Print

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး

  30-Oct-2016
Preview Image

မြန်မာနှလုုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကိုု အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံုးခြင်းရဲ ့ ဆိုုးကျိုးအကြောင်း ၁၀ မျိုးကိုု တင်ပြလိုုက်ပါတယ်။

(၁)သကြားက နှလုံုးကိုု ဒုုက္ခပေးတတ်တယ်။

American Heart Association ရဲ ့အဆိုုအရသကြားလွန်ကဲစွာ စားသုံုးခြင်းကြောင့် နှလုံးညှစ်ခြင်းကိုု ထိခိုုက်နိုုင်ပြီး နှလုံညှစ်အားနည်းရောဂါ ဖြစ်နိုုင်တယ်လိုု့ ဆိုုပါတယ်။

(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။တကမ္ဘာလုုံးမှာ အဝလွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုုနှစ်က ပြုလုုပ်ခဲ့တဲ့ ဆေးသုသေန

တစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုုက်ရွှဲစေတယ်၊ နောက်တော့ နှလုံုးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

(၃)သကြားက တကယ့်ကိုု အသံတိတ်လူသတ်သမားပါ။ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုုနှစ်က လုုပ်ခဲ့တဲ့ ဆေးသုုသေသနတစ်ခုုအရ leptin resistance လိုု့ခေါ်တဲ့ ရောဂါကိုုရစေပါတယ်။ လူ့ကိုုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကိုုဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမိုု့ အဝလွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုုရလာပြီး လူကိုု သေစေပါတယ်။

(၄)သကြားကြောင့် ကင်ဆာပိုုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုုလည်း များစေပါတယ်။အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကိုု အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ ့ သေနှုန်းက ပိုုပြီးများပါတယ်။

(၅) သကြားကြိုက်တာ မျိုးရိုုးလုုိက်တတ်ပါတယ်။Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုုပိုုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုုယ်ခန္တာကိုု ဆာလောင်စေပါတယ်။

(၆)သကြားနဲ့ အရက်ဟာ အသည်းကိုု ဒုုက္ခပေးတာ အတူတူပါပဲ။အရမ်းမဝတဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကိုု ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကိုု ကိုုယ်ခန္ဓာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။

(၇)သကြားက ဦးဏှောက်ကိုု ဒုုက္ခပေးပါတယ်။လွန်ကဲတဲ့သကြားဓာတ်က ကိုုယ်ခန္တာက ဆဲလ်တွေကိုု အိုုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုုပြီးဖြစ်တတ်ပါတယ်။

(၈)သကြားဓာတ်က နေ့စဉ် စားသုံုးစရာတွေထဲမှာ ပြည့်နေခြင်းသွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါ၀င်ပါတယ်။

(၉)သကြားလွန်ကဲစွာစားသုံုးမှုကြောင့် အသက်တိုုနိုုင်ပါတယ်။၂၀၁၃ စစ်တမ်းတစ်ခုုအရ ကမ္ဘာတဝန်းမှာ တစ်နှစ်ကိုု ၁၈၀၀၀၀ လောက် သကြားစားသုံုးမှု လွန်ကဲလိုု့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံုးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

(၁၀) သကြားကြောင့် အဝလွန်စေပါတယ်။

ဒီအချက်က လူတိုုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကိုု ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

 

Healthcare.com.mm

 

Ref:

ပိုပိုဇော်(သဘာဝအားအင်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18