အကြောအချဉ်တင်းသောရောဂါအတွက် အစားအစာများ
30-Oct-2016
အစာအာဟာရဓာတ်စာအညွန်းမှာ ကင်ပွန်းချဉ်ရွက်ကို ငါးခူ၊ ငါးရံ့၊ ငါးကြင်း၊ ငါးပနော်၊ ငါးဘတ် အစရှိသည့်ငါးများမှ တစ်မျိုးကိုအလှည့်ကျ ချက်စားနိုင်ပါသည်။ ဤသို့စားသုံးခြင်းအားဖြင့် အကြောအချဉ်တင်းသော ရောဂါအတွက် အစာအာဟာရကုထုံးဓာတ်စာပင် ဖြစ်ပေသည်။
ကြိတ်မှန်ရွက်စိမ်းကို ပတဲကောအနည်းငယ်ထည့်၍ ငရုတ်သီး၊ ကြက်သွန်နီ၊ နှမ်း၊ အိမ်သုံးဆား အနည်းငယ်ထည့်၍ ငါးကျည်းခြောက်နိုင်နိုင်ဖြင့် သံပုရာဆမ်း၍ မကြာခဏသုပ်စားပေးနိုင်ပါသည်။ ဤအစားအစာများသည် အကြောရောဂါများကို ပျောက်ကင်းစေနိုင် သည့် ဆေးဖက်ဝင်ဓာတ်စာများ ပင် ဖြစ်ပါသည်။
သို့မဟုတ် ခွေးတောက်ရွက်နှင့် ပြုတ်ထားသော ငါးမြွေထိုးကို ကြက်သွန်ဖြူဥတစ်လုံးနှင့် နို်င်နိုင်ကြော်စားပေးပါ။ ညောင်းညာကိုက်ခဲသော ရောဂါအတွက် ဆေးဖက်ဝင်ဟင်းလျာတစ်ခွက် ဖြစ်ပါသည်။
Healthcare.com.mm
Ref:
ရောဂါကုသနည်း တိုင်းရင်းဆေးဖက်ဝင်ဓာတ်စာ
ကျော်တင့်ဆွေ
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

