Print

တပတ်ကို ခေါက်ဆွဲခြောက် တစ်ထုပ်ထက်ပိုစားလျှင်

  30-Oct-2016
Preview Image

တစ်ပတ်ကို ခေါက်ဆွဲခြောက် ၂ ထုပ်နှင့် ၂ ထုပ် တက်ပို စားသောက်ခြင်းဟာ ရေရှည်မှာ နှလုံး ကျန်းမာရေး ကို ထိခိုက်စေကြောင်း အမေရိကန်မှ လေ့လာသူများက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

ခေါက်ဆွဲခြောက်ဖြစ်ရန် ပြုလုပ်တဲ့ ဓာတုဗေဒ၊ ထုတ်ပိုးတဲ့အခါ တာရှည်ခံစေရန် ထည့်သွင်းထားတဲ့ ဓာတုဗေဒ ပစ္စည်းများဟာ လူတို့ စားသုံးတဲ့အခါ ကျန်းမာရေး ထိခိုက်စေတဲ့ အချက်ကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ထုပ်လောက် စားတာက မသိသာပေမယ့် ယင်းထပ် ပိုရင်တော့ ဒါဟာ ကျန်းမာရေး အတွက်မကောင်းတော့ ပါဘူး။ အထူးသဖြင့် အမေရိကန်မှာ ဆိုရင် ခေါက်ဆွဲခြောက်ကြောင့် အမျိုးသမီး များက အမျိုးသားများထက် နှလုံးရောဂါ ဆိုင်ရာ ပိုမို ခံစားရ လွယ် နိုင်ချေ ရှိကြောင်း ဆိုပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ သွေးချို ဆီးချို ရောဂါ များ ကို ဖြစ်ထွန်းရန် အလွယ်တကူ ဖြစ်စေပြီး ကလေးရရန် ခက်ခဲတဲ့ အိမ်ထောင်သည်များ အနေနဲ့ ရှောင်ကြဉ်သင့်ကြောင်းတောင် ထောက်ပြထားပါတယ်။ အကြောငး်ကတော့ သူဟာ ဟိုမုန်းဓာတ်ကိုပါ အနှောင့်အယှက်ပေးလို့ ဆိုပါတယ်။

ယင်းသို့ဆိုလိုက်လို့ ခေါက်ဆွဲခြောက်များကို မကောင်းလို့လည်း မဆိုလိုပါ။ သူဟာ အစားအသောက် လွယ်တကူ နဲ့ ခပ်မြန်မြန် စားချင်သူများအတွက်၊ စျေးသက်သက်သာသာ စားချင်သူများအတွက် ထုပ်ပိုး ပေးထားတဲ့ အစားအသောက် ဖြစ်ပြီး တစ်ပတ်ကို ၁ ထုပ်လောက်စားရင်တော့ ဘာမှ မဖြစ်ပါဘူး။ ယင်းထပ် ပိုတဲ့ အကြိမ်အရေအတွက် အားဖြင့် စားမိရင်တော့သာ ကျန်းမာရေးအတွက် ထိခိုက်နိုင်ကြောင်းကို ထောက်ပြသွားခဲ့ပါတယ်။

 

အောင်ခမ်း (ရိုးရာလေး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18