Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ဗီတာမင် “အေ”

  30-Oct-2016
Preview Image

ဗီတာမင်အေသည် အရေပြားနှင့် အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါ လမ်းကြောင်းတစ်လျှောက် ကာရံထားသော အမြှေးပါးတည်ဆောက်မှုကို အားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးမွှားများ မဝင်အောင် ကာကွယ်ပေးပါသည်။ရောဂါပိုးမွှားများကို ဖျက်စီးနိုင်သည့် Lysozome ခေါ် အင်ဇိုင်းတစ်မျိုးကို ခန္ဓာကိုယ်၏ ရောဂါခုခံအားစနစ်မှ ထုတ်လုပ်နိုင်ရန်လည်း ဗီတာမင်အေလိုအပ်ပါသည်။ ၄င်းအပြင် ဗီတာမင်အေကို “ ကြီးထွားစေသော ဗတာမင် ” အဖြစ်လည်း သိထားကြပါသည်။ ဗတာမင်အေသည် ကြီးထွားဟော်မုန်း ထုတ်လုပ်ရေးအတွက် အရေးကြီးသလို၊ ရောဂါခုခံအားစနစ်အတွက် လိုအပ်သောဆဲလ်များကို ထုတ်လုပ်ပေးသည့် သိုင်းမတ်ဂလင်းကြီးထွားရေး၊ လုပ်ငန်းချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း လိုအပ်ပါသည်။

ထို့ကြောင့် ဗီတာမင်အေသည် ကိုယ်ခံအား ကောင်းစေရေးအတွက် လိုအပ်သော ဗီတာမင်တစ်ခုဖြစ်ပါသည်။ ၄င်းအပြင် မျက်စိအမြင်အားကိုလည်း ကောင်းစေသော ဗီတာမင်တစ်ခုဖြစ်ပါသည်။

ဗီတာမင်ချို့တဲ့ပါက

- ကူးစက်ရောဂါမျး ပိုမိုဖြစ်ပွားခြင်း

- Lymphocyte ခေါ် သွေးဖြူဥများ လျော့နည်းသွားခြင်း

- Antibody ခေါ် ပဋိလှုံ့ပစ္စည်းများ ထုတ်လုပ်မှုအားနည်းခြင်း

- Killer cell ac: ရောဂါပိုးများကို တိုက်ဖျက်သည့် ဆဲလ်၏ လုပ်ငန်းစွမ်းဆောင်မှုကို လျော့နည်းစေခြင်း

- မျက်စိအမြင် ချိုှုယွင်းစေခြင်း၊ ကြက်မျက်သင့်ခြင်း

- အရေပြားကြမ်းတမ်းခြင်း၊ ကြာဆူးထွက်ခြင်း။

ထို့ကြောင့် လူတစ်ယောက်အတွက် တစ်နေ့တာကို လိုအပ်သော ဗီတာမင်အေကို လုံလောက်စွာစားသုံးရန် လိုပါသည်။ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်သော ဗီတာမင်၏ပမာဏမှာ ၄၀၀၀ မှ ၅၀၀၀ IU ဟု သတ်မှတ်ထားကြပါသည်။ ဗီတာမင်အေ ကြွယ်ဝသည့်အစားအစာများမှာ အသည်း၊ နို့အမျိုးမျိုး၊ ဥအမျိုးမျိုး၊ အဝါရောင် သို့မဟုတ် အနီရောင်ရှိသည့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များတို့ ဖြစ်ကြပါသည်။

ဗီတာမင်အေကို လိုသည်ထက် ပိုမိုစားသုံးမိပါက အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ အရိုးများပုံမမှန်ဖြစ်ခြင်း၊ ကိုယ်ခန္ဓာအတွင်း သွေးထွက်ခြင်းတို့ ဖြစ်ပွားတတ်သောကြောင့် လိုအပ်သည်ထက် ပိုမိုစားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

HIV ပိုး ကူးစက်ခံရထားသောသူများမှာ ၁၀ မှ ၂၀ ရာခိုင်နှုန်းခန့်မှာ ဗီတာမင်အေ ချို့တဲ့နေကြောင်း လေ့လာချက်များအရ သိရှိရပါသည်။ သုတေသနတစ်ခုအရ ဗီတာမင်အေချို့တဲ့သူ ကိုယ်ဝန်ဆောင်များသည် သာမန်ကိုယ်ဝန်ဆောင်များထက် ကလေးသို့ HIV ပိုးကို သုံးဆမှ လေးဆခန့် ပိုမိုကူးစက်နိုင်ပြီး ဗီတာမင်ချို့တဲ့သော HIV ပိုး ကူးစက်ခံရသောသူများသည် AIdS ရောဂါကြောင့် သေဆုံးနှုန်း လေးဆမှငါးဆခန့် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။

HIV ပိုး ကူးစက်ခံရပြီး ဗီတာမင်အေချို့တဲ့သော ကိုယ်ဝန်ဆောင်မိခင်များ၏ လိင်အင်္ဂါမှထွက်သော အရည်နှင့်နို့ရည်တို့တွင် HIV ပိုး သာမန်ထက် ပိုမိုများပြားစွာပါ၀င်ကြောင်း တွေ့ရှိရပြီး ကိုယ်ဝန်မရှိသူ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာများ ပိုမိုဖြစ်ပွားကြောင်းလည်း သိရှိရပါသည်။ ကိုယ်ခန္ဓာအတွင်းရှိ ဗီတာမင်အေပမာဏမှာ စားသုံးလိုက်သော ဗီတာမင်အေပမာဏနှင့် ဆက်စပ်မှုသိပ်မရှိကြောင်း တွေ့ရှိရပြီး HIV ပိုး ကူးစက်ခံရထားရသူများကို ဗီတာမင်အေ ပိုမိုတိုက်ကျွေးခြင်းဖြင့်လည်း ထူးခြားသောအကျိုးအာနိသင်များ မခံစားရသည့်အပြင် သုတေသနတစ်ခုတွင် HIV / AIDS ဝေဒနာရှင်များသည် ဗီတာမင်ကို တစ်နေ့တာလိုအပ်ချက် သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ စားသုံးသင့်ကြောင်း အာဟာရပညာရှင်များက အကြံပြုပေးထားကြပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာအောင်စန်း

M.B.B.S (YGN)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18