Print

Omega-3 Fatty acid ရဲ့ အကျိုးကျေးဇူးများ

  30-Oct-2016
Preview Image

အဆီလို့ပြောရင် ဆိုးကျိုးပဲပေးတဲ့ အရာလို့ထင်နေကြပေမယ့် ကောင်းကျိုးပေးတယ့် အဆီလည်းရှိပါတယ် သူကတော့ OMEGA3 FATTY ACID ပါ

OMEGA3 FATTY ACIDs တွေမှာအဓိကဖြစ်တဲ့ DHA (decosahexaenoic acid) နဲ့ EPA (eicosapentaenoic acid) တို့ကိုငါးပါးနီ၊ ဆယ်လမွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေ

မှာတွေ့နိုင်သလိုသစ်ကြားသီး၊ မုန်ညင်းဆီ၊ နှမ်းကြပ်ဆီစတဲ့ အစေ့အဆန် နဲ့ အသီးအရွက်ဆီများမှ စားသုံးရယူနို်င်ပါတယ်

ကျန်းမာရေးမှာဘာတွေကောင်းစေလဲဆိုတော့

- သွေးထဲကမကောင်းတဲ့ အဆီဓါတ်ဖြစ်တဲ့( triglyceride) -

- ပမာဏကိုလျျှော့ချပေး့ခြင်းဖြင့် နှလုံးရောဂါ ဖြစ်နို််င်ချေ ကိုလျှော့ချပေးပါတယ်

- အဆစ်အမြစ် နာကျင်မှု၊ တောင့်တင်းမှု တို့ ကိုပိုမဆိုးအောင်ဟန့်တားစေနိုင်ပါတယ်

- စိတ်ကျရောဂါရဲ့ လက္ခဏာတွေကိုလည်းသက်သာစေပါတယ်

- သတိမေ့ခြင်း ၊ အာရုံမစူးစိုက်နို်င်ခြင်းတွေအတွက်လည်းအသုံးပြုနိုင်ပါတယ်

- ရင်ကြပ်ရောဂါ မှာလည်းအထောက်အကူပြုတယ်လို့နောက်ပိုင်းထပ်မံတွေ့ရှိလာပါတယ်

- ကလေးတွေရဲ့ မျက်လုံး နှင့် အာရုံကြောဖွံ့ ဖြိုးမှု အတွက် လည်းအထောက်အကူပြုပါတယ်

ကောင်းကျိုးများတဲ့ omega3 fatty acids ပါတဲ့ ငါး နှင့် တခြားအစားအစာများကိုတစ်ပတ် လျှင် ၂-၃ကြိမ်စားပေးခြင်းဖြင့် အကျိုးများစေမှာဖြစ်ပါတယ်

omega3 fatty acids ကိုဆေးအနေနဲ့ သောက်သုံးလိုလျှင်တော့ ဆရာဝန်နှင့် တိုင်ပင်ပြီးသောက်နို်င်ပါတယ်..

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18