Print

ဖို မ ခွန်အားတိုးစေသောအစားအစာများ

  30-Oct-2016
Preview Image

(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်က ကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့့အတွက် အမျိုးသားများညအိပ်ယာမဝင်ခင် တရုပ်နံနံပင်ကို အစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။

(၂)ဂုံးကောင်/ကမာကောင်ထဲရှိ သဘာဝ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို ့ကလိင်စိတ်ကို သုံးဆမျှတိုးပွားလာစေကာ၊ အမျိုးသားများသုက်ရည်ထုတ်ပေးသောဆဲလ်များကို အထောက်အပံ့ပေးသဖြင့် သားသမီးယူရန် အစီအစဉ်ရှိသောဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့် ပါတယ်။

(အကယ်၍ ကရုကမာကောင်မကြိုက်သူများအနေဖြင့် ၄င်းနှင့်အစွမ်းသတ္တိတူသောသောရွှေဖရုံစေ့လှော်ကို စား ပေး နိုင်ပါတယ်။)

(၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျားခွန်းအားကို ပြည့်ဝစေလို ့ နေ ့တိုင်း ဌက်ပျောသီးစားပေးပါ။

(၄) ရှေးမက္ကဆီကိုတိုင်းရင်းသားများကထောပတ်သီးကို "testicle tree"(၀ါ)သုက်ရည်ထွက် စေတဲ့အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျားဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို ့၊ဗာဒံစေ့အစိမ်းကိုအစိမ်းလိုက်(အချိ/အငံမရောဘဲ)၀ါးစားပါ။

(၆) သဖန်းသီး၊သရက် သီး၊ မက်မုံသီးနှင့်စတော်ဘယ်ရီသီးများကဖို-မစွမ်းအားတိုးမြှင့်ပေးလို ့ ၄င်းသစ်သီး ၄-မျိုးကိုရောစား၍သော်လည်းကောင်း၊တမျိုးချင်းသီးသန် ့စား၍သော်လည်းကောင်း အဆင်ပြေသလိုစားပေးနိုင်ပါတယ်။

(၇) ကြက်ဥထဲမှာပါတဲ ့ ဗီတာမင် B5 နှင့် B6တို ့က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်းပမာဏကိုတိုးပွားလာစေပါတယ်။ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မသဘာဝ စွမ်းရည် ကိုပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။

(၈) ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က ကျား-မလိင်အင်္ဂါထဲရှိ သွေးများကို လျှှင်မြန်စွာစီးဆင်းလည်ပတ်စေလို ့ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင် ချောကလက်ထဲမှာပါတဲ့ phenylethylamineဓာတ်ပေါင်းစုက ချစ်စိတ်ကိုတိုးပွားစေလို ့၊ ချစ်တင်းနှောအားဖြည့်ဆေးအဖြစ်မှီဝဲစားသုံးသင့်ပါ တယ်။

(၁၀) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာမြင်းခွာရွက်ကို ၆လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျိုလိုဖြစ်စေကြောင်းညွှန်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံ Arunaဘုရင်မင်းမြတ်ဟာနေ ့စဉ်မြင်းခွာရွက်စားလို ့သက်လုံကောင်းပြီးမိဘုရားမောင်းမမိသံအယောက်၅၀အတွက်လိင်ကိစ္စကိုစွမ်းဆောင်နိုင်ကြောင်းအိန္ဒိယရာဇဝင်သမိုင်းတွင်ဖော်ပြထားပါတယ်။ မြင်းခွာရွက်ဟာလိင်စိတ်ကြွစေသောအစွမ်းရှိလို ့၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာလိင်စိတ်ကိုအားပေးတဲ့ သဘာဝ ဆေး(၀ါ)Youth Vitamin X ဟုမှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။

(၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကိုတိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။

(၁၃)ဟင်နရီ-၇ ဘုရင်နှင့်ရှေးအာရှဘုရင်မင်းမြတ်များလက်ထပ်ကတည်းကပင်မောင်းမမိဿံစွမ်းဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကိုမှီဝဲလာခဲ့ကြပါတယ်။ ထို ့ပြင် ၂၁ ရာစု ဆေးသုတေသီများကလည်း ဂျငး်ဟာ ကာမစိတ်ဆန္ဒကိုလှုံ ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို ့ဆိုကြပါတယ်။

(၁၄)ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသောCineole ဓာတ်ကရာဂစိတ်ကို လှံု့ဆော်ပေးနိုင်စွမ်းရှိလို ့အိန္ဒိယနိုင်ငံမှာ ကာမရာဂဆေးအဖြစ် ဖာလာစေ့ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြပါတယ်။

(၁၅)အိီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ် အသုံးပြု လာခဲ့ကြပါတယ်။

(၁၆) ရွှေဖရုံစေ့ထဲမှာဇင့်ဓာတ်မြင့်မားစွာပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို ့အလုံအလောက်ပါရှိလို ့ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းကြောင့်အမျိုးသားများညအိပ်ယာဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။

(၁၇) နောက်ဆုံးပေါ်လေ့လာစမ်းသပ်မှုများအရ၊စပျစ်ဝိုင်တစ်ခွက်ပုံမှန်မှီဝဲလေ့ရှိ သောအမျိုးသမီးများဟာလိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အောင်မြင်ပါတယ်တဲ့။

(၁၈) ဖရဲသီးမှာပါတဲ့ citrulline(ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကိုပြေလျော့ကာ၊သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို ့အမျိုး သားများ ကျားခွန်အားကောင်းစေပါတယ်။

(၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ ၍ အမျိုးသမီးများ ညစာဟင်းလျာအဖြစ်စားသုံးပေးသင့်ပါတယ်။

(၂၀) The University of Hawaii မှလေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တလအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို ့သော် ဓာတုပစ္စည်း/သကြားတို ့ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်း အကြံပြု ထားပါ တယ်။

(၂၁) အဝါရောင်ကုံကုမံ(၀တ်ဆံ)ဟာ အစာအိမ်ရောဂါများအတွက် ဆေးဘက်၀င်ရုံသာမကလိင်စွမ်းဆောင်မှုကို အား ပေးလို ့ ရေနွေးပူပူမှာ၁၅ မိနစ်ခန့်စိမ်သောက်ပေးနိုင်ပါတယ်။

(၂၂) ဆလတ်ရွက်မှာလိင်စိတ်ဟိုမုန်းကိုနှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို ့ ညစာစား တဲ့အခါဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။

(၂၃) ကညွတ်ပင်ရဲ ့ ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (၀ါ)ကျားလိင်အင်္ဂါ ဟုခေါ်ပါတယ်။သဘာဝ ကျားခွန်အား ပြည့်စေလို ့အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။ဒါပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ် စားခြင်း (သို ့)ကညွတ်နှင့် နွားနို ့တို ့ရော၍ နို ့ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေပါတယ်။

 

Healthcare.com.mm

 

Ref:

ဖိုးသူတော်

Credit: ပေါက်ပေါက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18