Print

သက်သက်လွတ်စားတိုင်း ကျန်းမာရေးကောင်းနိုင်ပါသလား

  30-Oct-2016
Preview Image

သက်သက်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetariansဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။

မလိုင်အပြည့်ပါဝင်တဲ့ နွားနို့အစား အဆီမပါဝင်တဲ့ နွားနို့နဲ့ ဒိန်ချဉ်ကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းတာ ဒါမှမဟုတ် ပိုဆိုးတာဖြစ်စေဖို့အတွက် အသားနဲ့ အရွက်တွေ နှစ်မျိုးစလုံးစားသုံးမယ့် အစား ဟင်းသီးဟင်းရွက်ပဲစားဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ အရေးကြီးဆုံးက အာဟာရ ညီညွတ်ဖို့ပဲ လိုပါတယ်။ ဟင်းသီးဟင်းရွက်သာစားတဲ့ ရောဂါတချို့ရှိသူတွေဟာ ဆရာဝန်နဲ့ပြသပြီး အကြံဉာဏ် ယူသင့်ပါတယ်။

ဥပမာ ကျောက်ကပ်ရောဂါရှိသူတွေဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး၊ ဒူးရင်းသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို သတိထားပြီးစားရပါမယ်။ ကျောက်ကပ် ပျက်စီးနေတဲ့အတွက် ပိုတက်စီယမ်အဆင့်ကို ပုံမှန်ဖြစ်နေအောင် မထိန်းထားနိုင်တဲ့အတွက် သွေးတွင်းပိုတက်စီယမ်အဆင့်တွေ မြင့်တက်နေရင် နှလုံးခုန်နှုန်းစည်းချက်မမှန်တာတွေ ဖြစ်တတ်လို့ပါ။

ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်မှာ သူတို့မှာပါဝင်တဲ့ ပိုတက်စီယမ်တွေ လျော့သွားအောင် နာရီအနည်းငယ်ခန့် ရေစိမ် ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဟင်းသီးဟင်းရွက်၊ အစေ့နဲ့ အသီးတွေကို အစိမ်းစားမယ်ဆိုရင်လည်း အစာမှအဆိပ်သင့်တာမခံရလေအောင် ဘုံပိုင်အောက်မှ ထွက်လာတဲ့ ရေနဲ့စင်အောင်ဆေးကြောပြီးမှ စားသင့်ပါတယ်။ သက်သက်လွတ်စားလေ့ ရှိသူတွေမှာ အောက်ပါ အာဟာရဓာတ်တွေချို့တဲ့ နိုင်ပါတယ်။

သံဓာတ်

အပင်မှရရှိတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးအားနည်း ရောဂါရရှိနိုင်ပါတယ်။ သံဓာတ်ဟာ အစိမ်းရောင်ဟင်းရွက်များ၊ သဖန်းသီး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီမှာ ပါဝင်ပါတယ်။

ကယ်လ်စီယမ်

ကယ်လ်စီယမ်ဟာ တိုဟူး၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ အစေ့၊ အခွံမာသီး၊ ကိုက်လန်နဲ့ ပဲတွေမှာ ပါဝင်ပါတယ်။

အသားဓာတ်

အပင်တွေမှာ ခန္ဓာကိုယ်တည်ဆောက်ဖို့အရေးကြီးတဲ့ အချို့ Amino acids တွေ ပါဝင်မှု နည်းပါတယ်။ အသားဓာတ်ဟာ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့နဲ့ ပဲပိစပ်တို့မှာ ပါဝင်ပါတယ်။

ဗီတာမင် B12

အပင်စာအများစုမှာ ဇီဝရုပ်ဖြစ်ပျက်ဖို့လိုအပ်တဲ့ ဗီတာမင် B12 တွေ မပါဝင်တတ်ပါဘူး။ ဗီတာမင် B12 ချို့တဲ့ရင် ဦးနှောက်ပျက်စီးရောဂါ (Dementia) ရတတ်ပါတယ်။ ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေးသောက်ပါ။

Omega- 3 Fatty Acids

နှလုံးရောဂါပြဿနာဖြစ်နိုင်ခြေနဲ့ ကိုလက်စထရောအဆင့် လျော့ကျစေနိုင်ပါတယ်။ သီဟိုဠ်စေ့၊ ပဲပိစပ်မှ Omega- 3 Fatty Acids ကို ရရှိနိုင်ပါတယ်။

Healthcare.com.mm

 

Ref: Mg Mandalay



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18