Print

တွဲဖက်မသုံးစွဲ၊ မစားသောက်သင့်သော ဆေးဝါးများနှင့် အစားအသောက်များ

  30-Oct-2016
Preview Image

အကယ်၍ သင်၏ကျန်းမာရေး အခြေအနေတစ်ရပ်ကြောင့် ဆေးဝါးသုံးစွဲရန် လိုအပ်ပါက ဆေးဝါးနှင့် တွဲဖက်စားသုံးလျှင် အန္တရာယ်ဖြစ်နိုင်သည့် အစားအသောက်နှင့် ဆေးဝါးများကို ဖော်ပြပေးလိုက်ပါသည်။

ချောင်းဆိုးပျောက်ဆေးသောက်ထားပြီး သံပရာသီး၊ ကျွဲကောသီးနှင့် လိမ္မော်သီးတို့ စားသုံးမိခြင်းကြောင့် dextromethorphan ပါ၀င်သော ချောင်းဆိုးပျောက်ဆေးများ အပါအဝင် အခြားသော ဆေးဝါးများ နှင့် ကိုလက်စထရောလျှော့ချပေးသော ဆေးဝါးများကို ချေဖျက်နိုင်သည့် အမ်ဇိုင်းဓာတ်တစ်မျိုးကို ပိတ်ဆို့သကဲ့သို့ ဖြစ်စေသည်။ ယင်းအချိန်တွင် သောက်သုံးထားသော ဆေးဝါးများမှာ သွေးကြောများထဲ ဖြစ်တည်နေသဖြင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်မြင့်မားစေသည်ဟု ၀င်ကင်ဆင်ပြည်နယ် မက်ရှ်ဖီးလ်ဆေးရုံမှ ဒေါက်တာမယ်ရီအယ်လန်ဂူလစ်ဆင်က ပြောသည်။ ယင်းဆေးများနှင့် အစားအသောက် များကို တွဲဖက်စားသုံးမိပါက ကြွက်သားများ ပြင်းထန်စွာ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည်။

နို့ထွက်ပစ္စည်းများနှင့် ပဋိဇီဝဆေးဝါးများ

ပဋိဇီဝဆေးဝါးများ သောက်ထားပြီး နှစ်နာရီအတွင်း နို့၊ ဒိန်ချဉ်နှင့် ချိစ်စားသုံးခြင်း ရှောင်ပါ။ Cipro အပါအဝင် ပဋိဇီဝဆေးအချို့နှင့် ကယ်လ်စီယမ်၊ သံဓာတ်နှင့် အခြားသတ္တုဓာတ်များရရန် စားသုံးသည့်နို့အခြေခံအစားအစာများ တွဲစားမိပါက ခန္ဓာကိုယ်၏ ပဋိဇီဝဆေးစုပ်ယူနိုင်မှုကို တားဆီးပြီး ရောဂါကူးစက်မှုများကို တိုက်ဖျက်မည့် ဆေးအစွမ်းကို ယုတ်လျော့စေသည်ဟု ဒေါက်တာ အယ်လန်ဂူလစ်ဆင်က ပြောသည်။

ကျပ်တင်ထားသော အသားများနှင့် စိတ်ကျရောဂါ ကာကွယ်ဆေး

စိတ်ကျရောဂါကာကွယ်ရန် သောက်သုံးရသည့် ဆေးဝါးများဖြစ်သော Marplan, Nardil, Emsam (သို့မဟုတ်) Parnate စသောဆေးဝါးများကို အမိုင်နိုအက်စစ် ကြွယ်ဝစွာပါ၀င်သည့် ကျပ်တင်ထားသော အသားများနှင့် တွဲဖက်စားသုံးမိပါက အသက်အန္တရာယ်ရှိသည့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သည်။

ချောကလက်နှင့် အာရုံကြောအားဆေး

ချောကလက်တွင် ကဖိန်းဓာတ်အပါအဝင် theobromine ဟု ခေါ်သော စိတ်ကြွစေသည့် ဓာတ်တစ်မျိုးပါ၀င်သဖြင့် အာရုံကြောအားဆေးများနှင့် တွဲဖက်စားသုံးပါက မျှော်လင့်မထားသော အပြုအမူများ ဖြစ်စေနိုင်ပြီး လေဖြတ်နိုင်သည်။

ပန်းသီးဖျော်ရည်နှင့် ဓာတ်မတည့်ခြင်းများအတွက် သောက်ရသော ဆေးများ

ပဋိဇီဝဆေးများဖြစ်သည့် Cipro (သို့မဟုတ်) Levaquin ၊ သိုင်းရွိုက် ဂလင်းရောဂါကုသဆေး Synthroid (သို့မဟုတ်) ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကျပ်အတွက် သောက်ရသော Singulair ဆေးတို့ကဲ့သို့ ဆေးဝါးများ သောက်သုံးပြီး အနည်းဆုံး လေးနာရီအတွင်း ပန်းသီး၊ လိမ္မော်သီးနှင့် ဂရိတ်ဖရုတို့ မစားသင့်ဟု ဒေါက်တာ ဂူလစ်ဆင်က ပြောသည်။ အကယ်၍ တွဲဖက်စားသုံးမိပါက ဆေးဝါးအစွမ်းကို ရ၀ ရာခိုင်နှုန်းအား လျော့သွားစေကြောင်း သိရသည်။

အရက်နှင့် အကိုက်အခဲပျောက်ဆေး

Acetaminophen ပါ၀င်သော မည်သည့် အကိုက်အခဲပျောက်ဆေးကိုမဆို အရက်သောက်ထားပြီး အနည်းဆုံးခြောက်နာရီအထိ မသောက်သုံးသင့်ပေ။ အကိုက်အခဲပျောက်ဆေးများနှင့် အအေးမိခြင်းအတွက် သောက်ရသော ဆေးဝါးများကို အရက်နှင့် တွဲသောက်မိပါက ကျောက်ကပ်နှင့် အသည်းရောဂါများ ဖြစ်စေနိုင်သည်။

 

Healthcare.com.mm

 

Ref: 7day daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18