Print

ငှက်ပျောသီး

  30-Oct-2016
Preview Image

ငှက်ပျောသီးက နူးည့ံပြောင်းပြီး ချိုသင်းတဲ့အရသာရှိတယ်။ ငှက်ပျောသီးမှာ အာဟာရ သိပ်ကိုကြွယ်ဝတယ်။ (ဂရမ် ၁၀၀=၆.၂) ကျပ်သားတိုင်းမှာ (အခွံမပါအသားသက်သက်) ပရိုတင်း ၁.၂ ဂရမ်၊ အဆီ ၀.၅ဂရမ်၊ ကစီ ၁၉.၅ ဂရမ်၊ ဖိုင်ဘာမျှင်အကြမ်း ၀.၉ ဂရမ်၊ ထုံးဓာတ် ၉ မီလီဂရမ်၊ မီးစုန်းဓာတ် ၃၁ မီလီဂရမ်၊ သံဓာတ် ၀.၆ မီလီဂရမ်တို့ပါ၀င်တဲ့အပြင် ကယ်ရိုတင်း၊ နိုင်ယာစင် (Niacin) ဗီတာမင်စီ၊ အီးနဲ့စိုးစဉ်လိုအပ်ဒြပ်စင်ဖြစ်တဲ့ ပိုတက်စီယမ်စတာတွေလည်း ပါ၀င်တယ်။ မကြာမီနှစ်ပိုင်းအတွင်းများက ကမ္ဘာ့ဆေးပညာပါရဂူများရဲ့ သုတေသနပြုတွေ့ရှိခဲ့တာက ငှက်ပျောသီးက လူ့ခန္ဓာကိုယ်တွင်း ဦးနှောက်ကြီးအတွက် “ သွေးကြည်ရည် Blood Serum တစ်မျိုးထုတ်လုပ်ဖို့ ကူညီတယ်လို့ဆိုပါတယ်။ အဲဒီဒြပ်ပစ္စည်းက အာရုံကြောစနစ်ကိုလှုံ့ဆော်မှုပေးတယ်။ အဲဒီကနေလူတွေကို ပျော်ရွင်စေတယ်၊ တည်ငြိမ်စေတယ်။ အိပ်ချိန်ကို အချက်ပေးတယ်။ နာကျင်မှုကို သက်သာစေတဲ့ အကျိုးတောင်ရှိသေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို “ပျော်ရွင်ဖွယ်စားစရာ” လို့တောင် နာမည်ကောင်းပေးထားပါတယ်။

အမေရိကန်နိုင်ငံ ဆေးပညာပါရဂူတွေရဲ့သုတေသနပြုတွေ့ရှိချက်အရ အမြဲငှက်ပျောသီးစားရင် သွေးတိုးရောဂါကို ကြိုတင်ဟန့်တားနိုင်တယ်။ အကြောင်းရင်းကတော့ ငှက်ပျောသီးမှာ “ပိုတက်ဆီယမ်အိုင်းယွန်း Iron များများစားစား ပါ၀င်နေတော့ “ဆိုဒီယမ်အိုင်းယွန်း” တွေ မြင့်တက်လာနိုင်မှုကို ဟန့်တားနိုင်တဲ့အတွက် သွေးကြောများ မထိခိုက်တော့ပါ။ သိပ္ပံပညာရှင်များ ထပ်မ့တွေ့ရှိသေးတာက လူမှာ ပိုတက်ဆီယမ်ချို့တဲ့ခဲ့ရင် မူးဝေတာ၊ တစ်ကိုယ်လုံးအားကုန်တာ၊ နှလုံးခုန်မမှန်တာတွေပါ ဖြစ်တတ်သေးတယ်လို့ ဆိုပါတယ်။ နောက်ပြီး ငှက်ပျောသီးမှာ အာဟာရအမျိုးမျိုးရှိတဲ့အပြင် လူကိုမဝစေဘူး။ ဦးနှောက်ကို အားကောင်းစေတယ်။ အာရုံကြောများ မပန်းစေဘူး။ အဆုတ်ကိုချောမွေ့စေပြီး ချောင်းဆိုးသက်သာစေတယ်။ ၀မ်းမှန်စေတယ်လို့ ယူဆကြပါတယ်။ တရုတ်တိုင်းရင်ဆေးပညာအရ ငှက်ပျောသီးဟာ အအေးစာဖြစ်တဲ့အတွက် အစာအိမ်အားနည်းသူ၊ အစာအိမ်နာတတ်သူ၊ ၀မ်းလျှောတတ်သူများလျှော့စားသင့်တယ်။ အစာအိမ်အချဉ်ပေါက်သူများ မစားသင့်ဘူးလို့ ယူဆပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18