Print

ကျန်းမာသော အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်များ

  28-Aug-2017
Preview Image

ဗီတာမင်အေ

ဗီတာမင်အေသည် အင်တီအောက်ဆီးဒင့်ဖြစ်ပြီး အမျိုးသမီးတိုင်း အရိုးနှင့်သွား သန်မာဖို့၊ တစ်သျှူး၊ အရေပြား၊ အချွဲမြှေးလွှာအတွက် မရှိမဖြစ်လိုအပ်ပါသည်။ဗီတာမင်အေသည် နာတာရှည်နာမကျန်းဖြစ်နိုင်ခြင်းကို လျော့စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အိုမင်မှုကိုလျော့နည်းစေခြင်းနှင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း စသည့် ကောင်းကျိုးများကို ရရှိစေနိုင်သည်။


ဗီတာမင် ဒီ 

ဗီတာမင် ဒီသည် အဆီတွင်ပျော်ဝင်သော ဗီတာမင်ဖြစ်သည်။ဗီတာမင် ဒီသည် အရိုးအဆစ် ရောင်ရမ်းနာကျင်ခြင်းနှင့် ကင်ဆာရောဂါတစ်ချို့ဖြစ်ပွားမှုကို ကာကွယ်ပေးသည်။ထို့ပြင် ဓမ္မတာမလာမီ ခံစားရသောရောဂါဝေဒနာများကို သက်သာစေသည့်အပြင် အမြင်အာရုံ မပျက်စီးအာင်လည်း ကာကွယ်ပေးသည်။ဗီတာမင် ဒီ ချို့တဲ့ပါက  အရိုးအားနည်းပြီး အရိုးပွရောဂါကို ဖြစ်စေနိုင်သည်။


ဗီတာမင် ကေ

ဗီတာမင် ကေ သည် အရိုးအဆစ်သန်မာစေခြင်း၊ အသက်ကြီးသူများ၌  ပုံမှန်သွေးခဲမှုကို ထိန်းသိမ်းပေးခြင်းနှင့် နှလုံးေရာဂါ ဖြစ်တန်စွမ်းကို လျော့ကျစေနိုင်သည့် အာနိသင်များရှိသည်။ ခန္ဓာကိုယ်ခုခံစွမ်းအားနှင့် စွမ်းအင်ရရှိဖို့အတွက်လည်းဗီတာမင် ကေ ကိုလိုအပ်ပါသည်။ 


ဗီတာမင် ဘီ-၆

ခန္ဓာကိုယ်ခုခံစွမ်းအားစနစ်အတွက် ဗီတာမင် ဘီ-၆ကို လိုအပ်ပါသည်။ဟော်မုန် များနှင့် ဦးနှောက်မှ ဓာတုပစ္စည်းများထုတ်လုပ်ရာတွင်လည်း ဗီတာမင် ဘီ-၆ ပါသောကြောင့် စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ နှင့် မှတ်ဉာဏ်ချို့ယွင်းနိုင်ခြင်းတို့ကို ကာကွယ်ပေသည်။သွေးတွင်း သကြားဓာတ်ကိုလည်း တည်ငြိမ်အောင်လုပ်ဆောင်ပေးသကဲ့သို့ သွေးအားနည်းခြင်းကိုလည်း သက်သာအောင် လုပ်ဆောင်ပေးသည်။ထို့အပြင် ကိုယ်ဝန်ဆောင်ချိန်၌ ခံစားရတတ်သောပျို့ခြင်း အန်ခြင်းများကိုလည်း သက်သာစေနိုင်သည်။


ဗီတာမင် အီး

ဗီတာမင် အီးသည် ဇရာကို အန်တုနိုင်သော အာနိသင်ရှိပြီး ဆဲလ်တွေပျက်စီးမှုမှ ကာကွယ်ပေးသည်။နှလုံးရောဂါ အတွင်းတိမ်၊ မှတ်ဉာဏ်ချိုယွင်းခြင်းနှင့် ကင်ဆာဖြစ်ပွားမှုခြင်းတို့မှ ကာကွယ်နိုင်သည်။ထို့အပြင် ဆံသားနှင့် အရေပြားကျန်းမာမှုအတွက်လည်း မရှိမဖြစ် လိုအပ်ပါသည်။ 


Credit- ဇာခြည်ဝင်း(ဆေးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18