Print

မဲဇလီဖူး၏ ကျန်းမာရေး စွမ်းပကား

  30-Oct-2016
Preview Image

မဲဇလီ ဖူးသုပ်ကို ဆေးဖက် ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။

အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်

မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊ သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူ တာတို့လို အစာခြေ အူလမ်းကြောင်းဆိုင် ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိ က အသုံးဝင်ပါတယ်။

 

ဝမ်းမှန်မှန်သွားစေပါတယ်

မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်း မွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်

မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်။ မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ် အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်း လနှ န် ိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

 

ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်

လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါ ပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန် နိုင်တယ်လို့ မပြသထားပါဘူး။ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

 

Healthcare.com.mm

 

Ref:

ကြယ်စင်

Good Health



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18