲ့ အစားအစာကို စားသုံးခြင်းဖြစ်ပါတယ်။ အသားဓာတ်ကို အလွန်အကျွံစားပြီး ကျန်တဲ့ဓာတ်တွေမပါရင်လည်း ညီမျှတဲ့ စားသုံးခြင်းကို မဆိုလိုနိုင်ပါဘူး။ ဟိုစပ်စပ် ဒီစပ်စပ် နည်းနည်းဆီပါဝင်မှသာ ညီမျှတဲ့ အစားအာဟာရ ဖြစ်ပါလိမ့်မယ်။ ညီမျှတဲ့ အချိုအစားနဲ့တော့ စားပါပြီ။ စားသင့်တဲ့ ပမာဏထက် ပို၍ဖြစ်ဖြစ်၊ လျော့၍ဖြစ်ဖြစ် စားမိရင်လည်း ဒါဟာညီမျှတဲ့ စားသောက်ခြင်းလို့ မဆိုလိုနိုင်ပါဘူး။


မေး။ တချို့လူတွေက ထမင်းစားတာ အတော်နည်းပါးပြီး တချို့ကျတော့ အတော်လေး စားနိုင်ကြပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ စားသောက်ကြတယ်ဆိုတာ ကုန်ခန်းသွားတဲ့ စွမ်းအင်တွေအတွက် ပြန်လည်ဖြည့်စွက်တာပါပဲ။ အလုပ်ကြမ်းလုပ်တဲ့ ကာယလုပ်သားတွေက ပိုစားနိုင်ကြပါတယ်။ အဲဒီလို အစာအိမ်ထဲကို အစာတွေ များများထည့်နိုင်လို့ သူတို့ရဲ့ အစာအိမ်ဟာ သာမန်လူထက် အရွယ်အစား ပိုကြီးပါတယ်။ ဉာဏလုပ်သားတွေက စွမ်းအင်ကုန်ခန်းမှုနည်းတော့ သိပ်မစားကြဘူး။ အဲဒီတော့ ခန္ဓာကိုယ်က ပိန်လှီနေပါတယ်။ 


မေး။ စားသောက်လိုက်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုတဲ့နေရာကို ရောက်သွားပါသလား။

ဖြေ။ အဲဒီအာဟာရဓာတ်တွေ အားလုံးဟာ အသည်းဆီကို အရင်ရောက်ရပါတယ်။ ဒါတွေကို အသည်းကို ထိခိုက်စေတဲ့ အရက်ဆိုတာဟာ လုံးဝမသောက်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ 


မေး။ မျှတတဲ့ အစာတွေကို စားနေရက်က ဆီးချိုရောဂါတို့၊ နှလုံးသွေးကြောကျဉ်း၊ အသည်းအဆီဖုန်း စတာတွေဖြစ်နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။  မျှတတဲ့ အစာတွေကို ပုံမှန်စားပြီး  လေ့ကျင့်ခန်းတွဲပြီးလုပ်သင့်ပါတယ်။ လူတစ်ယောက်ဟာ တစ်ကြိမ်တစ်ခါမှာ ပိုပြီးစားမိလိုက်တာတွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအသီးသီးကလည်း ဒီအာဟာရဓာတ်တွေကို ထိန်းချုပ်ကြပါတယ်။ ဥပမာ - သွေးချိုဓာတ်များလာရင်  အသည်းကသိုလှောင်မယ်။ အချိုဓာတ်နည်းရင် ဂလူကာကွန်းဆိုတဲ့ ဟော်မုန်းထွက်ပြီး အသည်းမှာ သိုလှောင်ထားတဲ့ဓာတ်တွေ ပရိုတင်းနဲ့ အဆီကနေ အချိုဓာတ်ပြောင်းတာတွေကို အသည်းက လုပ်ရပါတယ်။ မုန့်ချိုအိတ်ကထွက်တဲ့ အင်ဆူလင်ဆိုရင် သွေးအချိုဓာတ်နည်းအောင် လုပ်သလို၊ ဂလူကကွန်းဟော်မုန်း၊ ကြီးထွားဟော်မုန်း၊ သိုင်းရွိုက်ဟော်မုန်း၊ လှုပ်ရှားတက်ကြွမှု ဖြစ်စေတဲ့ဟော်မုန်း၊ ဂလူကိုကော်တီကွိုက်ဟော်မုန်း စတာတွေက သွေးအချိုဓာတ်ကို တိုးစေပါတယ်။ အဲဒီလိုပါပဲ အသားဓာတ်၊ အဆီဓာတ်တွေ ခန္ဓာကိုယ်မှာ မျှမျှတတရှိနေဖို့ ဝိုင်းဝန်းထိန်းချုပ်ကြတဲ့ စနစ်တွေ အသီးသီးရှိကြတာပါ။


မေး။ အချိုတွေ တအားစားရင် ဆီးချိုရောဂါဖြစ်တတ်ပါသလား။

ဖြေ။ ဖြစ်တတ်ပါယ်။ အချို့တွေက တအားစားရင် သွေးအချိုဓာတ်တွေ များလာမယ်။ အဲဒီလိုများရင် မုန့်ချိုအိတ်ကထွက်တဲ့ အင်ဆူလက်ဟော်မုန်း ပိုထွက်ပြီး ပိုအလုပ်လုပ်ရပါတယ်။ ကြာလာတော့ ခြေကုန်လက်ပန်းကျပြီး အလုပ်မလုပ်ဖြစ်တော့တဲ့ သဘောပါပဲ။ ယခုအခါမှာ ဆီးချိုရောဂါတွေ အတော်ဖြစ်ကြနေပါတယ်။ လူနာတွေကို မေးလိုက်ရင် ကော်ဖီမစ် တစ်နေ့ လေး၊ ငါးထုပ် အနည်းဆုံးသောက်နေကြပါတယ်။ တန်ဆေးလွန်ဘေးဖြစ်လို့ သတိထားစေချင်ပါတယ်။ ဒါကြောင့် စားသောက်တဲ့နေရာမှာ ဓာတ်သုံးမျိုးကို မျှတစွာ စားရပါမယ်။ လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ တစ်နေကုန် ထိုင်နေလို့မဖြစ် စတဲ့ ညီညွတ်မျှတတဲ့ အစားသောက်၊ အနေအထိုင်၊ အပြုအမူတွေ လုပ်နပါမှ သက်ရှည်ကျန်းမာစွာ သက်တမ်းစေ့နေနိုင်ကြမည် ဖြစ်ပါသတည်း။


Credit:

အေးကမ္ဘာ ဒေါက်တာချစ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18