Print

၀မ်းမမှန်ဘူးလား ဒါတွေစား

  30-Oct-2016
Preview Image

အစာခြေအင်္ဂါအဖွဲ့အစည်း ကောင်းကောင်းအလုပ်လုပ်ပြီး ၀မ်းချုပ်တာမဖြစ်စေဖို့ ၀မ်းနုတ် ဆေး၊ ၀မ်းပျော့ဆေးအကူအညီ ယူနေရသူတွေအတွက် အစာ လည်းဆေး၊ ဆေးလည်းအစာဖြစ် တဲ့ သဘာဝဝမ်းမှန် အစားအစာ တွေအကြောင်း သိထားရအောင် မျှဝေချင်ပါတယ်။ ၀မ်းမှန်ဖို့အ တွက် အဓိကအရေးကြီးဆုံးက နေ့စဉ်ရေများများသောက်ဖို့လိုပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်များတဲ့အ စားအစာတွေ ရွေးချယ်စား သောက်ဖို့ လိုအပ်တာကြောင့် ပုံ မှန်စားပေးသင့်တာလေးတွေကို ဖော်ပြလိုက်ပါတယ်။

နှမ်းကြတ်စေ့ -အမျှင်ဓာတ်နဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝ တာကြောင့် အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ ထောက်ကူပါတယ်။ နှမ်းကြတ်စေ့မှုန့်လက်ဖက်ရည် ဇွန်း ၂ ဇွန်းနဲ့ ရေတစ်ဖန်ခွက်ကို မနက်၊ ညပုံမှန်သောက်ရင် ၀မ်း မှန်စေပါတယ်။

ဆီးသီးခြောက် - မက်မန်းနဲ့ဆင်တဲ့ ဆီးသီးခြောက်ကို တစ်နေ့ခြောက် လုံး၊ ခုနစ်လုံးစားပေးတာ ဒါမှမဟုတ် မနက်စောစော အစာမစားခင် ဆီးသီးခြောက်ဖျော်ရည်တစ် ခွက်လောက် သောက်နိုင်ပါ တယ်။

ရှားစောင်းလက်ပပ် - မနက်စော စော အစာမစားခင်မှာ ရှားစောင်း လက်ပပ်ဂျယ်လီကို ခြစ်ယူပြီး ရေ နဲ့သော်လည်းကောင်း၊ အသီး ဖျော်ရည် တစ်ခုခုနဲ့ရောပြီးတော့ သော်လည်းကောင်း သောက်နိုင် ပါတယ်။

ကြက်ဆူဆီ - ကြက်ဆူဆီလက် ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ လိမ္မော် ရည်တစ်ခွက်ရောပြီးသောက်ရင် လည်း ၀မ်းမှန်စေပါတယ်။ တစ်ခု သတိထားရမှာက ကိုယ်ဝန် ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ဓမ္မတာလာချိန်တွေမှာ သောက်ဖို့ မသင့်လျော်ပါဘူး။ အကောင်းဆုံး ကတော့ ကြက်ဆူဆီသောက်မယ် စိတ်ကူးရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မှ သောက်သင့်ပါတယ်။

သင်္ဘောသီး - သင်္ဘောသီးမှည့် ဒါ မှမဟုတ် သင်္ဘောသီးဖျော်ရည်က အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အ ကောင်းဆုံး ထောက်ကူပေးပြီး ဗီ တာမင်တွေ၊ အမျှင်ဓာတ်တွေရေ ဓာတ်တွေ အပြည့်အဝပါ၀င်ပါ တယ်။

သဖန်းသီး၊ ကတွတ်သီး - အသီး စို၊ အသီးခြောက် ဘာပဲစားစား ၀မ်းမချုပ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

ပန်းသီး - ၀မ်းမှန်ဖို့အတွက်ဆိုရင် ဖျော်ရည်ရော၊ အသီးရော နှစ်မျိုး စလုံးကူညီပေးနိုင်ပါတယ်။ တစ် နေ့ကို ပန်းသီးနှစ်လုံး၊ လတ်လတ် ဆတ်ဆတ် ပန်းသီးဖျော်ရည်တစ် ခွက် နေ့စဉ် သောက်ပေးသင့်ပါ တယ်။

ပန်းသစ်တော် -အရည်လည်းရွှမ်း၊ အမျှင်ဓာတ်လည်း ပြည့်ဝတဲ့ ပန်း သစ်တော်သီးတွေဟာ အူလမ်း ကြောင်းရှင်းစေပြီး ၀မ်းမှန်စေပါ တယ်။ အသီးအတိုင်းသာမက ဖျော်ရည်ကြိုက်ရင်လည်း ပုံမှန် တစ်နေ့တစ်ခွက် သောက်နိုင်ပါ တယ်။

ရုံးပတီသီး - တစ်မူထူးတဲ့ စွမ်း ရည်သတ္တိတွေရှိတဲ့ ရုံးပတီသီးပုံ မှန်စားပေးရင်လည်း အူလမ်း ကြောင်းရှင်း၊ ၀မ်းချုပ်ခြင်းကင်း ပြီး ကျန်းမာစေပါတယ်။

Ref;

ကျန်းမာရေး, ဗဟုသုတ

ဖိုးသူတော်(www.phothutaw.com)

Credit : 7day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18