Print

ဆီးချိုသမားတွေ စားသင့်တဲ့အသီး ၁ဝ မျိုး

  30-Oct-2016
Preview Image

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့နေ့စဉ်ဘဝပိုင်ဆိုင်ဖို့ စား သောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ အိပ်စက်မှု၊ စိတ်ဖိစီးခြင်း နည်းပါးမှုစတာ တွေလိုအပ်တဲ့အပြင်သွေးတွင်းဂလူးကို့စ်အဆင့်ကို အကောင်းဆုံးထိန်း ထားနိုင်ဖို့ကလည်း အထူးလိုအပ်လှပါ

တယ်။သစ်သီးတွေဟာ ချိုတဲ့ သဘာဝရှိတာကြောင့် ဆီးချိုရောဂါရှင်တွေ အသီးရှောင်ရမယ်လို့ မှတ်ယူထားကြပေမယ့် တချို့သော သစ်သီးတွေက သွေးတွင်းသကြား ဓာတ်ကို ထိန်းထားပေးတဲ့ စွမ်းအင်ရှိတာကြောင့် အကျိုးဖြစ်စေတဲ့ အသီးတွေအကြောင်း မျှဝေချင်ပါတယ်။

ပန်းသီး

ကြွပ်ကြွပ်လေးနဲ့ အရည်ရွှမ်းချိုမြတဲ့ ပန်းသီးမှာ ပျော်ဝင်နိုင်စွမ်းရှိ တဲ့ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါ၀င် ပါတယ်။

ချယ်ရီသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။

အနက်ရောင်သပြေသီး

သွေးတွင်း သကြားဓာတ်နဲ့ပတ်သက်ပြီး အကောင်းဆုံး ထိန်းညှိပေး နိုင်တာကြောင့် ဆီးချိုရောဂါကုသရာမှာ အသုံးများပါတယ်။

မာလကာသီး

ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်ကြွယ်ဝပြီး မာလကာသီး မှာပါတဲ့ အာဟာရဓာတ်တွေက ပုံမှန်သွေးတွင်း သကြားပမာဏရှိအောင် ထိန်းထားပေးနိုင်ပါတယ်။

ဂရိပ်ဖရု(ရှောက်ခါးသီးကြီး)

အမေရိကန်ဆီးချိုအဖွဲ့အစည်းရဲ့ စူပါသီးနှံပဲ ဖြစ်ပါတယ်။ ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ကူညီပေးပြီး ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ဆီးချိုဖြစ်ရင်လည်း လျော့ပါးသက်သာစေနိုင်ပါတယ်။

ထောပတ်သီး

သွေးတွင်းသကြားပမာဏကို ထိန်းထားပေးပြီး ဆီးချိုဝေဒနာရှင် တွေ နှလုံးရောဂါနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

စတော်ဘယ်ရီ

မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးပြီး သွေးဖိအားပုံမှန်ဖြစ် အောင် သွေးတွင်းသကြားပုံမှန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

လိမ္မော်သီး

ကိုယ်အလေးချိန် လျော့ကျစေပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ် ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားပမာဏ ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။

သစ်တော်သီး

ဗီတာမင်အေ၊ ဘီဝမ်း၊ စီနဲ့ အီး၊ အမျှင်ဓာတ်တွေကြောင့် သွေး တွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုလက်စထရောကျစေကာ ကိုယ်ခံ စွမ်းအားကောင်းစေပြီး အစာချေဖျက်မှု ကောင်းစေပါတယ်။

ကီဝီသီး

ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုပြီး ဗီတာမင်အစုံလည်းပါတာကြောင့်ဆီးချိုသမားတွေ လက်စွဲစားပေးသင့်ပါတယ်။

 

Healthcare.com.mm

 

Ref;

(မြန်မာတို့အတွက်မြန်မာ့ ဆေးမြီးတိုများ)

ကျန်းမာရေးအတွက်ဆေးတစ်ခွက်

ပြည်မြန်မာ

November 4, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18