Print

အိုမီဂါ -၃ (Omega -3) အဆီ

  29-Aug-2017
Preview Image


အိုမီဂါ - ၃ အဆီဆိုတာ မပြည့်ဝဆီတစ်မျိုးပါပဲ။ အရင်ကတော့ မပြည့်ဝဆီတွေသုံးတာက ကျန်းမာရေးအတွက် ပြည့်ဝဆီတွေ သုံးတာထက် ပိုကောင်းတယ်ဆိုပြီး ဟင်းရွက်ဆီတို့၊ မာဂျရင်း (ထောပတ်အစားထိုး) တို့ သုံးဖို့အားပေးခဲ့ပါတယ်။ အခုတော့ မပြည့်ဝဆီထဲမှာ အိုမီဂါ - ၆ မပြည့်ဝဆီက ရောင်ရမ်းမှုကို အားပေးတယ်။ နောက်သူတို့က အပူနဲ့တွေ့ရင် ပုံပြောင်းဆီ (Trans-fat) ပြောင်းဖို့လွယ်ပြီး ချက်ပြုတ်၊ ကြော်လှော်၊ ကြာကြာထားရင် သွေးကြောပိတ်ဖို့ ပိုအားပေးပါတယ်။ ပြည့်ဝဆီဖြစ်တဲ့ တိရိစ္ဆာန်ဆီ၊ နွားနို့၊ ထောပတ်တွေကမှ ပိုစိတ်ချရသေးတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ တတ်နိုင်လို့ အိုမီဂါ-၃ မပြည့်ဝဆီကို ရွေးသုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ လွယ်အောင်ပြောရရင်တော့ ပြောင်းဖူး၊ ဝါစေ့ဆီတွေ လျှော့စားပြီး ငါးအဆီ၊ ပဲပိစပ်ဆီ၊ နှမ်းဆီတွေကို ပိုစားဖို့ပါပဲ။ တစ်နေ့ကို Omega-3 ၃ဂရမ်လိုပါတယ်။ နှမ်းဆီစားပွဲတင်ဇွန်း နှစ်ဇွန်းစာမှာ ပါပါတယ်။ ဆော်လမွန်ငါး လက်မနှစ်ချောင်းစာအတုံးမှာ ၀.၆ ဂရမ်ပါပါတယ်။

Credit: ပါမောက္ခဦးချစ်စိုး




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18