Print

ပိန္နဲသီး၏ အံ့ဖွယ်ကောင်းကျိုးများ

  30-Oct-2016
Preview Image

၁။ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။ ပိန္နဲသီးအစေ့များကိုနွားနို့အေးထဲတွင် မိနစ်အနည်းငယ်ခန့် နှစ်ထားပါ။ ထို့နောက် ယင်းအစေ့များကို ကြိတ်ပြီး အရေးအကြောင်းများပေါ်တွင်လိမ်းပါ။ ဤနည်းကို (၆) ပတ် ဆက်တိုက် ပုံမှန် လုပ်ဆောင်ပေးလျှင် ထိရောက်နိုင်ပါတယ်။

၂။ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ပိန္နဲသီးအစေ့များကို စားပေးပါ က ၀မ်းချုပ်ခြင်းကို တားဆီးနိုင်ပါတယ်။

၃။ ပရိုတင်းဓာတ် ပြည့်ဝပါတယ်။ ပိန္နဲသီး အစေ့များမှာ ပရိုတင်းဓာတ် ပါ၀င်တာကြောင့် မတူညီတဲ့ ဟင်းအမယ်ပွဲတွေမှာ ထည့်သွင်း စားသောက်နိုင်ပါတယ်။

၄။ ပိန္နဲသီး၏ အစေ့များမှာ ဗီတာမင် A ပါ၀င်တာကြောင့် ဆံသားကျိုးပဲ့ခြင်း၊ ခြောက်သွေ့ခြင်းတို့ကို ကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်ရရှိစေပါတယ်။

၅။ ပိန္နဲသီးမှာ Vitamin C နဲ့ Anitioxidants များ ပါ၀င်တဲ့အတွက် သာမန် အအေးမိ ဖျားနာခြင်းများကို ကာကွယ် ပေးနိုင်ပါတယ်။

၆။ ပိန္နဲသီးတွင် ပါ၀င်တဲ့ ဓာတ်များက အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စတဲ့ အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။

၇။ ပိန္နဲသီးမှာ ပါ၀င်တဲ့ Potassium ဓာတ်က ကိုယ်တွင်း Sodium ဓာတ်ကို ထိန်းညှိပေးတာကြောင့် သွေးပေါင်တက်ခြင်း၊ နှလုံးရောဂါနှင့် ဦးနှောက် သွေးကြောပေါက်ခြင်းတို့ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

၈။ ပိန္နဲသီးဟာ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးဖြစ်တာကြောင့် အစာချေဖျက်မှုတွေကို လွယ်ကူစေပြီး ၀မ်းချုပ်ခြင်းကို ကာကွယ်ပါတယ်။

၉။ ပိန္နဲသီးက အမြင်အာရုံကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မျက်စိ တိမ်စွဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၁၀။ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။

၁၁။ ပိန္နဲသီးမှာ Calcium ဓာတ်ပါ၀င်လို့ အရိုးများကို ကျန်းမာ သန်စွမ်းစေပါတယ်။

၁၂။ ပိန္နဲသီးမှာ သွေးဖွဲ့စည်း တည်ဆောက်ပုံ အတွက် လိုအပ်သောဓာတ်များ ပါ၀င်လို့ သွေးအားနည်းခြင်း ဝေဒနာကို ကာကွယ် ကုသနိုင်ပါတယ်။

၁၃။ ပိန္နဲသီးမှာ ပါ၀င်တဲ့ vitamin B6 က နှလုံးကျန်းမာစေပါတယ်။

ပိန္နဲသီးက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ အသီးဖြစ်တဲ့ အပြင် အာဟာရဓာတ် ကြွယ်ဝစွာ ပါ၀င်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၄င်းမှာ ကယ်လိုရီ ပါ၀င်သော်လည်း ကိုလက်စထရောတို့ ပြည့်ဝအဆီတို့ မပါ၀င်ပါ။ ဒါကြောင့် ပိန္နဲသီး စားပေးခြင်းဖြင့် အချို့သော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

Healthcare.com.mm

 

Ref:

ဖိုးသူတော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18