ဂရိတ်ဖရုသီး
25-Feb-2017
( တခြားအအေးပုလင်းရည် သောက်မည်အစား ဒီဂရိတ်ဖရုသီး ဖျော်ရည်သောက် လိုက်ပါနော် ...)
အသည်း ရောဂါ အမျိုးမျိုး အတွက် သဘာဝ ဆေးကောင်း တစ်လက် ဖြစ်သည်။ အသီးမှည့်ကို ၎င်း အတိုင်း ဖြစ်စေ ဖျော်ရည် ပြုလုပ်၍ ဖြစ်စေ သောက်သုံးနိုင်သည်။ အဆီကျစေရန်... အတွက် ကျွဲကောသီး စားသကဲ့သို့ အမွှာများ သင်၍ စားရန်ဖြစ်၏။
ဆီးရောဂါ အမျိုးမျိုး အတွက် ဖျော်ရည် အဖြစ် သောက်သုံး နိုင်၏။ သွေးတိုးရောဂါ ၊ နှလုံး ရောဂါများ အတွက် အထူး သင့်တော်သော အသီးကောင်း တစ်မျိုး ဖြစ်ပါသည်။ ခုခံအား ကောင်းလာရန်နှင့် အသား စိုပြေရန် စားသုံးသင့်သည်။ အရွက်ကို ဝက်ရူးရောဂါ၊ အတက် ရောဂါနှင့် ချောင်းဆိုး ရောဂါတွင် အသုံးပြုလေ့ ရှိကြသည်။
ဂရိတ်ဖရုသီး အစေ့ကို Lunbago ခေါ် ခါးနာ ရောဂါတွင် ဆေးဝါး အဖြစ် ဖော်စပ် အသုံးပြုနိုင်သည်။ အသီးမှည့်ကို သန် တုတ် ရောဂါ၊ သည်းခြေ ရောဂါ၊ အော့အန်ခြင်း ၊ ခေါင်းကိုက်ခြင်းနှင့် မျက်စိ နာခြင်းတို့ကို ကုသရာတွင် အသုံးပြုသည်။ ဂရိတ်ဖရုသီးကို အာယုဗ္ဗေဒ ဆေးပညာတွင် အရေပြား ရောဂါ (အနာကြီး)၊ ပန်းနာ၊ ချောင်းဆိုး၊ ကြို့ထိုး၊ ဝက်ရူး ရောဂါနှင့် အတက်ရောဂါတို့ ကုသရာတွင် ဆေးဝါးအဖြစ် ဖော်စပ် အသုံးပြုကြပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Mg Mandalay
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

