Print

ဆန်ကိုတအားဖြူအောင်မဆေးရပါ

  30-Oct-2016
Preview Image

ဒီဆန်ထဲက အမှိုက်တွေ၊ ခဲတွေ၊ စပါးလုံးတွေ ရွေးထားရပါမယ်။ ရွေးချယ်ပြီးလို့ရှိရင် ဆန်ကို ကျွန်မတို့က တအားဖြူအောင် ကြိတ်ထားတဲ့ဆန်ဆိုရင် ဘီဝမ်းဓာတ်တွေ အများကြီး လျော့ပါးသွားပါ တယ်။ အဲဒီကြားထဲမှာ ဖြူသွားအောင် အရည်ကြည်လာတဲ့အထိ အထပ်ထပ် ဆေးကြောကြသည်။ ဆေးတဲ့အခါမှာ လက်တွေနဲ့ မတရားကြီးပွတ်တိုက်ပြီးတော့ ဆေးကြတယ်။ အဲ့ဒီလိုဆေးတဲ့အခါကျ တော့ ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ်တွေ ပါသွားတယ်။ အထူးသဖြင့် ဗီတာမင် B1 ဓာတ်ပေါ့၊ B12၊ B2 စတဲ့ B အုပ်စုတွေက ဆေးရင်းဆေးရင်း ရေထဲပါသွားတယ်။ ကျွန်မတို့ချက်ပြုတ်ထားတဲ့ဒီအစားအသောက်က ဆိုလိုရှိရင်ကစီဓာတ်တစ်မျိုးတည်းရသွားပြီးတော့ ဗီတာမင်တွေဆုံးရှုံးသွားတယ်ိ။ ဒီလိုဆုံးရှုံးသွားလို့ရှိရင်သူငယ်တာရောဂါတွေဖြစ်မယ်။ နို့တိုက်မိခင်တွေမှာ ထုံနာကျင်နာနှင့် ချိနဲ့သွားတာရှိတယ်။ တခြားသူ တွေမှာလည်း ကိုက်တယ် ခဲတယ်။ ခါးနာတယ် ကြွက်သားနာတယ် ခြေလက်မသယ်ချင် နှလုံးတုန် တယ်။ မောတယ်။ အဲ့လိုဖြစ်တာတွေဟာ B1 ဓာတ်ချို့တဲ့လိုဖြစ်ပါတယ်။ အစားအစာထဲမှာ B1 ဓာတ်မပါ၀င်လို့ဖြစ်တယ်။ကျွန်မတို့က ဆန်ထဲမှာရေထည့်ပြီး(၂)ကြိမ်လောက် ဖွဖွလေးဆေးထည့် ပါတယ်။ ရေဆေးလိုက်တော့ ဆန်ထဲမှာပါတဲ့ အမှုန်အမွှားတွေ ဖွဲခွံတွေ ရေထဲပါသွားပါတယ်။ ဗီတာမင်ဘီဝမ်းကတော့ အများကြီး ပါမသွားနိုင်ပါဘူး။ နည်းနည်းလေးပဲ ပါသွားမှာပါ။ဒါကြောင့် အာဟာရတန်ဖိုးဆုံးရှုံးမှုနည်းတဲ့ ချက်ပြုတ်နည်းထဲမှာ ဆန်ဆေးခြင်းဟာလည်း အရေးတကြီးပါ၀င်ပါတယ်။ ပြီးလို့ရှိရင် ရေကိုနည်းနည်းထည့်မယ်။ ရေကိုနည်းနည်းပဲထည့်တော့ ရေကုန်လည်းသက်သာ တယ်။ မီးကုန်လည်းသက်သာတယ်။ အချိန်ကုန်လည်းသက်သာတယ်။ ရေအများကြီးထည့်ပြီး ဆူအောင်စောင့်နေရင်ရေလည်းကုန်တယ်၊ မီးလည်းကုန်တယ်။ အချိန်လည်းကုန်တယ်။အဓိကတော့ သူ့မှာပါတဲ့အာဟာရတန်ဖိုးဆုံးရှုံးသွားတယ်။ အရည်ငဲ့လိုက်တဲ့အခါ အဲဒီအရည်ကို ပြန်သောက် ကြပါသလား။ သောက်တဲ့လူလည်းရှိမှာပေါ့။ မသောက်တဲ့လူလည်းရှိမှာပေါ့။ တချို့ကျတော့ သွန်ပစ်ကြတယ်။ တချို့ကျတော့ ကျွဲနွားတွေကို တိုက်တယ်။ တကယ်တမ်း ထမင်းရည်ငှဲ့ချက်တယ် ဆိုရင် ကိုယ်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင်အားလုံး ဒီထမင်းရည်ကို ပြန်သောက်ရမယ်။ ဒါမှ သူ့မှာပါတဲ့ အာဟာရတန်ဖိုးဆုံးရှုံးမှုမရှိတော့ပဲ B1 ဓာတ်ချို့တဲ့မှုနည်းသွားမယ်။

ထမင်းကိုရေခန်းချက်ပါ။

ဆန်ကိုဖွဖွလေးနဲ့ နှစ်ထပ်ပဲဆေးပြီး ရေခန်းချက်လိုက်ရုံနဲ့ ဘာအကျိုးကျေးဇူး ရပါလဲဆိုတော့ ခုနကပြောတဲ့ B1 ချို့တဲ့ပြီး ကလေးတွေ ရပ်ကွက်ထဲမှာ ကြားဖူးမှာပဲ၊ မြင်ရင်လည်းမြင်ဖူးမှာပဲ။ ကိုယ်တိုင် မဖြစ်ဖူးရင်တောင်မှ ကလေးအကောင်းကြီးကနေ ဖျားတာနာတာမရှိဘဲ ရုတ်တရက် သေဆုံးသွားတယ်။ ဘာမှန်းမသိလိုက်ဘူး။ ရပ်ကွက်ထဲကလူတွေက မသိလိုက်ဘူး။ အချို့က သူငယ်နာကျဗဟုံးဆိုပြီး ဆေးရုံတောင်မရောက်ခင် သေသွားတာ အမေတို့ကြားဖူးမှာပေါ့။ အဲ့ဒီလိုသူငယ်နာတွေ နို့စို့ကလေးမှာဖြစ်တယ်။ အဲ့ဒါအမေ့နို့မှာ B1 ဓာတ် မပါလို့ပါ။ အမေစားတာ ထမင်းရည်ငှဲ့ပြီးစားတယ်။ တခြားစားတဲ့အာဟာရကလည်း မပြည့်စုံဘူးဆိုတော့ အမေ့နို့မှာ B1 ဓာတ်မပါဘူး။ အဲ့ဒီတော့ ဒီနို့စို့ကလေးက B1 ဓာတ်ချို့တဲ့ပြီးတော့ ရောဂါရနို်င်တယ်။ အမေမှာလည်း ထုံနာကျင်နာဖြစ်ပြီး ချိနဲ့သွားနိုင်တယ်။ ဒါကြောင့် ကျွန်မတို့ ကိုယ်တိုင်လည်း စားတယ်။ ကျန်တဲ့လူတွေကိုလည်း ချက်ပြုတ်စားသောက်ဖို့ တိုက်တွန်းပါတယ်။

 

Healthcare.com.mm

 

ReF:

အမျိုးသား အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ကျန်းမာရေးဦးစီးဌာန



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18