Print

ကဖင်း၊ ကော်ဖီ၊ ၏ စွမ်းရည်သတ္တိထူးများ

  19-Aug-2017
Preview Image


 ကဖင်း (Caffeine) သည် ကျန်းမာရေးအတွက် အတိုင်းအတာ တစ်ခုထိ အကျိုးပြုကြောင်း တွေ့ရသည်။ ကဖင်းနှင့် ပတ်သက်သော အာနိသင်များမှာ -

(က) ကိုယ်အလေးချိန်ကျစေခြင်း

 အစားအစာစားလိုစိတ်ကို ဖိနှိပ်ထားနိုင်ပြီး ခန္ဓာကိုယ်စွမ်းအင် အသုံးပြုမှုကို လှုံ့ဆော်အားပေးသော်ကြောင့် ကိုယ်အလေးချိန်ကျစေနိုင်သည်။ 

(ခ) လန်းဆန်းတက်ကြွစေခြင်း

 ရ၅ မီလီဂရမ်မျှသော ကဖင်းသည် အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေသည်။ 

(ဂ) အားကစားစွမ်းရည်ကို မြင့်စေခြင်း 

 အားကစားဆောင်ရွက်ပြီး ကဖင်းနှင့် သကြား (ကစီဓာတ်) ရော၍ သောက်သုံးလျှင် ကြွက်သားများအား ဂလိုက်ကိုဂျင် (Glyogen) လျင်မြန်စွာ ပြည့်စုံစေနိုင်သောကြောင့် အမောခံနိုင်သည်။ 

(ဃ) ဦးနှောက်အား လှုံ့ဆော်အားပေးခြင်း

 ဦးနှောက်၏လုပ်ငန်းကို ပိုမိုကောင်းမွန်စေသည်။ လှုံ့ဆော်မှုပေးနိုင်သည်။ 

(င) အာရုံသိမှု ယိုယွင်းမှုကို ကာကွယ်နိုင်ခြင်း

 ကဖင်းကို ပုံမှန်ကာလကြာရှည်စွာ သင့်တင့်မျှတရုံ သုံးစွဲလျှင် အာရုံသိမှုစွမ်းရည် ယိုယွင်းမှုကို နှေးကွေးစေသည်။

(စ) အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်စန်ရောဂါ

 အသက်အရွယ်ကြီးသူများတွင် ဖြစ်လေ့ဖြစ်ထရှိသော အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်စန်ရောဂါများ ဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းစေသည်။

(ဆ) မှတ်ဉာဏ်စွမ်းရည်ကောင်းမွန်စေခြင်း

 ကဖင်းသည် ရေရှည်မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေသည်။ ၂၀၀ မီလီဂရမ်မျှသော ကဖင်းသည်။ မှတ်ဉာဏ်အားကောင်းစေသည်။

(ဇ) အူမကြီးနှင့် အသည်း

 အသည်းအဆီဖုံးခြင်းကို လျော့နည်းစေသည်။ အသည်းကို အဆိပ်အတောက်များ၏ အန္တရာယ်ပြုမှုမှ ကာကွယ်သည်။ အူလမ်းကြောင်းကို သန့်ရှင်းစေသည်။ 

(စျ) မျက်စိ

 မျက်စိတိမ်စွဲခြင်းကို ကဖင်းက ကာကွယ်ပေးနိုင်သည်ဟု ဆိုသည်။ 

(ည) အရေပြားကင်ဆာ

 ကဖင်းသည် အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်မှုပေးနိုင်သည်။ အမျိုးသမီးများတွင် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားစေနိုင်သည်။

(ဋ) သေကြောင်းကြံစည်မှု

 ကဖင်းသည် သုံးစွဲခြင်းနှင့် သေကြောင်းကြံစည်မှုအန္တရာယ်လျော့နည်းခြင်းတို့ ဆက်နွှယ်မှုရှိကြောင်း တွေ့ရသည်။

(ဌ) သားသမီးထွန်းကားနိုင်မှု

 ကဖင်းသုံးစွဲသော အမျိုးသားများတွင် သုက်ရည်ပမာဏ ပိုမိုများလာနိုင်သည်။ 

(ဍ) ပန်းသေ၊ ပန်းညှိုး၊ ပန်းမလန်းခြင်း

 နေ့စဉ် ၈၅ မီလီဂရမ်မျှသော ကဖင်းကို သုံးစွဲပါက ပန်းသေပန်းညှိုးမှု ဖြစ်ပွားခြင်းနည်းမည်ဟု ဆိုသည်။ ကော်ဖီ ၂ ခွက်၊ ၃ ခွက် နေ့စဉ်သောက်ပါက ပန်းသေပန်းညှိုးမှုကို ကာကွယ်ပေးနိုင်သည်။

(ဎ) ကျောက်ကပ်ကျောက်တည်ခြင်း

 ကဖင်းသည် ကျောက်ကပ်ကျောက်တည်ခြင်း အန္တရာယ်ကိုလည်း လျော့နည်းစေနိုင်သည်။

(ဏ) ခံတွင်းနှင့် လည်ချောင်းကင်ဆာ

 နေ့စဉ်ကော်ဖီ ၄ ခွက်သောက်ပါက ခံတွင်းနှင့် လည်ချောင်းကင်ဆာဖြစ်ပွားမှုကို ၄၅ ရာခိုင်နှုန်း လျော့နည်းသွားစေသည်။

(တ) လေဖြတ်ခြင်း

 နေ့စဉ်ကော်ဖီတစ်ခွက်သောက်ပေးပါလျှင် လေဖြတ်ခြင်းကို ၂၂ မှ ၂၅ ရာခိုင်နှုန်း လျော့ကျသွားစေမည်ဟု ဆိုသည်။

(ထ) သွေးချိုဆီးချိုရောဂါ

 ကော်ဖီတစ်ခွက် သို့မဟုတ် နှစ်ခွက်မျှ နေ့စဉ်သောက်သုံးပါက အမျိုးအစား (၂) သွေးချိုဆီးချိုဖြစ်ပွားမှုအန္တရာယ်ကို ၁၁ ရာခိုင်နှုန်းလျော့နည်းစေနိုင်သည်။ 

(ဒ) အခြားကင်ဆာရောဂါများ

 သားအိမ်အတွင်းလွှာကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနှင့်လည်ပင်းကင်ဆာ၊ ရင်သားကင်ဆာစသည့် ကင်ဆာရောဂါများ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်၊ ကာကွယ်နိုင်သည်ဟု ဆိုသည်။ 


Credit:

ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18